စီရော်နယ်ဒိုက ဂျူဗင်တပ်ကို နှုတ်ဆက်နေတာလား ဘောလုံးရာသီကို နှုတ်ဆက်နေတာလား

ဒီရာသီရဲ့ နောက်ဆုံးနေ့ရောက်မှ ဂျူဗင်တပ်အသင်းနဲ့အတူ ချန်ပီယံလိ၈်ဝင်ခွင့်အတွက် သက်ပြင်းချနိုင်ခဲ့တဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ရာသီကုန်ဆုံးခဲ့ချိန်မှာ စာလုံးရေ ၃၇၃ လုံးအထိ ပါဝင်တဲ့ စာကိုရေးသားခဲ့ပြီး ဘောလုံးရာသီကို နှုတ်ဆက်ခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ အခုလို စာအရှည်ကြီး ရေးသားပြီး နှုတ်ဆက်တာဟာ ဂျူဗင်တပ်အသင်းကိုပါ နှုတ်ဆက်ခဲ့တာလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်နေပြီး အသင်းပြောင်းရွှေ့လိမ့်မယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ပိုကြိးမားလာပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ စံချိန်မှတ်တမ်း ဒါမှမဟုတ် ဆုဖလားအောင်မြင်မှု တစ်စုံတစ်ရာရရှိတိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်တွေကနေတဆင့် ပရိသတ်တွေကို အသိပေးပြောဆိုမှုတွေ ပြုလုပ်လေ့ရှိသူဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ရှည်လျားတဲ့ စာရေးသားမှုမျိုးကတော့ ရှားရှားပါးပါးဖြစ်ပြီး
ရေးသားခဲ့တဲ့ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲဆိုတာကို ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေနဲ့ ထင်ကြေးပေး ပြောဆိုတာတွေ မြင့်တက်နေပါတယ်။

စီရော်နယ်ဒို ရေးသားထားတာကတော့ “ဘယ်လိုထိပ်တန်းကစားသမားတွေရဲ့ ဘဝနဲ့ အလုပ်အကိုင်မှာမဆို အတက်အကျဆိုတာရှိစမြဲပါ။ တစ်နှစ်ပြီး တစ်နှစ် ကျွန်တော်တို့ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ထူးခြားပြောင်မြောက်တဲ့ကစားသမားတွေ၊ သွင်းဂိုးတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့က
ထူးချွန်တဲ့အဆင့်မှာ တည်မြဲနေအောင် ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်ဖို့ ကြိုးစားရပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ စီးရီးအေဖလားမရခဲ့ပါဘူး။ ဒါပေမယ့် အီတလီစူပါဖလားနဲ့ ကိုပါအီတလီယာဖလားတွေ ရခဲ့ပါတယ်။ အမှတ်ပေးချန်ပီယံ ဖြစ်သွားတဲ့ အင်တာမီလန်ကို ဂုဏ်ပြုပါတယ်၊ သူတို့နဲ့ ထိုက်တန်ပါတယ်၊


ဒါပေမယ့် ဒီရာသီ ဂျူဗင်တပ်မှာ ရခဲ့တဲ့ စုပေါင်းအောင်မြင်မှု၊ တစ်ဥိးချင်းအောင်မြင်မှုတွေကို ကျွန်တော်တန်ဖိုးထားပါတယ်။ အီတလီစူပါဖလား၊ ကိုပါအီတာလီယာ နဲ့ စီးရီးအေရွှေဖိနပ်ဆုတွေက ကျွန်တော့်ကို ပျော်ရွှင်စေခဲ့ပါတယ်၊ အများအားဖြင့် အနိုင်ရဖို့မလွယ်ကူတဲ့ တိုင်းပြည်တစ်ခုမှာ ဒါတွေကို ရယူဖို့က ခက်ခဲပါတယ်၊


