ဗီလာရီးယဲလ်ကို ယူနိုက်တက် ဘာကြောင့်အနိုင်မကစားနိုင်ခဲ့တာလဲ

ဒီနေ့မနက်ပိုင်းက မန်ချက်စတာယူနိုက်တက်နဲ့ ဗီလာရီးယဲလ်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို အိပ်ရေးပျက်ခံပြီးစောင့်ကြည့်ခဲ့တယ်။ ကိုယ်တိုင်က ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ပေမယ့် ဆိုးလ်ရှားကို သိပ်မယုံတာကြောင့် ပွဲမတိုင်ခင်ကတည်းက ဖလားရဖု့ိသိပ်မမျှော်လင့်ခဲ့ပေမယ့် ဗိုလ်လုပွဲအဆင့်ကို မရောက်တာလည်းကြာပြီ၊
နောက် ကံလေးကောင်းပြီးတော့များ ဖလားတစ်လုံးလောက် ရမလားဆိုတဲ့စိတ်နဲ့တော့ မျှော်လင့်ချက်ခပ်ပါးပါးလေးထားခဲ့တယ်။

နောက်တစ်ခုကလည်း လာလီဂါကလပ်တွေ ခြေမာတာနဲ့ ယူရိုပါလိဂ်ဖလားဆိုရင် မျက်စိမှိတ်ပြီးတော့ တစ်လုံးပြီးတစ်လုံးယူနေတဲ့ နည်းပြအမ်မရီကြောင့် ယူနိုက်တက်ကို အနိုင်ရလောက်တဲ့အထိ သိပ်မမျှော်လင့်ခဲ့တာလည်းပါတယ်။
ဒါပေမဲ့ ပွဲကိုကြည့်နေရင်းကနေ စိတ်ထဲမှာ ဗီလာရီးယဲလ်က ဒီလောက်အထိ အဆိပ်ရှိတဲ့အသင်းမျိုးမဟုတ်ဘဲ၊ အမြင်သာဆုံးနှိုင်းယှဉ်ပြရရင် အဲဗာတန်လောက်ပဲ အဆင့်ရှိတယ်လို့တောင် တွေးမိလာတယ်။


ခံစစ်မှာထိုင်ကစား၊ Counter တွေနဲ့ ပြန်ဖောက်တာတွေက အခုနောက်ပိုင်း ပရီးမီးယားလိဂ်အလယ်အလတ်အသင်းတွေ အများဆုံးကစားကြတာပဲ။

ဒါပေမဲ့ ကွာခြားသွားတာက ဗီလာရီးယဲလ်ဟာ ခံစစ်ကို နည်းဗျူဟာမြောက်ကစားနိုင်တာရယ်၊
ယူရိုပါလိဂ်နဲ့ကံစပ်တဲ့ အမ်မရီရှိနေတာရယ်ကြောင့်သာ ဖလားရသွားတာပဲဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့သလို လာလီဂါကလပ်တွေဟာ ခြေမာတယ်၊ ဗီလာရီးယဲလ်အသင်းမှာလည်း ဘက်ကာ၊ အယ်လ်ကာဆာတို့လို အဆင့်တစ်ခုရှိတဲ့ကစားသမားတွေရှိနေတာကြောင့် အထင်ကြီးမိခဲ့ပေမယ့် ခြေစွမ်းပိုင်းနဲ့ တစ်ဦးချင်းပိုင်းတွေက ဒီလောက် အကောင်းကြီးမဟုတ်ခဲ့ဘူး။
စိတ်ထဲမှာ မခံချိမခံသာဖြစ်ရတာက ဒီလိုအသင်းမျိုးကို ယူနိုက်တက် အနိုင်မကစားနိုင်ခဲ့တာကိုပဲ။


မနှစ်က ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်တို့ ဆီဗီလာကို ရှုံးတယ်၊ ဆီဗီလာရဲ့ ကစားအားအရလည်း ယူနိုက်တက်ရှုံးသင့်တယ်။

