ယူရိုပါလိဂ်ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့တဲ့ ဗီလာရီးယဲလ်

မန်ချက်စတာယူနိုက်တက်နဲ့ ဗီလာရီးယဲလ်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကတော့ မိနစ် ၁၂၀ မှာအဖြေမပေါ်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ဗီလာရီးယဲလ်အသင်းက ၁၁ဂိုး-၁၀ဂိုးနဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆိုးလ်ရှားလက်ထက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲအဆင့်တက်ခဲ့တဲ့ ယူနိုက်တက်အသင်းကတော့ ကံဆိုးစွာနဲ့ပဲ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတယ်။

ဆိုးလ်ရှားဟာ အခုပွဲမှာ သူ့ရဲ့အကောင်းဆုံး လူစာရင်းနဲ့ပွဲထွက်ခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ဒဏ်ရာကနေအချိန်မီ မသက်သာလာတဲ့အတွက် အခုပွဲမှာမပါနိုင်ခဲ့ပါဘူး။
ယူနိုက်တက်အသင်းမှာ ရပ်ရှ်ဖို့ဒ်က ဘယ်ခြမ်း၊ ကာဗာနီကအထောင်တိုက်စစ်မှူးနေရာ၊ ဂရင်းဝုဒ်က ပုံမှန်အတိုင်း ညာခြမ်းထွက်ကစားခဲ့ပြီး ပေါ့ဘာကတော့ တွမ်မီနေးနဲ့ Double Pivot အဖြစ်ကစားခဲ့တယ်။

အူနိုင်းအမ်မရီဟာ ယူနိုက်တက်အသင်းကို အပြန်အလှန်ကစားဖို့ထက် ယူနိုက်တက် အားသန်တဲ့ Counter မမိအောင်လို့ ခံစစ်ကိုပဲ အဓိကအာရုံစိုက်ကစားခဲ့ပြီး ဗီလာရီးယဲလ်ခံစစ်က နည်းဗျူဟာတကျ ကစားနိုင်ခဲ့လို့ ယူနိုက်တက် ဘောလုံးပိုင်ဆိုင်မှုအသာရပေမယ့် အခွင့်အရေးတွေတော့ မရခဲ့ဘူး။
ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပွဲကြီးတွေမှာ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ရမှာဖြစ်ပြီး အခုပွဲမှာ ဘာမှမယ်မယ်ရရလုပ်ပြနိုင်တာမျိုး မရှိခဲ့သလို ပေါ့ဘာကလည်း သာမန်လောက်ပဲကစားနိုင်ခဲ့တယ်။


ချီးကျူးရမှာက တွမ်မီနေးဖြစ်ပြီး ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့နှစ်ယောက် အလုပ်မဖြစ်ချိန်မှာ တိုက်စစ်နဲ့ခံစစ်ကို မနားတမ်း အတက်အဆင်းလုပ် ကစားခဲ့တယ်။

ဗီလာရီးယဲလ်အသင်းရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်၊ ခြေစွမ်းပိုင်းက ဒီလောက်အကောင်းကြီးမဟုတ်ပေမယ့် ခံစစ်ကို စနစ်တကျကစားနိုင်တာ၊ Set Piece တွေကို တားဆီးတဲ့နေရာမှာ အားနည်းတဲ့ ယူနိုက်တက်အသင်းရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခဲ့တာတွေကတော့ အသိအမှတ်ပြုရမယ့် အရည်အချင်းတွေပါပဲ။

ဗီလာရီးယဲလ်ရခဲ့တဲ့အဖွင့်ဂိုးကလည်း ၂၉ မိနစ်မှာ ပြစ်ဒဏ်ဘောကနေ ပါယေဟို တင်ပေးလိုက်တာကို ဒီရာသီမှာအသင်းအတွက်ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးမော်ရီနိုက ပိတ်သွင်းခဲ့တာပါ။

ဒီဂိုးဟာ လင်ဒီလော့ဖ်ရဲ့ အားနည်းချက်ကြောင့် ပေးလိုက်ရတာလို့ပြောရမှာဖြစ်သလို လင်ဒီလော့ဖ်ဟာ Space ကြားကပြေးဝင်လာတဲ့ မော်ရီနိုကို Cover လုပ်ထားရမယ့်အစား ဘောလုံးကိုပဲ အာရုံစိုက်နေလို့ မော်ရီနိုအတွက် အခွင့်အရေးရသွားတာဖြစ်ပြီး ဒီဂီယာအနေနဲ့လည်း အခုထက်ပိုကောင်းတဲ့ကာကွယ်မှုမျိုး ပြုလုပ်နိုင်သင့်တယ်လို့မြင်မိတယ်။

အဲဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်အသင်းက ဗီလာရီးယဲလ်ကွင်းတစ်ခြမ်းလုံးကို အပိုင်သိမ်းထားနိုင်တဲ့အထိ လွှမ်းမိုးထားနိုင်ခဲ့သလို လင်ဒီလော့ဖ်နဲ့ ဘာယီတို့က ကွင်းလယ်အထိ တက်ကစားခဲ့တဲ့အထိ ယူနိုက်တက်အသင်း ဖိကစားနိုင်ခဲ့တယ်။

ဒါပေမဲ့ ဗီလာရီးယဲလ်ကွင်းလယ်က ကာပိုးဟာ ဘရူနိုနဲ့ ယူနိုက်တက်တိုက်စစ်ကစားသမားတွေကြားမှာ ချိတ်ဆက်မှုမလုပ်နိုင်အောင် ထိန်းချုပ်ကစားနိုင်ခဲ့တဲ့အပြင် ခံစစ်က ဝါရင့်ကစားသမားအယ်လ်ဘီယိုနဲ့ ပေါတောရက်စ်တို့ကလည်း အမှားမရှိလို့ ယူနိုက်တက် ဖိသာဖိနေတယ်၊ ဂိုးသွင့်ခွင့်တွေတော့မရခဲ့ဘူး။

ယူနိုက်တက်ကံကောင်းခဲ့တာက ၅၅ မိနစ်မှာ ထောင့်ကန်ဘောက ကျလာတဲ့ဘောလုံး ရပ်ရှ်ဖို့ဒ် ကန်သွင်းခဲ့တာကနေ လူထိထွက်လာတာကို ပယ်နယ်တီဧရိယာထဲအသင့်ရှိနေတဲ့ ကာဗာနီက ပိတ်သွင်းခဲ့လို့ ချေပဂိုးပြန်ရခဲ့တယ်။

အူနိုင်းအမ်မရီဟာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်တွေကို ဆက်ထိန်းချုပ်နိုင်အောင် ကစားအားကျလာတဲ့ Full Back ကစားသမားတွေကို ဒုတိယပိုင်းမှာလူစားလဲခဲ့တာက မှန်ကန်ခဲ့တယ်လို့ပြောရမယ်။


မိနစ် ၉၀အတွင်း တစ်ဂိုးစီသရေကျနေလို့ အချိန်ပို ဆက်ကစားခဲ့ချိန်မှာ ယူနိုက်တက်ကစားသမားတွေ ကစားအားကုန်နေပြီဖြစ်လို့ ခံစစ်ကို ဦးစားပေးခဲ့တာကြောင့် ဗီလာရီးယဲလ် ပြမ်အသာရခဲ့ပေမယ့် အနိုင်ဂိုးတော့ မသွင်းနိုင်ခဲ့ဘူး။
အချိန်ပိုမှာလည်း သရေဆက်ကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရပြီး ဗီလာရီးယဲလ်အသင်းက ဂိုးသမားရူလီအပါအဝင် ၁၁ ဂိုးစလုံးဝင်ခဲ့ပေမယ့် ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့ကန်ချက်ကို ရူလီ ကာကွယ်နိုင်ခဲ့တာကြောင့် ဗီလာရီးယဲလ်အသင်းက ၂၀၂၀-၂၁ ယူရိုပါလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်နဲ့ ကံစပ်တဲ့နည်းပြလို့သတ်မှတ်ရမှာဖြစ်ပြီး အခုဆိုရင် သူ့နည်းပြဘဝတစ်လျှောက် ၄ ကြိမ်မြောက် ချန်ပီယံဆုဖလားကို ကိုင်မြှောက်ခွင့်ရရှိခဲ့ပါပြီ။