ဒီအောင်မြင်မှုတွေက ကျွန်တော့်ရည်မှန်းချက်တစ်ခုကို ရောက်ရှိခဲ့ပြီး အီတလီကိုရောက်တဲ့ ပထမဆုံးနေ့မှာပဲ အမှတ်ပေးဖလား၊ လိဂ်ဖလားနဲ့ စူပါဖလားတွေကို အနိုင်ရဖို့၊ အကောင်းဆုံးကစားသမားဆု၊ ရွှေဖိနပ်ဆုတွေကို ရယူဖို့ ကျွန်တော်ပြောခဲ့ပြီးသားပါ၊ ကျွန်တော်က စံချိန်တွေကို လိုက်ဖမ်းနေတာမဟုတ်ဘူးလည်း
ပြောထားပြီးသားပါ၊ စံချိန်တွေက ကျွန်တော့်နောက်လိုက်နေတာပါ” အစရှိသဖြင့် ရေးသားပြောဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ရာသီနောက်ဆုံးပွဲဖြစ်တဲ့ ဘိုလော့ဂ်နာနဲ့ပွဲကို ပါဝင်ကစားပေးခဲ့ရခြင်းမရှိဘဲ အရန်ခုံမှာသာထိုင်နေခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ အခုလို ရေးသားပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက ထွက်ခွာဖို့အတွက် အရိပ်အမြွက်ပြောတာလားလို့ မေးခွန်းတွေထုတ်ပြီး မှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။ တစ်ခါမှ
ဒီလောက် စာအရှည်ကြီး ရေးမပြဖူးတာကြောင့် အီတလီမှာ သူလိုချင်တဲ့အရာအားလုံးကို ဂျူဗင်တပ်နဲ့အတူ ရယူပြီးဖြစ်လို့ ယူနိုက်တက်နဲ့ ရီးရဲလ်မှာ ယူစရာဆုဖလားကုန်သွားလို့ ထွက်ခွာခဲ့တုန်းကလို ဖြစ်နိုင်စရာလည်း ရှိနေပါတယ်။

zawgyi

စီေရာ္နယ္ဒိုက ဂ်ဴဗင္တပ္ကို ႏႈတ္ဆက္ေနတာလား ေဘာလုံးရာသီကို ႏႈတ္ဆက္ေနတာလား

ဒီရာသီရဲ႔ ေနာက္ဆံုးေန႔ေရာက္မွ ဂ်ဴဗင္တပ္အသင္းနဲ႔အတူ ခ်န္ပီယံလိ၈္၀င္ခြင္႔အတြက္ သက္ျပင္းခ်ႏိုင္ခဲ႔တဲ႔ တိုက္စစ္မႉးစီေရာ္နယ္ဒိုဟာ ရာသီကုန္ဆုံးခဲ့ခ်ိန္မွာ စာလံုးေရ ၃၇၃ လုံးအထိ ပါဝင္တဲ့ စာကိုေရးသားခဲ့ၿပီး ေဘာလုံးရာသီကို ႏႈတ္ဆက္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုအေနနဲ႔ အခုလို စာအရွည္ႀကီး ေရးသားၿပီး ႏႈတ္ဆက္တာဟာ ဂ်ဴဗင္တပ္္အသင္းကိုပါ ႏႈတ္ဆက္ခဲ့တာလားဆိုတဲ႔ ေမးခြန္းေတြထြက္ေပၚေနျပီး အသင္းေျပာင္းေရႊ႕လိမ့္မယ္ဆိုတဲ့ ထင္ျမင္ယူဆခ်က္ေတြ ပိုၾကိးမားလာပါတယ္။

အသက္ ၃၆ ႏွစ္ရွိျပီျဖစ္တဲ႔ စီေရာ္နယ္ဒိုဟာ စံခ်ိန္မွတ္တမ္း ဒါမွမဟုတ္ ဆုဖလားေအာင္ျမင္မႈ တစ္စုံတစ္ရာရရွိတိုင္းမွာ သူ႔ရဲ့လူမႈကြန္ရက္ေတြကေနတဆင့္ ပရိသတ္ေတြကို အသိေပးေျပာဆိုမႈေတြ ျပဳလုပ္ေလ့ရွိသူျဖစ္ပါတယ္။ ဒါေပမယ့္ အခုလို ရွည္လ်ားတဲ႔ စာေရးသားမႈမ်ိဳးကေတာ့ ရွားရွားပါးပါးျဖစ္ၿပီး
ေရးသားခဲ့တဲ့ ရည္ရြယ္ခ်က္ အစစ္အမွန္က ဘာလဲဆိုတာကို ပရိသတ္ေတြၾကား စိတ္ဝင္စားမႈေတြနဲ႔ ထင္ေၾကးေပး ေျပာဆိုတာေတြ ျမင့္တက္ေနပါတယ္။