အခု ဗီလာရီးယဲလ်အသင်းက ဆီဗီလာလောက်တောင်ခြေစွမ်းမရှိဘဲ ရှုံးခဲ့တာကတော့ ယူနိုက်တက်အသင်းကိုရော နည်းပြဆိုးလ်ရှားကိုပါ သိပ်အစာမကြေစရာပဲ။
ဗီလာရီးယဲလ်က ခံစစ်ကို ပိတ်ဆော့ပြီး Counter နဲ့ ပြန်တိုက်တယ်ဆိုပေမယ့် သူတို့ Counter တွေက အရမ်းကြီးထိရောက်တဲ့အနေအထားမှာ မရှိခဲ့ဘူး။


တစ်ခုပဲ ဗီလာရီးယဲလ်ရဲ့ Set Piece တွေက ယူနိုက်တက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ယူနိုက်တက်ခံစစ်ကလည်း Set Piece တွေဆိုရင် ကာကွယ်နိုင်မှုက အရမ်းကောင်းတော့ ဂိုးတွေလွယ်လွယ်ကူကူပေးနေရတာကို ဒီရာသီမှာ ခဏခဏမြင်ခဲ့ရတယ်။

ပွဲကြည့်နေရင်းနဲ့ ဗီလာရီးယဲလ်ဟာ Open Play ကနေ ဂိုးရဖို့မရှိဘူးဆိုတာမြင်လာတယ်၊
ဒါပေမဲ့ ယူနိုက်တက်ကစားသမားတွေ ရူးကြောင်ကြောင်နဲ့ ကိုယ့်ဂိုးဧရိယာနားမှာ ပြစ်ဒဏ်မလုပ်ဖို့ပဲ ထိုင်ဆုတောင်းနေရတယ်။


ဗီလာရီးယဲလ်ရတဲ့ ဂိုးကလည်း ပါရေဟိုကို ကာဗာနီ မလိုအပ်ဘဲပြစ်ဒဏ်လုပ်ခဲ့တာကနေ စခဲ့တာဖြစ်ပြီး Dead Ball Specialist ပါရေဟိုရဲ့ ဖြတ်တင်ဘောကို မော်ရီနိုက ပိတ်သွင်းခဲ့တာပါပဲ။

ယူနိုက်တက်ခံစစ်မှာ မက်ဂွိုင်းယားပဲဖြစ်ဖြစ်၊ လင်ဒီလော့ဖ်နဲ့ ဘာယီပဲဖြစ်ဖြစ် Set Piece တွေကို ကာကွယ်နိုင်မှုက အရမ်းညံ့လွန်းပြီး ဘောကြောမနပ်တာနဲ့ ဘယ်သူ့ကို Marking လုပ်ရမလဲဆိုတာ တွက်ချက်မှုအားနည်းလွန်းတယ်။
တစ်ချိန်က ဖာဒီနန်+ဗီဒစ်အတွဲကိုတောင် ပြန်သတိရမိပါသေးတယ်။
အခု ပေးလိုက်ရတဲ့ဂိုးကလည်း လင်ဒီလော့ဖ်နဲ့ ဘာယီကြားကနေ မော်ရီနို ဖြတ်ပေးပိတ်သွင်းခဲ့တာဖြစ်ပြီး လင်ဒီလော့ဖ် ဖိဖိစီးစီး Marking မလုပ်ထားလို့ပေးလိုက်ရတယ်လို့ပဲမြင်မိတယ်။

