ပီယာလိုကို ဂျူဗင်တပ်စ်အသင်း နည်းပြရာထူးက ထုတ်ပယ်

ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေဟာ (၁၀)နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် စီးရီးအေချန်ပီယံဆုကို လက်လွတ်ခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့ရာသီမှာ ရလဒ်ဆိုးတွေနဲ့ရုန်းကန်ခဲ့ရတာကြောင့် နည်းပြပီယာလိုကို ရာထူးကထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၉-၂၀ ရာသီကုန်မှာ နည်းပြဆာရီနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် ဂျူဗင်တပ်စ်ယူ-၂၃နည်းပြအဖြစ်ကိုင်တွယ်နေတဲ့ ပီယာလိုကို အသင်းကြီးနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး စီးရီးအေဖလားကို (၁၀)ရာသီဆက်တိုက် ရယူနိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာအောင်မြင်မှုရဖို့ မျှော်လင့်ချက်ထားခဲ့ပေမယ့် ပီယာလိုလက်ထက်မှာ ဂျူဗင်တပ်စ်အသင်းက မျှော်လင့်သလိုဖြစ်မလာခဲ့ပါဘူး။


ဂျူဗင်တပ်စ်အသင်းဟာ ၂၀၂၀-၂၁ ရာသီစီးရီးအေပြိုင်ပွဲမှာ လက်ရှိချန်ပီယံဘွဲ့ကို အဓိကပြိုင်ဘက် အင်တာမီလန်အသင်းဆီ လွှဲပြောင်းပေးခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် နောက်ဆုံးပွဲအထိအသည်းအသန်ကစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ စီရော်နယ်လ်ဒိုက (၂၉)ဂိုးအထိသွင်းယူခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ (၉)ပွဲအထိသရေကျခဲ့ပြီး ဒါဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း သရေပွဲအများဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ သရေပွဲတွေကြောင့် (၁၈)မှတ်အထိဆုံးရှုံးခဲ့ပြီး ရှုံးပွဲ(၆)ပွဲအထိရှိခဲ့တာက စီးရီးအေချန်ပီယံဘွဲ့ကာကွယ်ဖို့ မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့တဲ့အပြင် ချန်ပီယံအင်တာမီလန်အသင်းနဲ့ (၁၃)မှတ်အထိကွာဟခဲ့တာပါ။


ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပေါ်တိုကို နှစ်ကျော့ပေါင်းရလဒ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်ကနေ စောစောစီးစီးထွက်ခဲ့ရပြန်ပါတယ်။

ပီယာလိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းအတွက် ကိုပါအီတာလီယာဖလား၊ အီတလီစူပါဖလားတွေရယူပေးခဲ့ပေမယ့် သူ့လက်ထက်မှာ အသင်းက အားရစရာကောင်းတဲ့ပုံစံမျိုးမရှိခဲ့တဲ့အတွက် ဂျူဗင်တပ်စ်အသင်းက ပီယာလိုကို ရာထူးကထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။

ပီယာလိုနဲ့ပတ်သက်လို့ ဂျူဗင်တပ်စ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ “ကျေးဇူးတင်ပါတယ်၊ အန်ဒရေ။

ဒီစကားက အသင်းနဲ့အတူ မမေ့နိုင်စရာကာလတွေအတူဖြတ်သန်းခဲ့ပြီးတဲ့နောက် ငါတို့အားလုံးအတွက် အရင်ဆုံးပြောသင့်တဲ့စကားပါပဲ။


အသင်းအတွက် နေ့ရက်တိုင်းမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ခွန်အားစိုက်ထုတ်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အနာဂတ်မှာလည်း အောင်မြင်မှုတွေရယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”ဆိုပြီး ဖော်ပြခဲ့ပါတယ်။


လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာဖို့ ဇီဒန်း၊ ဂတ်တူဆို၊ အယ်လီဂရီတို့ရေပန်းစားနေပေမယ့် သူတို့ထဲမှာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံ(၅)ကြိမ်ဆက်အပါအဝင် ပြည်တွင်းအောင်မြင်မှုတွေရယူပေးခဲ့သူ နည်းပြဟောင်း အယ်လီဂရီဟာ အသင်းနည်းပြသစ်ဖြစ်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

