အင်တာမီလန်နည်းပြရာထူးကနေ နုတ်ထွက်တော့မှာလား ကွန်တီ

အင်တာမီလန်အသင်းကို ၂၀၂၀-၂၁ ရာသီ စီးရီးအေချန်ပီယံဖြစ်အောင်စွမ်းဆောင်ခဲ့သူ နည်းပြကွန်တီဟာ အခုနွေရာသီကာလအတွင်း ကစားသမားခေါ်ယူဖို့ ဘဏ္ဍာငွေအကန့်အသတ်နဲ့သာ သုံးစွဲခွင့်ပြုခဲ့တဲ့အသင်းပိုင်ရှင်တွေအပေါ် မကျေမနပ်ဒေါသထွက်နေပြီး လာမယ့်(၄၈)နာရီအတွင်း နည်းပြရာထူးကနေ နုတ်ထွက်ဖို့ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။


၂၀၁၉ ခုနှစ်တုန်းက အင်တာမီလန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူကွန်တီ နှစ်ရာသီအတွင်းမှာပဲ အသင်းအတွက်အောင်မြင်မှုတွေရယူပေးနိုင်ခဲ့တဲ့အပြင် စီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်စ်အသင်း လွှမ်းမိုးနေမှုကို အဆုံးသတ်ခဲ့ပြီး ၂၀၀၉-၁၀ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပါတယ်။


ကွန်တီဟာ လာမယ့်၂၀၂၁-၂၂ ရာသီမှာ ဒီထက်ပိုပြီးအောင်မြင်မှုတွေရဖို့ ကစားသမားသစ်တွေခေါ်ယူအားဖြည့်လိုနေပေမယ့် အသင်းပိုင်ရှင်တွေက ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကြောင့် ငွေကြေးအများကြီးသုံးစွဲခွင့်မပြုခဲ့လို့ ကွန်တီဟာ ဒေါသထွက်နေပြီး နည်းပြရာထူးကနေ မထင်မှတ်ဘဲနုတ်ထွက်ဖို့ရှိနေတာပါ။

အင်တာမီလန်အသင်းဥက္ကဌစတီဗင်ကျန်းဟာ ဘဏ္ဍာရေးအခက်အခဲတွေ ပြေလည်ဖို့အတွက် အသင်းက လစာငွေမြင့်မားတဲ့နာမည်ကျော်ကစားသမားတွေကို ရောင်းချရမယ့်အခြေအနေရှိတယ်ဆိုပြီး အသိပေးခဲ့တာကြောင့် ကွန်တီက မကျေမနပ်ဖြစ်နေတယ်လို့ အီတလီနာမည်ကျော်အားကစားသတင်းစာ La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။


အင်တာမီလန်အသင်းဟာ ကစားသမားတွေအတွက် ပေးချေနေရတဲ့လစာငွေပမာဏကို (၂၀%)အထိလျှော့ချနိုင်ဖို့လိုအပ်နေသလို ဘဏ္ဍာရေးအခြေအနေတည်ငြိမ်စေဖို့အတွက် ကစားသမားတွေရောင်းချပြီး ပေါင်(၈၆.၅)သန်းအထိရမှဖြစ်မှာပါ။


ကွန်တီကတော့ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်တွေ ခေါ်ယူဖို့ဆန္ဒရှိနေတာကြောင့် အသင်းဥက္ကဌရဲ့စီမံကိန်းအပေါ် စိတ်ပျက်နေပြီး လာမယ့်ရက်ပိုင်းအတွင်း စတီဗင်ကျန်းနဲ့ ထပ်မံဆုံတွေ့သွားဖို့ရှိနေပါတယ်။

ကွန်တီအနေနဲ့ အသင်းနဲ့သူ့ရဲ့စာချုပ်ဖျက်သိမ်းဖို့အတွက် စီစဉ်သွားမယ့်အနေအထားရှိပြီး တကယ်လို့ စာချုပ်ဖျက်သိမ်းခဲ့မယ်ဆိုရင်တော့ အင်တာမီလန်အသင်းဟာ ပေါင်(၅.၂)သန်းလျော်ကြေးပေးရမှာဖြစ်ပါတယ်။

အခုအချိန်မှာ အင်တာမီလန်နဲ့ကွန်တီတို့လမ်းခွဲဖို့ရှိနေတာကြောင့် သူတို့အခြေအနေကို နည်းပြသaစ်ရှာဖွေနေတဲ့ စပါးအသင်းဥက္ကဌလီဗိုင်က စောင့်ကြည့်နေပါပြီ။


စပါးအသင်းဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက မော်ရင်ဟိုနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း နည်းပြသစ်ခန့်အပ်ဖို့ကြိုးစားနေပြီး ယာယီနည်းပြရိုင်ယန်မေဆင်ကို ရာသီကုန်အထိသာ ခန့်အပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက PSG နည်းပြပိုချက်တီနိုဟာ စပါးအသင်းဆီပြန်လာဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လီဗိုင်ကတော့ ကွန်တီနဲ့အင်တာမီလန်လမ်းခွဲဖြစ်ခဲ့ရင် ကွန်တီကိုသာ နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ ကြိုးပမ်းသွားမယ့်အနေအထားပါပဲ။