ဗီလာရီးယဲလ်နဲ့ပွဲမှာ ယူနိုက်တက် ဘာလို့ရှုံးခဲ့တာလဲလို့ မေးလာခဲ့ရင် ကိုယ်တိုင်အမြင်ကတော့ ပွဲကိုအပြောင်းအလဲလုပ်နိုင်စွမ်းရှိတဲ့ အရန်ကစားသမားစုဖွဲ့မှုမရှိတာနဲ့ ဆိုးလ်ရှားဟာ ဖလားရနိုင်လောက်တဲ့အထိ ကံမပါတဲ့နည်းပြဖြစ်နေတာကြောင့်လို့ပဲ ပြောချင်တယ်။
ပွဲကို အပြောင်းအလဲလုပ်နိုင်စွမ်းမရှိတဲ့ အရန်ကစားသမားတွေ မရှိဘူးလို့ပြောရတာက (၁)ဂိုးစီသရေကျနေတဲ့အချိန်မှာ ဗီလာရီးယဲလ်က လုံးဝခံစစ်သက်သက်ဖြစ်နေပြီ၊
အဲဒီအချိန်မှာ ယူနိုက်တက် သေချာပေါက်တိုက်စစ်မြှင့်ရတော့မယ်။ Counter မိလို့ ဂိုးပေးလိုက်ရရင်တော့လည်း မတတ်နိုင်ဘူးပေ့ါ။
ဒါပေမဲ့ ဗီလာရီးယဲလ်က ခံစစ်သာကောင်းတာ၊ Open Playနဲ့ Counter Attacking တွေက ဒီလောက်အထိကောင်းနေတာမဟုတ်လို့ ယူနိုက်တက်တိုက်စစ်မှာအပြောင်းအလဲလုပ်နိုင်ရင် ဂိုးရဖို့ရာနှုန်းများတယ်။


အဲဒီအချိန်မှာ အရန်ခုံမှာရှိနေတာက မာတာ၊ ဗန်ဒီဘိခ်၊ ဖရက်ဒ်၊ ဒီယာလို၊ ဒန်နီယဲလ်ဂျိမ်းစ်။
ဒီကစားသမားတွေထဲမှာ ပွဲအလှည့်အပြောင်းကို ဖန်တီးနိုင်စွမ်းရှိတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ပဲ ပြတ်ပြတ်သားသားပြောချင်ပါတယ်။
ဒီကစားသမားတွေရဲ့စွမ်းဆောင်ရည်က သာမန်အတိုင်းပဲဆိုတာ လိစ်ဒ်၊ လက်စတာပွဲတွေမှာသာမက တခြားပွဲတွေမှာလည်း မြင်တွေ့ခဲ့ရပြီးဖြစ်လို့ပါပဲ။

ကိုယ်တိုင်လည်း ဆိုးလ်ရှားနေရာမှာဆိုရင် လူစားလဲဖို့ တွေဝေကောင်းတွေဝေမိမှာအမှန်ပဲ။


ဒါပေမဲ့ တစ်ခုရှိတာကတော့ ယူနိုက်တက်ကစားသမားတွေ ကုန်နေတဲ့အချိန်မှာ မဖြစ်မနေလူစားလဲမှုတွေ မလုပ်ခဲ့တာကတော့ ဆိုးလ်ရှားကို ဝေဖန်ချင်စရာကောင်းတယ်။
ပေ့ါဘာ ကုန်နေပြီ၊ ရပ်ရှ်ဖို့ဒ် မလှုပ်နိုင်တော့ဘူး၊ ဘရူနိုကလည်း မိနစ်(၁၂၀)လုံး ဘာမှကိုမလုပ်နိုင်၊ တွမ်မီနေးလည်း ရှေ့တက်လိုက်၊ နောက်ဆင်းလိုက်နဲ့ သေလုမတတ်ကစားနေရလို့ သူလည်း ပြိုင်းနေပြီ။

အဲဒါကို မြင်မြင်ကြီးနဲ့ မိနစ်(၁၂၀)နီးပါး ဒီ(၁၁)ယောက်နဲ့ကစားသွားတာကတော့ မဖြစ်သင့်ဘူး။
လူစားလဲတော့လည်း ဘာမှလုပ်လို့မရတော့တဲ့အချိန်ကြီး။
ဆိုးလ်ရှားကိုယ်တိုင်ကလည်း အချိန်ပိုမှာ ဂိုးရဖို့ထက် ပယ်နယ်တီကန်ဖို့ကိုပဲ အာရုံစိုက်သွားတာသိသာတယ်။