စီေရာ္နယ္ဒို ေရးသားထားတာကေတာ႔ “ဘယ္လိုထိပ္တန္းကစားသမားေတြရဲ့ ဘဝနဲ႔ အလုပ္အကိုင္မွာမဆို အတက္အက်ဆိုတာရွိစျမဲပါ။ တစ္ႏွစ္ၿပီး တစ္ႏွစ္ ကၽြန္ေတာ္တို႔ အသင္းေကာင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ထူးျခားေျပာင္ေျမာက္တဲ့ကစားသမားေတြ၊ သြင္းဂိုးေတြနဲ႔လည္း ၾကဳံခဲ့ရပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို႔ကထူးခၽြန္တဲ့အဆင့္မွာ တည္ျမဲေနေအာင္ ကိုယ့္ကိုကိုယ္ အေကာင္းဆုံးျဖစ္ဖို႔ ႀကိဳးစားရပါတယ္။

ဒီရာသီမွာ ကၽြန္ေတာ္တို႔ စီးရီးေအဖလားမရခဲ့ပါဘူး။ ဒါေပမယ္႔ အီတလီစူပါဖလားနဲ႔ ကိုပါအီတလီယာဖလားေတြ ရခဲ႔ပါတယ္။ အမွတ္ေပးခ်န္ပီယံ ျဖစ္သြားတဲ႔ အင္တာမီလန္ကို ဂုဏ္ျပဳပါတယ္၊ သူတို႔နဲ႔ ထိုက္တန္ပါတယ္၊
ဒါေပမယ္႔ ဒီရာသီ ဂ်ဴဗင္တပ္မွာ ရခဲ့တဲ့ စုေပါင္းေအာင္ျမင္မႈ၊ တစ္ဥိးခ်င္းေအာင္ျမင္မႈေတြကို ကၽြန္ေတာ္တန္ဖိုးထားပါတယ္။ အီတလီစူပါဖလား၊ ကိုပါအီတာလီယာ နဲ႔ စီးရီးေအေရႊဖိနပ္ဆုေတြက ကၽြန္ေတာ့္ကို ေပ်ာ္ရႊင္ေစခဲ့ပါတယ္၊ အမ်ားအားျဖင့္ အနိုင္ရဖို႔မလြယ္ကူတဲ့ တိုင္းျပည္တစ္ခုမွာ ဒါေတြကို ရယူဖို႔က ခက္ခဲပါတယ္၊
ဒီေအာင္ျမင္မႈေတြက ကၽြန္ေတာ့္ရည္မွန္းခ်က္တစ္ခုကို ေရာက္ရွိခဲ့ၿပီး အီတလီကိုေရာက္တဲ့ ပထမဆုံးေန႔မွာပဲ အမွတ္ေပးဖလား၊ လိဂ္ဖလားနဲ႔ စူပါဖလားေတြကို အနိုင္ရဖို႔၊ အေကာင္းဆုံးကစားသမားဆု၊ ေရႊဖိနပ္ဆုေတြကို ရယူဖို႔ ကၽြန္ေတာ္ေျပာခဲ့ၿပီးသားပါ၊ ကၽြန္ေတာ္က စံခ်ိန္ေတြကို လိုက္ဖမ္းေနတာမဟုတ္ဘူးလည္း
ေျပာထားၿပီးသားပါ၊ စံခ်ိန္ေတြက ကၽြန္ေတာ့္ေနာက္လိုက္ေနတာပါ” အစရွိသျဖင့္ ေရးသားေျပာဆိုခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ ရာသီေနာက္ဆုံးပြဲျဖစ္တဲ့ ဘိုေလာ့ဂ္နာနဲ႔ပြဲကို ပါဝင္ကစားေပးခဲ့ရျခင္းမရွိဘဲ အရန္ခုံမွာသာထိုင္ေနခဲ့ရတာျဖစ္ပါတယ္။ သူ႔ရဲ့ အခုလို ေရးသားေျပာဆိုမႈေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက ထြက္ခြာဖို႔အတြက္ အရိပ္အႁမြက္ေျပာတာလားလို႔ ေမးခြန္းေတြထုတ္ျပီး မွတ္ခ်က္ျပဳေရးသားခဲ့ၾကပါတယ္။

တစ္ခါမွဒီေလာက္ စာအရွည္ႀကီး ေရးမျပဖူးတာေၾကာင့္ အီတလီမွာ သူလိုခ်င္တဲ့အရာအားလုံးကို ဂ်ဴဗင္တပ္နဲ႔အတူ ရယူၿပီးျဖစ္လို႔ ယူႏိုက္တက္နဲ႔ ရီး၇ဲလ္မွာ ယူစရာဆုဖလားကုန္သြားလို႔ ထြက္ခြာခဲ႔တုန္းကလို ျဖစ္နိုင္စရာလည္း ရွိေနပါတယ္။