ပင်နယ်တီ မဖမ်းတတ်တဲ့ ဂိုးသမားကို ယူနိုက်တက်ကနေ ရောင်းထုတ်ပေးပါ

ဒီဂီယာသာ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ယူရိုပါလိဂ်ဖိုင်နယ်ဟာ ယူနိုက်တက် တစ်နှစ်တာ အကောင်းဆုံး ကစားဆု လေးကြိမ်ရကစားသမားအတွက် နောက်ဆုံး ပွဲစဉ်ဖြစ်သွားနိုင်ပါတယ်။


ဒီဂီယာဟာ ဗီလာရီးရဲလ်အသင်းနဲ့ သာမန် ပွဲကစားချိန် အတွင်းမှာ ကောင်းမွန်တဲ့ လက်စွမ်းကို ပြသနိုင်ခြင်း မရှိခဲ့သလို ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ တစ်ဖက်အသင်းရဲ့ ပင်နယ်တီ ကန်သွင်းမှုတွေ အားလုံးကို သွင်းဂိုးတွေ အဖြစ် ခွင့်ပြုပေးခဲ့ရပြီး အသင်းရဲ့ ၁၁လုံးမြောက် ပင်နယ်တီကို ကန်သွင်းရာမှာလည်း လွဲချော် သွားခဲ့ပါတယ်။


ဒါကြောင့်ပဲ အဲဒီပွဲစဉ်ဟာ ဒီဂီယာအနေနဲ့ ယူနိုက်တက်အသင်း အတွက် နောက်ဆုံး ကစားရတဲ့ ပွဲစဉ် ဖြစ်သွားနိုင်ကြောင်း ပရိသတ်အချို့က သုံးသပ်ကြတာပါ။

တချို့ ပရိသတ်တွေကတော့ တကယ် ထွက်သွားစေချင်ကြတာပါ။

ယူနိုက်တက်အနေနဲ့ လာမယ့် အပြောင်းအရွှေ့ ကာလအတွင်းမှာ ဂိုးသမားတွေရဲ့ အပြောင်းအလဲကို ဆုံးဖြတ်ချက်ချသွားဖွယ် ရှိနေပါတယ်။

ဒီဂီယာနဲ့ဟန်ဒါဆန်တို့ရဲ့ ပြိုင်ဆိုင်မှုက အခုဆို ဂျူနီယာ ကောင်လေးအတွက် မဲသာတဲ့ အနေအထား ဖြစ်နေပါပြီ။


ပေါလ်စခိုးလ်ကတော့ ဒီဂီယာဟာ ပင်နယ်တီ ကာကွယ်တဲ့ နေရာမှာ အဆိုးဝါးဆုံး ဂိုးသမား ဖြစ်ကြောင်း ဝေဖန်ထားပါတယ်။


ပေါလ်စခိုးလ်က “ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူတဲ့ အချိန်မှာ ဘယ်လိုအရာမဆို ဖြစ်လာနိုင်တာကို ကျွန်တော်တို့ အားလုံး သိကြပါတယ်။

အဲဒီပင်နယ်တီ အဆုံးအဖြတ်နဲ့ ပတ်သက်ပြီး ပြောရရင် ဒီဂီယာက တာဝန်အရှိဆုံးသူပါ။”


“သူ့ရဲ့ ပင်နယ်တီ မှတ်တမ်းအကြောင်းပဲ ပြောချင်ပါတယ်။
သူက ပင်နယ်တီကို လုံးဝ မဖမ်းနိုင်တဲ့ ဂိုးသမားတစ်ယောက်ပါ” လို့ ဝေဖန်ပြောဆိုထားပါတယ်။

zawgyi

ပင္နယ္တီ မဖမ္းတတ္တဲ့ ဂိုးသမားကို ယူႏိုက္တက္ကေန ေရာင္းထုတ္ေပးပါ
ဒီဂီယာသာ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းကေန ထြက္ခြာခဲ့မယ္ဆိုရင္ ယူ႐ိုပါလိဂ္ဖိုင္နယ္ဟာ ယူႏိုက္တက္ တစ္ႏွစ္တာ အေကာင္းဆုံး ကစားဆု ေလးႀကိမ္ရကစားသမားအတြက္ ေနာက္ဆုံး ပြဲစဥ္ျဖစ္သြားႏိုင္ပါတယ္။