zawgyi

ပီယာလိုကို ဂ်ဴဗင္တပ္စ္အသင္း နည္းျပရာထူးက ထုတ္ပယ္

ဂ်ဴဗင္တပ္စ္အသင္းတာဝန္ရွိသူေတြဟာ (၁၀)ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ စီးရီးေအခ်န္ပီယံဆုကို လက္လြတ္ခဲ့ရတဲ့အျပင္ ၿပီးခဲ့တဲ့ရာသီမွာ ရလဒ္ဆိုးေတြနဲ႔႐ုန္းကန္ခဲ့ရတာေၾကာင့္ နည္းျပပီယာလိုကို ရာထူးကထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၁၉-၂၀ ရာသီကုန္မွာ နည္းျပဆာရီနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ ဂ်ဴဗင္တပ္စ္ယူ-၂၃နည္းျပအျဖစ္ကိုင္တြယ္ေနတဲ့ ပီယာလိုကို အသင္းႀကီးနည္းျပအျဖစ္ ခန႔္အပ္ခဲ့ၿပီး စီးရီးေအဖလားကို (၁၀)ရာသီဆက္တိုက္ ရယူႏိုင္ဖို႔နဲ႔ ခ်န္ပီယံလိဂ္မွာေအာင္ျမင္မႈရဖို႔ ေမွ်ာ္လင့္ခ်က္ထားခဲ့ေပမယ့္ ပီယာလိုလက္ထက္မွာ ဂ်ဴဗင္တပ္စ္အသင္းက ေမွ်ာ္လင့္သလိုျဖစ္မလာခဲ့ပါဘူး။

ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၂၀-၂၁ ရာသီစီးရီးေအၿပိဳင္ပြဲမွာ လက္ရွိခ်န္ပီယံဘြဲ႕ကို အဓိကၿပိဳင္ဘက္ အင္တာမီလန္အသင္းဆီ လႊဲေျပာင္းေပးခဲ့ရသလို ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ေနာက္ဆုံးပြဲအထိအသည္းအသန္ကစားခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရာသီ စီးရီးေအၿပိဳင္ပြဲမွာ စီေရာ္နယ္လ္ဒိုက (၂၉)ဂိုးအထိသြင္းယူခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းဟာ (၉)ပြဲအထိသေရက်ခဲ့ၿပီး ဒါဟာ ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း သေရပြဲအမ်ားဆုံးမွတ္တမ္းျဖစ္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ သေရပြဲေတြေၾကာင့္ (၁၈)မွတ္အထိဆုံးရႈံးခဲ့ၿပီး ရႈံးပြဲ(၆)ပြဲအထိရွိခဲ့တာက စီးရီးေအခ်န္ပီယံဘြဲ႕ကာကြယ္ဖို႔ ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ေစခဲ့တဲ့အျပင္ ခ်န္ပီယံအင္တာမီလန္အသင္းနဲ႔ (၁၃)မွတ္အထိကြာဟခဲ့တာပါ။

ဒါ့အျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ေပၚတိုကို ႏွစ္ေက်ာ့ေပါင္းရလဒ္နဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ရႈံးထြက္(၁၆)သင္းအဆင့္ကေန ေစာေစာစီးစီးထြက္ခဲ့ရျပန္ပါတယ္။
ပီယာလိုအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ကိုပါအီတာလီယာဖလား၊ အီတလီစူပါဖလားေတြရယူေပးခဲ့ေပမယ့္ သူ႔လက္ထက္မွာ အသင္းက အားရစရာေကာင္းတဲ့ပုံစံမ်ိဳးမရွိခဲ့တဲ့အတြက္ ဂ်ဴဗင္တပ္စ္အသင္းက ပီယာလိုကို ရာထူးကထုတ္ပယ္ဖို႔ ဆုံးျဖတ္ခဲ့တာပါပဲ။

ပီယာလိုနဲ႔ပတ္သက္လို႔ ဂ်ဴဗင္တပ္စ္အသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး အဲဒီထဲမွာ “ေက်းဇူးတင္ပါတယ္၊ အန္ဒေရ။

ဒီစကားက အသင္းနဲ႔အတူ မေမ့ႏိုင္စရာကာလေတြအတူျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္ ငါတို႔အားလုံးအတြက္ အရင္ဆုံးေျပာသင့္တဲ့စကားပါပဲ။
အသင္းအတြက္ ေန႔ရက္တိုင္းမွာ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ ခြန္အားစိုက္ထုတ္ခဲ့တဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။
အနာဂတ္မွာလည္း ေအာင္ျမင္မႈေတြရယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္”ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္စ္နည္းျပသစ္ျဖစ္လာဖို႔ ဇီဒန္း၊ ဂတ္တူဆို၊ အယ္လီဂရီတို႔ေရပန္းစားေနေပမယ့္ သူတို႔ထဲမွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ စီးရီးေအခ်န္ပီယံ(၅)ႀကိမ္ဆက္အပါအဝင္ ျပည္တြင္းေအာင္ျမင္မႈေတြရယူေပးခဲ့သူ နည္းျပေဟာင္း အယ္လီဂရီဟာ အသင္းနည္းျပသစ္ျဖစ္လာဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။