ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကြည့်ရှုရန် ရွန်းနီတို့သားအဖ ပိုလန်နိုင်ငံသွားရောက်

မန်ချက်စတာ ယူနိုက်တက်ရဲ့ စံချိန်တင် သွင်းဂိုးရှင် ဝိန်းရွန်းနီဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲကြည့်ရှုရန် ပိုလန်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။
ရွန်းနီက သားဖြစ်သူ ကိုင်နဲ့အတူ Gdanskသို့ သွားရောက်နေတဲ့ လေယာဉ်ခရီးစဉ်ကို အင်စတာဂရမ်မှတစ်ဆင့် မျှဝေခဲ့တာဖြစ်ပါတယ်။

ရွန်းနီဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီး လက်ရှိမှာတော့ ဒါဘီကောင်တီ နည်းပြအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

သူက ချန်ပီယံရှစ်ဘောလုံးရာသီ နောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်းရယူပြီး ဒါဘီအသင်း လိဂ်ဝမ်းကို တန်းဆင့်ရမယ့်အရေးကနေ ရှောင်လွဲနိုင်ခဲ့ပါတယ်။


ရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ပိုလန်မြို့ကို လိုက်ပါလာတဲ့ နည်းပြဟောင်း ဆာ အဲလက် ဖာဂူဆန်နဲ့ ပြန်လည်ဆုံတွေ့နိုင်မှာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ် ဆုဖလားကို ( ၂၀၁၇ ) ခုနှစ်မှာ ‌နောက်ဆုံးအကြိမ်ယူနိုင်ခဲ့ပြီး အေဂျက်အသင်းကို ( ၂- ၀ ) အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရွန်းနီက အဆိုပါပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။

အဆိုပါ စတော့ဟုမ်း အောင်ပွဲက ရွန်းနီရဲ့ မန်ချက်စတာ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံး ဆုဖလားဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္ရဲ႕ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲၾကည့္ရႈရန္ ႐ြန္းနီတို႔သားအဖ ပိုလန္ႏိုင္ငံသြားေရာက္

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ စံခ်ိန္တင္ သြင္းဂိုးရွင္ ဝိန္း႐ြန္းနီဟာ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲၾကည့္ရႈရန္ ပိုလန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ပါတယ္။
႐ြန္းနီက သားျဖစ္သူ ကိုင္နဲ႔အတူ Gdanskသို႔ သြားေရာက္ေနတဲ့ ေလယာဥ္ခရီးစဥ္ကို အင္စတာဂရမ္မွတစ္ဆင့္ မွ်ေဝခဲ့တာျဖစ္ပါတယ္။

႐ြန္းနီဟာ ၿပီးခဲ့တဲ့ ရာသီမွာ ေဘာလုံးသမားဘဝကေန အနားယူခဲ့ၿပီး လက္ရွိမွာေတာ့ ဒါဘီေကာင္တီ နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိပါတယ္။
သူက ခ်န္ပီယံရွစ္ေဘာလုံးရာသီ ေနာက္ဆုံးပြဲစဥ္မွာ ရလဒ္ေကာင္းရယူၿပီး ဒါဘီအသင္း လိဂ္ဝမ္းကို တန္းဆင့္ရမယ့္အေရးကေန ေရွာင္လြဲႏိုင္ခဲ့ပါတယ္။

႐ြန္းနီဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔အတူ ပိုလန္ၿမိဳ႕ကို လိုက္ပါလာတဲ့ နည္းျပေဟာင္း ဆာ အဲလက္ ဖာဂူဆန္နဲ႔ ျပန္လည္ဆုံေတြ႕ႏိုင္မွာျဖစ္ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ဆုဖလားကို ( ၂၀၁၇ ) ခုႏွစ္မွာ ‌ေနာက္ဆုံးအႀကိမ္ယူႏိုင္ခဲ့ၿပီး ေအဂ်က္အသင္းကို ( ၂- ၀ ) အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။
႐ြန္းနီက အဆိုပါပြဲစဥ္ ဒုတိယပိုင္းမွာ လူစားဝင္ကစားသမားအေနနဲ႔ ပါဝင္ခြင့္ရခဲ့ပါတယ္။

အဆိုပါ စေတာ့ဟုမ္း ေအာင္ပြဲက ႐ြန္းနီရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားဘဝ ေနာက္ဆုံး ဆုဖလားျဖစ္ပါတယ္။