ဒီဂီယာဟာ ဗီလာရီးရဲလ္အသင္းနဲ႔ သာမန္ ပြဲကစားခ်ိန္ အတြင္းမွာ ေကာင္းမြန္တဲ့ လက္စြမ္းကို ျပသႏိုင္ျခင္း မရွိခဲ့သလို ပင္နယ္တီ အဆုံးအျဖတ္ ခံယူရာမွာ တစ္ဖက္အသင္းရဲ႕ ပင္နယ္တီ ကန္သြင္းမႈေတြ အားလုံးကို သြင္းဂိုးေတြ အျဖစ္ ခြင့္ျပဳေပးခဲ့ရၿပီး အသင္းရဲ႕ ၁၁လုံးေျမာက္ ပင္နယ္တီကို ကန္သြင္းရာမွာလည္း လြဲေခ်ာ္ သြားခဲ့ပါတယ္။

ဒါေၾကာင့္ပဲ အဲဒီပြဲစဥ္ဟာ ဒီဂီယာအေနနဲ႔ ယူႏိုက္တက္အသင္း အတြက္ ေနာက္ဆုံး ကစားရတဲ့ ပြဲစဥ္ ျဖစ္သြားႏိုင္ေၾကာင္း ပရိသတ္အခ်ိဳ႕က သုံးသပ္ၾကတာပါ။
တခ်ိဳ႕ ပရိသတ္ေတြကေတာ့ တကယ္ ထြက္သြားေစခ်င္ၾကတာပါ။
ယူႏိုက္တက္အေနနဲ႔ လာမယ့္ အေျပာင္းအေ႐ႊ႕ ကာလအတြင္းမွာ ဂိုးသမားေတြရဲ႕ အေျပာင္းအလဲကို ဆုံးျဖတ္ခ်က္ခ်သြားဖြယ္ ရွိေနပါတယ္။
ဒီဂီယာနဲ႔ဟန္ဒါဆန္တို႔ရဲ႕ ၿပိဳင္ဆိုင္မႈက အခုဆို ဂ်ဴနီယာ ေကာင္ေလးအတြက္ မဲသာတဲ့ အေနအထား ျဖစ္ေနပါၿပီ။

ေပါလ္စခိုးလ္ကေတာ့ ဒီဂီယာဟာ ပင္နယ္တီ ကာကြယ္တဲ့ ေနရာမွာ အဆိုးဝါးဆုံး ဂိုးသမား ျဖစ္ေၾကာင္း ေဝဖန္ထားပါတယ္။
ေပါလ္စခိုးလ္က “ပင္နယ္တီ အဆုံးအျဖတ္ကို ခံယူတဲ့ အခ်ိန္မွာ ဘယ္လိုအရာမဆို ျဖစ္လာႏိုင္တာကို ကြၽန္ေတာ္တို႔ အားလုံး သိၾကပါတယ္။
အဲဒီပင္နယ္တီ အဆုံးအျဖတ္နဲ႔ ပတ္သက္ၿပီး ေျပာရရင္ ဒီဂီယာက တာဝန္အရွိဆုံးသူပါ။”
“သူ႔ရဲ႕ ပင္နယ္တီ မွတ္တမ္းအေၾကာင္းပဲ ေျပာခ်င္ပါတယ္။
သူက ပင္နယ္တီကို လုံးဝ မဖမ္းႏိုင္တဲ့ ဂိုးသမားတစ္ေယာက္ပါ” လို႔ ေဝဖန္ေျပာဆိုထားပါတယ္။