လီဝန်ဒေါစကီးကိုကျော်ပြီး ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆု ဟာလန်းရရှိ

ဒေါ့မွန်အသင်း တိုက်စစ်မှုး ဟာလန်းဟာ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ ဘွန်ဒစ်လီဂါ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။


၂၀၂၀ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆဲလ်ဘတ်ကနေ ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့တဲ့ နော်ဝေးလက်ရွေးစင်အသင်း တိုက်စစ်မှုး ဟာလန်းတစ်ယောက်ကတော့ ရာသီအပြည့် ပါဝင်ကစားခဲ့တဲ့ ပထမဆုံးရာသီမှာပဲ အကောင်းဆုံးဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် ဟာလန်းအနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ဒီနှစ်ချန်ပီယံလည်း မဖြစ်သလို လီဝန်ဒေါစကီးလို လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဂတ်မူလာရဲ့ စံချိန်ဟောင်း သွင်းဂိုး ၄၀ကို ချိုးဖျက်နိုင်ခဲ့တဲ့အပြင် အမှတ်ပေးဆုဖလားလည်းရတဲ့ သူမျိုးကိုကျော်ပြီး အခုလို ဆုရတာဟာ အငြင်းပွားစရာတွေ ဖြစ်ခဲ့တာတော့ သေချာပါတယ်။

လီဝန်ဒေါစကီးဟာ ဒီရာသီ ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ ၂၉ပွဲ ကစားပြီး ၄၁ဂိုး သွင်းယူကာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် ဟာလန်းက လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဟာလန်းကတော့ ဒီရာသီ ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ ၂၈ပွဲ ကစားပြီး ၂၇ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဆုရရှိတာနဲ့ ပတ်သတ်ပြီး ဟာလန်းက “ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမား‌ဆုကိုရတဲ့ အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။


ဒီအောင်မြင်မှုဟာ ကျွန်တော်တစ်ယောက်အတွက် မဟုတ်ဘဲ ဒေါ့မွန်အသင်းမိသားစု အကုန်လုံးအတွက်ပါပဲ။

ကျွန်တော်တို့ အားလုံးအတူတူ ဒီဆုကိုရခဲ့တာပါ” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားခဲ့ပါတယ်။


ဟာလန်းဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းနဲ့အတူ ဂျာမန်ပိုကယ်ဖလားလည်း ရရှိခဲ့တာဖြစ်ပါတယ်။

zawgyi

လီ၀န္ေဒါစကီးကိုေက်ာ္ျပီး ဘြန္ဒက္စ္လီဂါ အေကာင္းဆံုးကစားသမားဆု ဟာလန္းရရွိ
ေဒါ့မြန္အသင္း တိုက္စစ္မႈး ဟာလန္းဟာ ဘိုင္ယန္ျမဴးနစ္အသင္း တိုက္စစ္မႉး လီဝန္ေဒါစကီးကို ေက်ာ္ျဖတ္ၿပီး ပရိသတ္ေတြရဲ့ မဲေပးေရြးခ်ယ္မႈနဲ႔ ၂၀၂၀-၂၁ ေဘာလံုးရာသီ ဘြန္ဒစ္လီဂါ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို ရယူနိုင္ခဲ့ပါတယ္။
၂၀၂၀ခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ဆဲလ္ဘတ္ကေန ေဒါ့မြန္အသင္းကို ေရာက္ရွိလာခဲ့တဲ့ ေနာ္ေဝးလက္ေရြးစင္အသင္း တိုက္စစ္မႈး ဟာလန္းတစ္ေယာက္ကေတာ႔ ရာသီအျပည့္ ပါ၀င္ကစားခဲ့တဲ့ ပထမဆုံးရာသီမွာပဲ အေကာင္းဆုံးဆုကို ရရွ္ိသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ္႔ ဟာလန္းအေနနဲ႔ ဘြန္ဒက္စ္လီဂါမွာ ဒီႏွစ္ခ်န္ပီယံလည္း မျဖစ္သလို လီ၀န္ေဒါစကီးလို လိဂ္ျပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ ဂတ္မူလာရဲ႔ စံခ်ိန္ေဟာင္း သြင္းဂိုး ၄၀ကို ခ်ိဳးဖ်က္ႏိုင္ခဲ႔တဲ႔အျပင္ အမွတ္ေပးဆုဖလားလည္းရတဲ႔ သူမ်ိဳးကိုေက်ာ္ျပီး အခုလို ဆုရတာဟာ အျငင္းပြားစရာေတြ ျဖစ္ခဲ႔တာေတာ႔ ေသခ်ာပါတယ္။

လီဝန္ေဒါစကီးဟာ ဒီရာသီ ဘြန္ဒစ္လီဂါ ၿပိဳင္ပြဲမွာ ၂၉ပြဲ ကစားၿပီး ၄၁ဂိုး သြင္းယူကာ တစ္ရာသီအတြင္း ဂိုးအမ်ားဆုံးသြင္းတဲ့ ကစားသမားအျဖစ္ စံခ်ိန္သစ္တင္နိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ ဟာလန္းက လီဝန္ေဒါစကီးကို ေက်ာ္ျဖတ္ၿပီး တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့တာျဖစ္ပါတယ္။
ဟာလန္းကေတာ့ ဒီရာသီ ဘြန္ဒစ္လီဂါ ၿပိဳင္ပြဲမွာ ၂၈ပြဲ ကစားၿပီး ၂၇ဂိုး သြင္းယူနိုင္ခဲ့တာပါ။
ဆုရရွိတာနဲ႔ ပတ္သတ္ျပီး ဟာလန္းက “ဘြန္ဒစ္လီဂါၿပိဳင္ပြဲရဲ့ တစ္ရာသီ အေကာင္းဆုံး ကစားသမား‌ဆုကိုရတဲ့ အတြက္ အရမ္းကို ဂုဏ္ယူမိပါတယ္။

ဒီေအာင္ျမင္မႈဟာ ကၽြန္ေတာ္တစ္ေယာက္အတြက္ မဟုတ္ဘဲ ေဒါ့မြန္အသင္းမိသားစု အကုန္လုံးအတြက္ပါပဲ။
ကၽြန္ေတာ္တို႔ အားလုံးအတူတူ ဒီဆုကိုရခဲ့တာပါ” လို႔ သူ႔ရဲ႔ တြစ္တာအေကာင္႔မွာ ေရးသားထားခဲ့ပါတယ္။
ဟာလန္းဟာ ဒီရာသီမွာ ေဒါ့မြန္အသင္းနဲ႔အတူ ဂ်ာမန္ပိုကယ္ဖလားလည္း ရရွိခဲ႔တာျဖစ္ပါတယ္။