zawgyi

ယူ႐ိုပါလိဂ္ဖလားကို ပထမဆုံးအႀကိမ္ဆြတ္ခူးခဲ့တဲ့ ဗီလာရီးယဲလ္

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဗီလာရီးယဲလ္တို႔ရဲ႕ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကေတာ့ မိနစ္ ၁၂၀ မွာအေျဖမေပၚခဲ့လို႔ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရၿပီး ဗီလာရီးယဲလ္အသင္းက ၁၁ဂိုး-၁၀ဂိုးနဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ယူ႐ိုပါလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားလက္ထက္ ပထမဆုံးအႀကိမ္ ဗိုလ္လုပြဲအဆင့္တက္ခဲ့တဲ့ ယူႏိုက္တက္အသင္းကေတာ့ ကံဆိုးစြာနဲ႔ပဲ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတယ္။
ဆိုးလ္ရွားဟာ အခုပြဲမွာ သူ႔ရဲ႕အေကာင္းဆုံး လူစာရင္းနဲ႔ပြဲထြက္ခဲ့ၿပီး အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ ဒဏ္ရာကေနအခ်ိန္မီ မသက္သာလာတဲ့အတြက္ အခုပြဲမွာမပါႏိုင္ခဲ့ပါဘူး။
ယူႏိုက္တက္အသင္းမွာ ရပ္ရွ္ဖို႔ဒ္က ဘယ္ျခမ္း၊ ကာဗာနီကအေထာင္တိုက္စစ္မႉးေနရာ၊ ဂရင္းဝုဒ္က ပုံမွန္အတိုင္း ညာျခမ္းထြက္ကစားခဲ့ၿပီး ေပါ့ဘာကေတာ့ တြမ္မီေနးနဲ႔ Double Pivot အျဖစ္ကစားခဲ့တယ္။

အူႏိုင္းအမ္မရီဟာ ယူႏိုက္တက္အသင္းကို အျပန္အလွန္ကစားဖို႔ထက္ ယူႏိုက္တက္ အားသန္တဲ့ Counter မမိေအာင္လို႔ ခံစစ္ကိုပဲ အဓိကအာ႐ုံစိုက္ကစားခဲ့ၿပီး ဗီလာရီးယဲလ္ခံစစ္က နည္းဗ်ဴဟာတက် ကစားႏိုင္ခဲ့လို႔ ယူႏိုက္တက္ ေဘာလုံးပိုင္ဆိုင္မႈအသာရေပမယ့္ အခြင့္အေရးေတြေတာ့ မရခဲ့ဘူး။

ယူႏိုက္တက္အသင္းရဲ႕ အဓိက ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ပြဲႀကီးေတြမွာ စြမ္းေဆာင္ရည္ကို ေမးခြန္းထုတ္ရမွာျဖစ္ၿပီး အခုပြဲမွာ ဘာမွမယ္မယ္ရရလုပ္ျပႏိုင္တာမ်ိဳး မရွိခဲ့သလို ေပါ့ဘာကလည္း သာမန္ေလာက္ပဲကစားႏိုင္ခဲ့တယ္။
ခ်ီးက်ဴးရမွာက တြမ္မီေနးျဖစ္ၿပီး ေပါ့ဘာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ႏွစ္ေယာက္ အလုပ္မျဖစ္ခ်ိန္မွာ တိုက္စစ္နဲ႔ခံစစ္ကို မနားတမ္း အတက္အဆင္းလုပ္ ကစားခဲ့တယ္။
ဗီလာရီးယဲလ္အသင္းရဲ႕ တစ္ဦးခ်င္းစြမ္းေဆာင္ရည္၊ ေျခစြမ္းပိုင္းက ဒီေလာက္အေကာင္းႀကီးမဟုတ္ေပမယ့္ ခံစစ္ကို စနစ္တက်ကစားႏိုင္တာ၊ Set Piece ေတြကို တားဆီးတဲ့ေနရာမွာ အားနည္းတဲ့ ယူႏိုက္တက္အသင္းရဲ႕ အားနည္းခ်က္ကို အခြင့္ေကာင္းယူႏိုင္ခဲ့တာေတြကေတာ့ အသိအမွတ္ျပဳရမယ့္ အရည္အခ်င္းေတြပါပဲ။

ဗီလာရီးယဲလ္ရခဲ့တဲ့အဖြင့္ဂိုးကလည္း ၂၉ မိနစ္မွာ ျပစ္ဒဏ္ေဘာကေန ပါေယဟို တင္ေပးလိုက္တာကို ဒီရာသီမွာအသင္းအတြက္ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉးေမာ္ရီႏိုက ပိတ္သြင္းခဲ့တာပါ။

