မက်ဆီ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူလိုက်ပြီလား…

ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားမက်ဆီဟာ အသင်းနဲ့(၂)နှစ်သက်တမ်းရှိစာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်နေပါတယ်။
ဘာစီလိုနာအသင်းဥက္ကဌလာပေါ်တာဟာ မက်ဆီနဲ့ ၂၀၂၃ ခုနှစ်အထိစာချုပ်သက်တမ်းတိုးနိုင်ဖို့အတွက် မက်ဆီရဲ့ဖခင်(အေးဂျင့်လည်းဖြစ်သူ)ဟော်ဟဲမက်ဆီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ အသင်းဘဏ္ဍာရေးကိစ္စတွေကို စာရင်းလုပ်နေတာကြောင့် မက်ဆီကို ပေးချမယ့် လစာငွေ၊ ဆုကြေးအပါအဝင် ငွေကြေးပိုင်းဆိုင်ရာကိစ္စတွေမှာ အပြီးမသတ်နိုင်သေးဘဲ ကြန့်ကြာနေတယ်လို့ စပိန်သတင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ El Confidencial က ဖော်ပြခဲ့ပါတယ်။


မက်ဆီရဲ့စာချုပ်က အခုလာမယ့်ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ မန်စီးတီး၊ PSG အသင်းတို့က ပစ်မှတ်ထားနေတာပါ။


မက်ဆီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘာစီလိုနာကနေထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့သလို အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့မသေချာဖြစ်နေတာကြောင့် အခုရာသီကုန်မှာ ဘာစီလိုနာကနေ ထွက်ခွာဖို့နီးစပ်နေပြီလို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဘာစီလိုနာအသင်းဥက္ကဌလာပေါ်တာဟာ မက်ဆီကို ထိန်းသိမ်းနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပြီး အခုအချိန်မှာတော့ (၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းထွက်နေတာလည်းဖြစ်ပါတယ်။


ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းနဲ့လမ်းခွဲခဲ့တဲ့ အာဂျင်တီးနားဝါရင့်တိုက်စစ်မှူးအဂွဲရိုးကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး အဂွဲရိုးအပြောင်းအရွှေ့နဲ့ မက်ဆီရဲ့စာချုပ်သစ်ကိစ္စကို မကြာခင် တစ်ပြိုင်နက်တရားဝင်ထုတ်ပြန်သွားဖို့ရှိနေပါပြီ။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ၂၀၀၄-၀၅ ရာသီကတည်းက ပွဲထွက်ခွင့်ရခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဘုရင့်ဖလားစတဲ့ အဓိကဆုဖလားတွေအများကြီးရယူနိုင်ခဲ့သလို တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ မက်ဆီဟာ လာမယ့်ဇွန်လ(၃)ရက်၊ (၈)ရက်နေ့တွေမှာ ချီလီ၊ ကိုလံဘီယာတို့နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အာဂျင်တီးနားအသင်းနဲ့ပူးပေါင်းခဲ့ပြီး


အဲဒီပွဲတွေအပြီးမှာတော့ ဇွန်လ(၁၃)ရက်ကနေ ဇူလိုင်(၁၀)ရက်အထိကျင်းပသွားမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

zawgyi

မက္ဆီ ဘာစီလိုနာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူလိုက္ၿပီလား…

ဘာစီလိုနာအသင္းရဲ႕ အဓိက တိုက္စစ္ကစားသမားမက္ဆီဟာ အသင္းနဲ႔(၂)ႏွစ္သက္တမ္းရွိစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သတင္းေတြထြက္ေနပါတယ္။

ဘာစီလိုနာအသင္းဥကၠဌလာေပၚတာဟာ မက္ဆီနဲ႔ ၂၀၂၃ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔အတြက္ မက္ဆီရဲ႕ဖခင္(ေအးဂ်င့္လည္းျဖစ္သူ)ေဟာ္ဟဲမက္ဆီနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဘာစီလိုနာအသင္းဟာ အသင္းဘ႑ာေရးကိစၥေတြကို စာရင္းလုပ္ေနတာေၾကာင့္ မက္ဆီကို ေပးခ်မယ့္ လစာေငြ၊ ဆုေၾကးအပါအဝင္ ေငြေၾကးပိုင္းဆိုင္ရာကိစၥေတြမွာ အၿပီးမသတ္ႏိုင္ေသးဘဲ ၾကန႔္ၾကာေနတယ္လို႔ စပိန္သတင္းဝက္ဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ El Confidencial က ေဖာ္ျပခဲ့ပါတယ္။

မက္ဆီရဲ႕စာခ်ဳပ္က အခုလာမယ့္ဇြန္လမွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး သူ႔ကို ေခၚယူဖို႔ မန္စီးတီး၊ PSG အသင္းတို႔က ပစ္မွတ္ထားေနတာပါ။
မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ဘာစီလိုနာကေနထြက္ခြာခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့သလို အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔မေသခ်ာျဖစ္ေနတာေၾကာင့္ အခုရာသီကုန္မွာ ဘာစီလိုနာကေန ထြက္ခြာဖို႔နီးစပ္ေနၿပီလို႔ မီဒီယာေတြက ခန႔္မွန္းခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း ဘာစီလိုနာအသင္းဥကၠဌလာေပၚတာဟာ မက္ဆီကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားေနၿပီး အခုအခ်ိန္မွာေတာ့ (၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သတင္းထြက္ေနတာလည္းျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ မန္စီးတီးအသင္းနဲ႔လမ္းခြဲခဲ့တဲ့ အာဂ်င္တီးနားဝါရင့္တိုက္စစ္မႉးအဂြဲ႐ိုးကို ေခၚယူဖို႔သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး အဂြဲ႐ိုးအေျပာင္းအေ႐ႊ႕နဲ႔ မက္ဆီရဲ႕စာခ်ဳပ္သစ္ကိစၥကို မၾကာခင္ တစ္ၿပိဳင္နက္တရားဝင္ထုတ္ျပန္သြားဖို႔ရွိေနပါၿပီ။
အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ ၂၀၀၄-၀၅ ရာသီကတည္းက ပြဲထြက္ခြင့္ရခဲ့ၿပီး ကစားသမားဘဝတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္၊ လာလီဂါ၊ စပိန္ဘုရင့္ဖလားစတဲ့ အဓိကဆုဖလားေတြအမ်ားႀကီးရယူႏိုင္ခဲ့သလို တစ္ဦးခ်င္းစံခ်ိန္မွတ္တမ္းေကာင္းေတြလည္း ပိုင္ဆိုင္ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ မက္ဆီဟာ လာမယ့္ဇြန္လ(၃)ရက္၊ (၈)ရက္ေန႔ေတြမွာ ခ်ီလီ၊ ကိုလံဘီယာတို႔နဲ႔ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ အာဂ်င္တီးနားအသင္းနဲ႔ပူးေပါင္းခဲ့ၿပီး

အဲဒီပြဲေတြအၿပီးမွာေတာ့ ဇြန္လ(၁၃)ရက္ကေန ဇူလိုင္(၁၀)ရက္အထိက်င္းပသြားမယ့္ ကိုပါအေမရိကၿပိဳင္ပြဲမွာ လက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။