ယူရိုပါလိဂ်ဖလား မရရင် ဆိုးလ်ရှားတို့ သေသွားနိုင်တယ်- မော်ရင်ဟို
ယူနိက်တက် အသင်းဟာ ယနေ့ည တစ်နာရီခွဲမှာ တော့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်အဖြစ် ဗီလာရီးရဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။
အဲဒီဖလားဟာ ယူနိုက်တက်အတွက်တော့ အရမ်း အရေးကြီးပါတယ်။ လက်ရှိရာသီ မှာ ယူနိုက်တက်အတွက် နောက်ဆုံး မျှော်လင့်ချက်ဖလား ဖြစ်နေလို့ပါ။
ဆိုးလ်ရှားတစ်ယောက် ယူနိုက်တက် နည်းပြဘဝမှာ ပထမဆုံး ဆုဖလား ကိုင်မြောက်ခွင့်ရဖို့ ဖာဂူဆန်၊ ရွန်းနီတို့က အားပေးနေသလို မော်ရင်ဟိုကလည်း ဆန္ဒပြုထားပါတယ်။
ဒါပေမယ့် မော်ကြီးက ခပ်ရွဲ့ရွဲ့ ဆန္ဒပြုထားတာပါ။
မော်ရင်ဟို ဟာ ယူနိုက်တက် နဲ့ ယူရိုပါလိဂ်ဖလားကို ရယူခဲ့ဖူးပါတယ်။
မော်ရင်ဟိုက ” ကျွန်တော် အဲဒီဖလားကို ယူနိုက်တက်နဲ့ ရခဲ့ဖူးပါတယ်။
အဲဒီတုန်းက အရမ်းကို မှော်ဆန်စရာကောင်းခဲ့တဲ့အချိန်တွေပေါ့”
“လူအင်အား က အခု ယူနိုက်တက် အသင်းလို မဟုတ်ဘူး။ လူစာရင်းက တော်တော်အဆင်မပြေခဲ့တာပါ။”
“ဒါပေမယ့် ကျွန်တော်တို့ရအောင်ကြိုးစားခဲ့ပါတယ်။ .
အောင်မြင်လည်း အောင်မြင်ခဲ့ပါတယ်။
ကြိုးစားမှုရဲ့ရလဒ်ကို ခံစားခဲ့ရတာပါ”
“ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့ပေမယ့် ကျွန်တော် အသင်းကနေထွက်ခဲ့ရတယ်အဲဒီအတွက် စိတ်တော့ပျက်ရတာပေါ့”
“ယူနိုက်တက်ကို ဒီနှစ် ယူရိုပါလိဂ်ဖလားရစေချင်ပါတယ်။
တကယ်လို့ ဒီဖလားသာသူတို့မရဘူးဆိုရင် သူတို့သေသွားနိုင်ပါတယ်” ဆိုပြီး ပြောထားပါတယ်။
zawgyi