နောက်တစ်ချက်ဖြစ်တဲ့ ဆိုးလ်ရှားဟာ ဖလားတွေရဖို့ ကံမပါလာဘူးဆိုတာကတော့ အရမ်းရှင်းပါတယ်။
ဆိုးလ်ရှားရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်က ဒီလို ဗိုလ်လုပွဲတွေရောက်တာ၊ ဆီမီးဖိုင်နယ်ရောက်တာတွေပဲဖြစ်ပြီး အဲဒီထက်ပိုမျှော်လင့်လို့မရဘူး။
တချို့နည်းပြတွေဟာ ဖလားရဖို့ဖြစ်တည်လာသလို၊ တချို့နည်းပြတွေကတော့ ဆုဖလားတွေကို စိန်ခေါ်နိုင်ရုံသက်သက်သာဖြစ်တည်လာတာလို့ တစ်ချိန်က ကိုယ့်ရဲ့စီနီယာတစ်ယောက်ပြောခဲ့ဖူးတာကို အမှတ်ရမိပါတယ်။


ဆိုးလ်ရှားဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်ရုံ၊ အမှတ်ပေးဇယားမှာ အဆင့်(၂)လောက်ရယူနိုင်တဲ့အဆင့်ပဲရှိတယ်၊ ဖလားရလောက်တဲ့အထိ အရည်အသွေးမရှိဘူး။
ဥပမာ အမ်မရီကိုပဲကြည့်။
ဆီဗီလာနဲ့ယူရိုပါလိဂ်ဖလားရတာကို ထည့်မတွက်ရင်တောင် အာဆင်နယ်လို အဖက်ဖက်က ယိုယွင်းနေတဲ့အသင်းမျိုးကို ယူရိုပါလိဂ်ဗိုလ်လုပွဲပို့ပေးတယ်၊
အခု ဗီလာရီးယဲလ်လိုမျိုး သာမန်အလယ်အလတ်အသင်းကို ချန်ပီယံဖြစ်အောင်လုပ်ပြနိုင်ခဲ့တယ်။


တကယ်လို့ ယူနိုက်တက်အသင်း ဖလားအောင်မြင်မှုတွေရယူချင်တယ်ဆိုရင်တော့ နည်းပြနေရာ အပြောင်းအလဲလုပ်သင့်နေပြီလို့ထင်တယ်။

အရင်က ထိပ်တန်းအဆင့်နည်းပြတွေ ဈေးကွက်ထဲမှာ သိပ်မရှိပေမယ့် အခုအချိန်မှာတော့ ဇီဒန်း၊ ကွန်တီတို့လို နည်းပြတွေဟာ သူတို့ကလပ်တွေနဲ့ လမ်းခွဲခဲ့ပြီးဖြစ်တာကြောင့် အခုအချိန်ဟာ ယူနိုက်တက်အသင်း နည်းပြအပြောင်းအလဲလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။
တစ်ချိန်တုန်းက ဇီဒန်းကို ကြိုးပမ်းခဲ့ပေမယ့် ဆိုးလ်ရှားအပေါ် ယုံကြည်မှုပိုခဲ့လို့ လက်လျှော့ခဲ့တာမျိုး အခုအချိန်မှာ ထပ်လုပ်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲလို့ပဲပြောရတော့မှာပါပဲ .