zawgyi

အင္တာမီလန္နည္းျပရာထူးကေန ႏုတ္ထြက္ေတာ့မွာလား ကြန္တီ

အင္တာမီလန္အသင္းကို ၂၀၂၀-၂၁ ရာသီ စီးရီးေအခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ခဲ့သူ နည္းျပကြန္တီဟာ အခုေႏြရာသီကာလအတြင္း ကစားသမားေခၚယူဖို႔ ဘ႑ာေငြအကန႔္အသတ္နဲ႔သာ သုံးစြဲခြင့္ျပဳခဲ့တဲ့အသင္းပိုင္ရွင္ေတြအေပၚ မေက်မနပ္ေဒါသထြက္ေနၿပီး လာမယ့္(၄၈)နာရီအတြင္း နည္းျပရာထူးကေန ႏုတ္ထြက္ဖို႔ရွိေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။
၂၀၁၉ ခုႏွစ္တုန္းက အင္တာမီလန္အသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရသူကြန္တီ ႏွစ္ရာသီအတြင္းမွာပဲ အသင္းအတြက္ေအာင္ျမင္မႈေတြရယူေပးႏိုင္ခဲ့တဲ့အျပင္ စီးရီးေအၿပိဳင္ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္း လႊမ္းမိုးေနမႈကို အဆုံးသတ္ခဲ့ၿပီး ၂၀၀၉-၁၀ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဆုကို ရယူေပးႏိုင္ခဲ့ပါတယ္။

ကြန္တီဟာ လာမယ့္၂၀၂၁-၂၂ ရာသီမွာ ဒီထက္ပိုၿပီးေအာင္ျမင္မႈေတြရဖို႔ ကစားသမားသစ္ေတြေခၚယူအားျဖည့္လိုေနေပမယ့္ အသင္းပိုင္ရွင္ေတြက ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ ေငြေၾကးအမ်ားႀကီးသုံးစြဲခြင့္မျပဳခဲ့လို႔ ကြန္တီဟာ ေဒါသထြက္ေနၿပီး နည္းျပရာထူးကေန မထင္မွတ္ဘဲႏုတ္ထြက္ဖို႔ရွိေနတာပါ။

အင္တာမီလန္အသင္းဥကၠဌစတီဗင္က်န္းဟာ ဘ႑ာေရးအခက္အခဲေတြ ေျပလည္ဖို႔အတြက္ အသင္းက လစာေငြျမင့္မားတဲ့နာမည္ေက်ာ္ကစားသမားေတြကို ေရာင္းခ်ရမယ့္အေျခအေနရွိတယ္ဆိုၿပီး အသိေပးခဲ့တာေၾကာင့္ ကြန္တီက မေက်မနပ္ျဖစ္ေနတယ္လို႔ အီတလီနာမည္ေက်ာ္အားကစားသတင္းစာ La Gazzetta dello Sport က ေဖာ္ျပခဲ့ပါတယ္။
အင္တာမီလန္အသင္းဟာ ကစားသမားေတြအတြက္ ေပးေခ်ေနရတဲ့လစာေငြပမာဏကို (၂၀%)အထိေလွ်ာ့ခ်ႏိုင္ဖို႔လိုအပ္ေနသလို ဘ႑ာေရးအေျခအေနတည္ၿငိမ္ေစဖို႔အတြက္ ကစားသမားေတြေရာင္းခ်ၿပီး ေပါင္(၈၆.၅)သန္းအထိရမွျဖစ္မွာပါ။
ကြန္တီကေတာ့ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ကစားသမားသစ္ေတြ ေခၚယူဖို႔ဆႏၵရွိေနတာေၾကာင့္ အသင္းဥကၠဌရဲ႕စီမံကိန္းအေပၚ စိတ္ပ်က္ေနၿပီး လာမယ့္ရက္ပိုင္းအတြင္း စတီဗင္က်န္းနဲ႔ ထပ္မံဆုံေတြ႕သြားဖို႔ရွိေနပါတယ္။

ကြန္တီအေနနဲ႔ အသင္းနဲ႔သူ႔ရဲ႕စာခ်ဳပ္ဖ်က္သိမ္းဖို႔အတြက္ စီစဥ္သြားမယ့္အေနအထားရွိၿပီး တကယ္လို႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့မယ္ဆိုရင္ေတာ့ အင္တာမီလန္အသင္းဟာ ေပါင္(၅.၂)သန္းေလ်ာ္ေၾကးေပးရမွာျဖစ္ပါတယ္။

အခုအခ်ိန္မွာ အင္တာမီလန္နဲ႔ကြန္တီတို႔လမ္းခြဲဖို႔ရွိေနတာေၾကာင့္ သူတို႔အေျခအေနကို နည္းျပသaစ္ရွာေဖြေနတဲ့ စပါးအသင္းဥကၠဌလီဗိုင္က ေစာင့္ၾကည့္ေနပါၿပီ။
စပါးအသင္းဟာ ၿပီးခဲ့တဲ့ဧၿပီလတုန္းက ေမာ္ရင္ဟိုနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း နည္းျပသစ္ခန႔္အပ္ဖို႔ႀကိဳးစားေနၿပီး ယာယီနည္းျပ႐ိုင္ယန္ေမဆင္ကို ရာသီကုန္အထိသာ ခန႔္အပ္ထားတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက PSG နည္းျပပိုခ်က္တီႏိုဟာ စပါးအသင္းဆီျပန္လာဖို႔ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနေပမယ့္ လီဗိုင္ကေတာ့ ကြန္တီနဲ႔အင္တာမီလန္လမ္းခြဲျဖစ္ခဲ့ရင္ ကြန္တီကိုသာ နည္းျပသစ္အျဖစ္ခန႔္အပ္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမယ့္အေနအထားပါပဲ။