ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ကွန်တေနဲ့ မန်ဒီ လေ့ကျင့်ခန်းပြန်ဆင်း

ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ကွန်တေနဲ့ ဂိုးသမားမန်ဒီတို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ဖလားရဖို့ ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီးအသင်းအတွက် အားတက်စရာဖြစ်ခဲ့ရပါတယ်။


ဒီကစားသမားနှစ်ဦးဟာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရလို့ အခုလာမယ့်စနေနေ့မှာကစားမယ့် မန်စီးတီးနဲ့ပွဲမှာ မပါဝင်နိုင်မှာကို ချယ်လ်ဆီးပရိသတ်တွေ စိုးရိမ်နေကြပေမယ့် အခုအချိန်မှာတော့ စိတ်အေးစရာဖြစ်ခဲ့ရပါပြီ။

ကွင်းလယ်လူကွန်တေဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အဖြစ် လက်စတာနဲ့ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ပထမပိုင်းမှာပဲလူစားလဲခံခဲ့ရသလို ရာသီပိတ်ပွဲဖြစ်တဲ့ ဗီလာနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။


ဂိုးသမားမန်ဒီကတော့ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ နံရိုးမှာထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ပထမပိုင်းအပြီး ကီပါနဲ့ လူစားလဲခံခဲ့ရပါတယ်။


မန်ဒီဟာ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိခဲ့တဲ့အချိန်ကတည်း အသင်းရဲ့ပွဲထွက်ဂိုးသမားအဖြစ် လက်စွမ်းပြကစားနေပြီး နည်းပြတူချယ်လ်က မန်ဒီအနေနဲ့ မန်စီးတီးနဲ့ချန်ပီယံလိဂ်ပွဲမှာ ပွဲထွက်ကစားနိုင်မယ့်အခြေအနေရှိတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

တူချယ်လ်က “မန်ဒီဟာ ကြံ့ခိုင်မှုပြည့်ဝနေရင် မန်စီးတီးနဲ့ကစားမယ့်ပွဲမှာ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။

သူ့ရဲ့အနေအထားကို ဗိုလ်လုပွဲကစားမယ့်ရက်မတိုင်ခင်အထိ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။

ကံဆိုးစွာနဲ့ ဗိုလ်လုပွဲကို မန်ဒီ လွဲချော်ခဲ့မယ်ဆိုရင်လည်း ကျွန်တော်တို့စိတ်ချယုံကြည်ရတဲ့ ဂိုးသမားကီပါ အရန်ခုံမှာရှိနေပြီး မန်ဒီရဲ့နေရာမှာအစားထိုး အသုံးပြုသွားမှာဖြစ်ပါတယ်။
အဲဒါကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်ရဖို့ မန်ဒီနဲ့ကီပါတို့အပြိုင်ကြိုးစားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။


ဒ့ါအပြင် တူချယ်လ်ဟာ ကွင်းလယ်လူ ကွန်တေအနေနဲ့လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။

တူချယ်လ်က “မန်စီးတီးနဲ့ပွဲအတွက် နည်းဗျူဟာအပြောင်းအလဲလုပ်ဖို့ရှိပေမယ့် ကွန်တေရဲ့နေရာမှာ ဘယ်သူ့ကိုပွဲထုတ်မလဲဆိုတာ ကျွန်တော်မတွေးထားပါဘူး။


ကွန်တေဟာ ဗုဒ္ဓဟူးနေ့တုန်းက အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေပြီး လာမယ့်စနေနေ့ပွဲကျရင်လည်း သူ့ကို ပွဲထွက်အသုံးပြုသွားမှာဖြစ်ပါတယ်။
ကွန်တေရဲ့အနေအထားနဲ့ပတ်သက်ပြီး ဇဝေဇဝါထပ်ဖြစ်မှာစိုးလို့ အသင်းက ဆရာဝန်တွေ၊ ကြံ့ခိုင်ရေးမှူးတွေနဲ့တောင် ကျွန်တော် တွေ့ဆုံစကားပြောဖို့မရှိပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး မန်စီးတီးနဲ့ လာမယ့်စနေနေ့(မြန်မာစံတော်ချိန် တနင်္ဂနွေမနက် ၁:၃၀)မှာ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

zawgyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ ကြန္ေတနဲ႔ မန္ဒီ ေလ့က်င့္ခန္းျပန္ဆင္း

ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိက ကစားသမားႏွစ္ဦးျဖစ္တဲ့ ကြန္ေတနဲ႔ ဂိုးသမားမန္ဒီတို႔ဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္ဖလားရဖို႔ ပစ္မွတ္ထားေနတဲ့ ခ်ယ္လ္ဆီးအသင္းအတြက္ အားတက္စရာျဖစ္ခဲ့ရပါတယ္။