zawgyi

ဗီလာရီးယဲလ္ကို ယူႏိုက္တက္ ဘာေၾကာင့္အႏိုင္မကစားႏိုင္ခဲ့တာလဲ

ဒီေန႔မနက္ပိုင္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဗီလာရီးယဲလ္တို႔ရဲ႕ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို အိပ္ေရးပ်က္ခံၿပီးေစာင့္ၾကည့္ခဲ့တယ္။ ကိုယ္တိုင္က ယူႏိုက္တက္ပရိသတ္တစ္ဦးျဖစ္ေပမယ့္ ဆိုးလ္ရွားကို သိပ္မယုံတာေၾကာင့္ ပြဲမတိုင္ခင္ကတည္းက ဖလားရဖု႔ိသိပ္မေမွ်ာ္လင့္ခဲ့ေပမယ့္ ဗိုလ္လုပြဲအဆင့္ကို မေရာက္တာလည္းၾကာၿပီ၊
ေနာက္ ကံေလးေကာင္းၿပီးေတာ့မ်ား ဖလားတစ္လုံးေလာက္ ရမလားဆိုတဲ့စိတ္နဲ႔ေတာ့ ေမွ်ာ္လင့္ခ်က္ခပ္ပါးပါးေလးထားခဲ့တယ္။
ေနာက္တစ္ခုကလည္း လာလီဂါကလပ္ေတြ ေျခမာတာနဲ႔ ယူ႐ိုပါလိဂ္ဖလားဆိုရင္ မ်က္စိမွိတ္ၿပီးေတာ့ တစ္လုံးၿပီးတစ္လုံးယူေနတဲ့ နည္းျပအမ္မရီေၾကာင့္ ယူႏိုက္တက္ကို အႏိုင္ရေလာက္တဲ့အထိ သိပ္မေမွ်ာ္လင့္ခဲ့တာလည္းပါတယ္။

ဒါေပမဲ့ ပြဲကိုၾကည့္ေနရင္းကေန စိတ္ထဲမွာ ဗီလာရီးယဲလ္က ဒီေလာက္အထိ အဆိပ္ရွိတဲ့အသင္းမ်ိဳးမဟုတ္ဘဲ၊ အျမင္သာဆုံးႏႈိင္းယွဥ္ျပရရင္ အဲဗာတန္ေလာက္ပဲ အဆင့္ရွိတယ္လို႔ေတာင္ ေတြးမိလာတယ္။
ခံစစ္မွာထိုင္ကစား၊ Counter ေတြနဲ႔ ျပန္ေဖာက္တာေတြက အခုေနာက္ပိုင္း ပရီးမီးယားလိဂ္အလယ္အလတ္အသင္းေတြ အမ်ားဆုံးကစားၾကတာပဲ။
ဒါေပမဲ့ ကြာျခားသြားတာက ဗီလာရီးယဲလ္ဟာ ခံစစ္ကို နည္းဗ်ဴဟာေျမာက္ကစားႏိုင္တာရယ္၊
ယူ႐ိုပါလိဂ္နဲ႔ကံစပ္တဲ့ အမ္မရီရွိေနတာရယ္ေၾကာင့္သာ ဖလားရသြားတာပဲျဖစ္ပါတယ္။

အေပၚမွာ ေျပာခဲ့သလို လာလီဂါကလပ္ေတြဟာ ေျခမာတယ္၊ ဗီလာရီးယဲလ္အသင္းမွာလည္း ဘက္ကာ၊ အယ္လ္ကာဆာတို႔လို အဆင့္တစ္ခုရွိတဲ့ကစားသမားေတြရွိေနတာေၾကာင့္ အထင္ႀကီးမိခဲ့ေပမယ့္ ေျခစြမ္းပိုင္းနဲ႔ တစ္ဦးခ်င္းပိုင္းေတြက ဒီေလာက္ အေကာင္းႀကီးမဟုတ္ခဲ့ဘူး။
စိတ္ထဲမွာ မခံခ်ိမခံသာျဖစ္ရတာက ဒီလိုအသင္းမ်ိဳးကို ယူႏိုက္တက္ အႏိုင္မကစားႏိုင္ခဲ့တာကိုပဲ။
မႏွစ္က ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္မွာ ယူႏိုက္တက္တို႔ ဆီဗီလာကို ရႈံးတယ္၊ ဆီဗီလာရဲ႕ ကစားအားအရလည္း ယူႏိုက္တက္ရႈံးသင့္တယ္။
အခု ဗီလာရီးယဲလ္အသင္းက ဆီဗီလာေလာက္ေတာင္ေျခစြမ္းမရွိဘဲ ရႈံးခဲ့တာကေတာ့ ယူႏိုက္တက္အသင္းကိုေရာ နည္းျပဆိုးလ္ရွားကိုပါ သိပ္အစာမေၾကစရာပဲ။
ဗီလာရီးယဲလ္က ခံစစ္ကို ပိတ္ေဆာ့ၿပီး Counter နဲ႔ ျပန္တိုက္တယ္ဆိုေပမယ့္ သူတို႔ Counter ေတြက အရမ္းႀကီးထိေရာက္တဲ့အေနအထားမွာ မရွိခဲ့ဘူး။