ဒီဂိုးဟာ လင္ဒီေလာ့ဖ္ရဲ႕ အားနည္းခ်က္ေၾကာင့္ ေပးလိုက္ရတာလို႔ေျပာရမွာျဖစ္သလို လင္ဒီေလာ့ဖ္ဟာ Space ၾကားကေျပးဝင္လာတဲ့ ေမာ္ရီႏိုကို Cover လုပ္ထားရမယ့္အစား ေဘာလုံးကိုပဲ အာ႐ုံစိုက္ေနလို႔ ေမာ္ရီႏိုအတြက္ အခြင့္အေရးရသြားတာျဖစ္ၿပီး ဒီဂီယာအေနနဲ႔လည္း အခုထက္ပိုေကာင္းတဲ့ကာကြယ္မႈမ်ိဳး ျပဳလုပ္ႏိုင္သင့္တယ္လို႔ျမင္မိတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္အသင္းက ဗီလာရီးယဲလ္ကြင္းတစ္ျခမ္းလုံးကို အပိုင္သိမ္းထားႏိုင္တဲ့အထိ လႊမ္းမိုးထားႏိုင္ခဲ့သလို လင္ဒီေလာ့ဖ္နဲ႔ ဘာယီတို႔က ကြင္းလယ္အထိ တက္ကစားခဲ့တဲ့အထိ ယူႏိုက္တက္အသင္း ဖိကစားႏိုင္ခဲ့တယ္။
ဒါေပမဲ့ ဗီလာရီးယဲလ္ကြင္းလယ္က ကာပိုးဟာ ဘ႐ူႏိုနဲ႔ ယူႏိုက္တက္တိုက္စစ္ကစားသမားေတြၾကားမွာ ခ်ိတ္ဆက္မႈမလုပ္ႏိုင္ေအာင္ ထိန္းခ်ဳပ္ကစားႏိုင္ခဲ့တဲ့အျပင္ ခံစစ္က ဝါရင့္ကစားသမားအယ္လ္ဘီယိုနဲ႔ ေပါေတာရက္စ္တို႔ကလည္း အမွားမရွိလို႔ ယူႏိုက္တက္ ဖိသာဖိေနတယ္၊ ဂိုးသြင့္ခြင့္ေတြေတာ့မရခဲ့ဘူး။

ယူႏိုက္တက္ကံေကာင္းခဲ့တာက ၅၅ မိနစ္မွာ ေထာင့္ကန္ေဘာက က်လာတဲ့ေဘာလုံး ရပ္ရွ္ဖို႔ဒ္ ကန္သြင္းခဲ့တာကေန လူထိထြက္လာတာကို ပယ္နယ္တီဧရိယာထဲအသင့္ရွိေနတဲ့ ကာဗာနီက ပိတ္သြင္းခဲ့လို႔ ေခ်ပဂိုးျပန္ရခဲ့တယ္။
အူႏိုင္းအမ္မရီဟာ ယူႏိုက္တက္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ေတြကို ဆက္ထိန္းခ်ဳပ္ႏိုင္ေအာင္ ကစားအားက်လာတဲ့ Full Back ကစားသမားေတြကို ဒုတိယပိုင္းမွာလူစားလဲခဲ့တာက မွန္ကန္ခဲ့တယ္လို႔ေျပာရမယ္။
မိနစ္ ၉၀အတြင္း တစ္ဂိုးစီသေရက်ေနလို႔ အခ်ိန္ပို ဆက္ကစားခဲ့ခ်ိန္မွာ ယူႏိုက္တက္ကစားသမားေတြ ကစားအားကုန္ေနၿပီျဖစ္လို႔ ခံစစ္ကို ဦးစားေပးခဲ့တာေၾကာင့္ ဗီလာရီးယဲလ္ ျပမ္အသာရခဲ့ေပမယ့္ အႏိုင္ဂိုးေတာ့ မသြင္းႏိုင္ခဲ့ဘူး။
အခ်ိန္ပိုမွာလည္း သေရဆက္က်ေနလို႔ ပယ္နယ္တီအဆုံးအျဖတ္ခံခဲ့ရၿပီး ဗီလာရီးယဲလ္အသင္းက ဂိုးသမား႐ူလီအပါအဝင္ ၁၁ ဂိုးစလုံးဝင္ခဲ့ေပမယ့္ ယူႏိုက္တက္ဂိုးသမား ဒီဂီယာရဲ႕ကန္ခ်က္ကို ႐ူလီ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဗီလာရီးယဲလ္အသင္းက ၂၀၂၀-၂၁ ယူ႐ိုပါလိဂ္ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

အူႏိုင္းအမ္မရီဟာ ယူ႐ိုပါလိဂ္နဲ႔ ကံစပ္တဲ့နည္းျပလို႔သတ္မွတ္ရမွာျဖစ္ၿပီး အခုဆိုရင္ သူ႔နည္းျပဘဝတစ္ေလွ်ာက္ ၄ ႀကိမ္ေျမာက္ ခ်န္ပီယံဆုဖလားကို ကိုင္ေျမႇာက္ခြင့္ရရွိခဲ့ပါၿပီ။