ဒီကစားသမားႏွစ္ဦးဟာ ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ခဲ့ရလို႔ အခုလာမယ့္စေနေန႔မွာကစားမယ့္ မန္စီးတီးနဲ႔ပြဲမွာ မပါဝင္ႏိုင္မွာကို ခ်ယ္လ္ဆီးပရိသတ္ေတြ စိုးရိမ္ေနၾကေပမယ့္ အခုအခ်ိန္မွာေတာ့ စိတ္ေအးစရာျဖစ္ခဲ့ရပါၿပီ။
ကြင္းလယ္လူကြန္ေတဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၃၇)အျဖစ္ လက္စတာနဲ႔ကစားခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ၿပီး ပထမပိုင္းမွာပဲလူစားလဲခံခဲ့ရသလို ရာသီပိတ္ပြဲျဖစ္တဲ့ ဗီလာနဲ႔ပြဲမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။
ဂိုးသမားမန္ဒီကေတာ့ ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲမွာ နံ႐ိုးမွာထိခိုက္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ပထမပိုင္းအၿပီး ကီပါနဲ႔ လူစားလဲခံခဲ့ရပါတယ္။

မန္ဒီဟာ ခ်ယ္လ္ဆီးအသင္းကို စတင္ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္း အသင္းရဲ႕ပြဲထြက္ဂိုးသမားအျဖစ္ လက္စြမ္းျပကစားေနၿပီး နည္းျပတူခ်ယ္လ္က မန္ဒီအေနနဲ႔ မန္စီးတီးနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ပြဲထြက္ကစားႏိုင္မယ့္အေျခအေနရွိတယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

တူခ်ယ္လ္က “မန္ဒီဟာ ႀကံ့ခိုင္မႈျပည့္ဝေနရင္ မန္စီးတီးနဲ႔ကစားမယ့္ပြဲမွာ ပါဝင္ကစားႏိုင္မွာျဖစ္ပါတယ္။
သူ႔ရဲ႕အေနအထားကို ဗိုလ္လုပြဲကစားမယ့္ရက္မတိုင္ခင္အထိ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္သြားမွာပါ။
ကံဆိုးစြာနဲ႔ ဗိုလ္လုပြဲကို မန္ဒီ လြဲေခ်ာ္ခဲ့မယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔စိတ္ခ်ယုံၾကည္ရတဲ့ ဂိုးသမားကီပါ အရန္ခုံမွာရွိေနၿပီး မန္ဒီရဲ႕ေနရာမွာအစားထိုး အသုံးျပဳသြားမွာျဖစ္ပါတယ္။
အဲဒါေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပြဲထြက္ခြင့္ရဖို႔ မန္ဒီနဲ႔ကီပါတို႔အၿပိဳင္ႀကိဳးစားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒ့ါအျပင္ တူခ်ယ္လ္ဟာ ကြင္းလယ္လူ ကြန္ေတအေနနဲ႔လည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအမီ ႀကံ့ခိုင္မႈျပည့္ဝလာမယ္လို႔ အခိုင္အမာယုံၾကည္ေနပါတယ္။
တူခ်ယ္လ္က “မန္စီးတီးနဲ႔ပြဲအတြက္ နည္းဗ်ဴဟာအေျပာင္းအလဲလုပ္ဖို႔ရွိေပမယ့္ ကြန္ေတရဲ႕ေနရာမွာ ဘယ္သူ႔ကိုပြဲထုတ္မလဲဆိုတာ ကြၽန္ေတာ္မေတြးထားပါဘူး။
ကြန္ေတဟာ ဗုဒၶဟူးေန႔တုန္းက အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းေနၿပီး လာမယ့္စေနေန႔ပြဲက်ရင္လည္း သူ႔ကို ပြဲထြက္အသုံးျပဳသြားမွာျဖစ္ပါတယ္။
ကြန္ေတရဲ႕အေနအထားနဲ႔ပတ္သက္ၿပီး ဇေဝဇဝါထပ္ျဖစ္မွာစိုးလို႔ အသင္းက ဆရာဝန္ေတြ၊ ႀကံ့ခိုင္ေရးမႉးေတြနဲ႔ေတာင္ ကြၽန္ေတာ္ ေတြ႕ဆုံစကားေျပာဖို႔မရွိပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ခဲ့ၿပီး မန္စီးတီးနဲ႔ လာမယ့္စေနေန႔(ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြမနက္ ၁:၃၀)မွာ ဗိုလ္လုပြဲအျဖစ္ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။