တစ္ခုပဲ ဗီလာရီးယဲလ္ရဲ႕ Set Piece ေတြက ယူႏိုက္တက္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ယူႏိုက္တက္ခံစစ္ကလည္း Set Piece ေတြဆိုရင္ ကာကြယ္ႏိုင္မႈက အရမ္းေကာင္းေတာ့ ဂိုးေတြလြယ္လြယ္ကူကူေပးေနရတာကို ဒီရာသီမွာ ခဏခဏျမင္ခဲ့ရတယ္။
ပြဲၾကည့္ေနရင္းနဲ႔ ဗီလာရီးယဲလ္ဟာ Open Play ကေန ဂိုးရဖို႔မရွိဘူးဆိုတာျမင္လာတယ္၊
ဒါေပမဲ့ ယူႏိုက္တက္ကစားသမားေတြ ႐ူးေၾကာင္ေၾကာင္နဲ႔ ကိုယ့္ဂိုးဧရိယာနားမွာ ျပစ္ဒဏ္မလုပ္ဖို႔ပဲ ထိုင္ဆုေတာင္းေနရတယ္။
ဗီလာရီးယဲလ္ရတဲ့ ဂိုးကလည္း ပါေရဟိုကို ကာဗာနီ မလိုအပ္ဘဲျပစ္ဒဏ္လုပ္ခဲ့တာကေန စခဲ့တာျဖစ္ၿပီး Dead Ball Specialist ပါေရဟိုရဲ႕ ျဖတ္တင္ေဘာကို ေမာ္ရီႏိုက ပိတ္သြင္းခဲ့တာပါပဲ။
ယူႏိုက္တက္ခံစစ္မွာ မက္ဂြိဳင္းယားပဲျဖစ္ျဖစ္၊ လင္ဒီေလာ့ဖ္နဲ႔ ဘာယီပဲျဖစ္ျဖစ္ Set Piece ေတြကို ကာကြယ္ႏိုင္မႈက အရမ္းညံ့လြန္းၿပီး ေဘာေၾကာမနပ္တာနဲ႔ ဘယ္သူ႔ကို Marking လုပ္ရမလဲဆိုတာ တြက္ခ်က္မႈအားနည္းလြန္းတယ္။

တစ္ခ်ိန္က ဖာဒီနန္+ဗီဒစ္အတြဲကိုေတာင္ ျပန္သတိရမိပါေသးတယ္။
အခု ေပးလိုက္ရတဲ့ဂိုးကလည္း လင္ဒီေလာ့ဖ္နဲ႔ ဘာယီၾကားကေန ေမာ္ရီႏို ျဖတ္ေပးပိတ္သြင္းခဲ့တာျဖစ္ၿပီး လင္ဒီေလာ့ဖ္ ဖိဖိစီးစီး Marking မလုပ္ထားလို႔ေပးလိုက္ရတယ္လို႔ပဲျမင္မိတယ္။

ဗီလာရီးယဲလ္နဲ႔ပြဲမွာ ယူႏိုက္တက္ ဘာလို႔ရႈံးခဲ့တာလဲလို႔ ေမးလာခဲ့ရင္ ကိုယ္တိုင္အျမင္ကေတာ့ ပြဲကိုအေျပာင္းအလဲလုပ္ႏိုင္စြမ္းရွိတဲ့ အရန္ကစားသမားစုဖြဲ႕မႈမရွိတာနဲ႔ ဆိုးလ္ရွားဟာ ဖလားရႏိုင္ေလာက္တဲ့အထိ ကံမပါတဲ့နည္းျပျဖစ္ေနတာေၾကာင့္လို႔ပဲ ေျပာခ်င္တယ္။
ပြဲကို အေျပာင္းအလဲလုပ္ႏိုင္စြမ္းမရွိတဲ့ အရန္ကစားသမားေတြ မရွိဘူးလို႔ေျပာရတာက (၁)ဂိုးစီသေရက်ေနတဲ့အခ်ိန္မွာ ဗီလာရီးယဲလ္က လုံးဝခံစစ္သက္သက္ျဖစ္ေနၿပီ၊

အဲဒီအခ်ိန္မွာ ယူႏိုက္တက္ ေသခ်ာေပါက္တိုက္စစ္ျမႇင့္ရေတာ့မယ္။ Counter မိလို႔ ဂိုးေပးလိုက္ရရင္ေတာ့လည္း မတတ္ႏိုင္ဘူးေပ့ါ။
ဒါေပမဲ့ ဗီလာရီးယဲလ္က ခံစစ္သာေကာင္းတာ၊ Open Playနဲ႔ Counter Attacking ေတြက ဒီေလာက္အထိေကာင္းေနတာမဟုတ္လို႔ ယူႏိုက္တက္တိုက္စစ္မွာအေျပာင္းအလဲလုပ္ႏိုင္ရင္ ဂိုးရဖို႔ရာႏႈန္းမ်ားတယ္။
အဲဒီအခ်ိန္မွာ အရန္ခုံမွာရွိေနတာက မာတာ၊ ဗန္ဒီဘိခ္၊ ဖရက္ဒ္၊ ဒီယာလို၊ ဒန္နီယဲလ္ဂ်ိမ္းစ္။
ဒီကစားသမားေတြထဲမွာ ပြဲအလွည့္အေျပာင္းကို ဖန္တီးႏိုင္စြမ္းရွိတဲ့သူ တစ္ေယာက္မွ မရွိဘူးလို႔ပဲ ျပတ္ျပတ္သားသားေျပာခ်င္ပါတယ္။
ဒီကစားသမားေတြရဲ႕စြမ္းေဆာင္ရည္က သာမန္အတိုင္းပဲဆိုတာ လိစ္ဒ္၊ လက္စတာပြဲေတြမွာသာမက တျခားပြဲေတြမွာလည္း ျမင္ေတြ႕ခဲ့ရၿပီးျဖစ္လို႔ပါပဲ။

ကိုယ္တိုင္လည္း ဆိုးလ္ရွားေနရာမွာဆိုရင္ လူစားလဲဖို႔ ေတြေဝေကာင္းေတြေဝမိမွာအမွန္ပဲ။
ဒါေပမဲ့ တစ္ခုရွိတာကေတာ့ ယူႏိုက္တက္ကစားသမားေတြ ကုန္ေနတဲ့အခ်ိန္မွာ မျဖစ္မေနလူစားလဲမႈေတြ မလုပ္ခဲ့တာကေတာ့ ဆိုးလ္ရွားကို ေဝဖန္ခ်င္စရာေကာင္းတယ္။
ေပ့ါဘာ ကုန္ေနၿပီ၊ ရပ္ရွ္ဖို႔ဒ္ မလႈပ္ႏိုင္ေတာ့ဘူး၊ ဘ႐ူႏိုကလည္း မိနစ္(၁၂၀)လုံး ဘာမွကိုမလုပ္ႏိုင္၊ တြမ္မီေနးလည္း ေရွ႕တက္လိုက္၊ ေနာက္ဆင္းလိုက္နဲ႔ ေသလုမတတ္ကစားေနရလို႔ သူလည္း ၿပိဳင္းေနၿပီ။
အဲဒါကို ျမင္ျမင္ႀကီးနဲ႔ မိနစ္(၁၂၀)နီးပါး ဒီ(၁၁)ေယာက္နဲ႔ကစားသြားတာကေတာ့ မျဖစ္သင့္ဘူး။
လူစားလဲေတာ့လည္း ဘာမွလုပ္လို႔မရေတာ့တဲ့အခ်ိန္ႀကီး။

ဆိုးလ္ရွားကိုယ္တိုင္ကလည္း အခ်ိန္ပိုမွာ ဂိုးရဖို႔ထက္ ပယ္နယ္တီကန္ဖို႔ကိုပဲ အာ႐ုံစိုက္သြားတာသိသာတယ္။

ေနာက္တစ္ခ်က္ျဖစ္တဲ့ ဆိုးလ္ရွားဟာ ဖလားေတြရဖို႔ ကံမပါလာဘူးဆိုတာကေတာ့ အရမ္းရွင္းပါတယ္။
ဆိုးလ္ရွားရဲ႕အျမင့္ဆုံးစြမ္းေဆာင္ရည္က ဒီလို ဗိုလ္လုပြဲေတြေရာက္တာ၊ ဆီမီးဖိုင္နယ္ေရာက္တာေတြပဲျဖစ္ၿပီး အဲဒီထက္ပိုေမွ်ာ္လင့္လို႔မရဘူး။
တခ်ိဳ႕နည္းျပေတြဟာ ဖလားရဖို႔ျဖစ္တည္လာသလို၊ တခ်ိဳ႕နည္းျပေတြကေတာ့ ဆုဖလားေတြကို စိန္ေခၚႏိုင္႐ုံသက္သက္သာျဖစ္တည္လာတာလို႔ တစ္ခ်ိန္က ကိုယ့္ရဲ႕စီနီယာတစ္ေယာက္ေျပာခဲ့ဖူးတာကို အမွတ္ရမိပါတယ္။

ဆိုးလ္ရွားဟာ ဆုဖလားေတြကို စိန္ေခၚႏိုင္႐ုံ၊ အမွတ္ေပးဇယားမွာ အဆင့္(၂)ေလာက္ရယူႏိုင္တဲ့အဆင့္ပဲရွိတယ္၊ ဖလားရေလာက္တဲ့အထိ အရည္အေသြးမရွိဘူး။
ဥပမာ အမ္မရီကိုပဲၾကည့္။
ဆီဗီလာနဲ႔ယူ႐ိုပါလိဂ္ဖလားရတာကို ထည့္မတြက္ရင္ေတာင္ အာဆင္နယ္လို အဖက္ဖက္က ယိုယြင္းေနတဲ့အသင္းမ်ိဳးကို ယူ႐ိုပါလိဂ္ဗိုလ္လုပြဲပို႔ေပးတယ္၊
အခု ဗီလာရီးယဲလ္လိုမ်ိဳး သာမန္အလယ္အလတ္အသင္းကို ခ်န္ပီယံျဖစ္ေအာင္လုပ္ျပႏိုင္ခဲ့တယ္။
တကယ္လို႔ ယူႏိုက္တက္အသင္း ဖလားေအာင္ျမင္မႈေတြရယူခ်င္တယ္ဆိုရင္ေတာ့ နည္းျပေနရာ အေျပာင္းအလဲလုပ္သင့္ေနၿပီလို႔ထင္တယ္။

အရင္က ထိပ္တန္းအဆင့္နည္းျပေတြ ေဈးကြက္ထဲမွာ သိပ္မရွိေပမယ့္ အခုအခ်ိန္မွာေတာ့ ဇီဒန္း၊ ကြန္တီတို႔လို နည္းျပေတြဟာ သူတို႔ကလပ္ေတြနဲ႔ လမ္းခြဲခဲ့ၿပီးျဖစ္တာေၾကာင့္ အခုအခ်ိန္ဟာ ယူႏိုက္တက္အသင္း နည္းျပအေျပာင္းအလဲလုပ္ဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။
တစ္ခ်ိန္တုန္းက ဇီဒန္းကို ႀကိဳးပမ္းခဲ့ေပမယ့္ ဆိုးလ္ရွားအေပၚ ယုံၾကည္မႈပိုခဲ့လို႔ လက္ေလွ်ာ့ခဲ့တာမ်ိဳး အခုအခ်ိန္မွာ ထပ္လုပ္ရင္ေတာ့ ကိုယ့္ထိုက္နဲ႔ကိုယ့္ကံပဲလို႔ပဲေျပာရေတာ့မွာပါပဲ .