ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၂ ရာသီဆက်လွဲချော်ခဲ့ပြန်တဲ့ လက်စတာ

ပရီးမီးယားလိဂ်ရာသီပိတ် ပွဲစဉ် ၃၈ မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေကြတဲ့ ချယ်လ်ဆီး၊ လီဗာပူးလ်၊ လက်စတာတို့ ၃ သင်းမှာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီး လက်စတာအသင်းကတော့ ထုံးစံအတိုင်းပဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၂ ရာသီဆက်လွဲချော်ခဲ့ပြန်ပါတယ်။ ရာသီကုန်ဖို့ ၁၀ ပွဲလောက်အလိုတုန်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မလွယ်တော့ဘူးလို့ထင်ခဲ့ကြတဲ့ လီဗာပူးလ်အသင်းဟာ ရာသီပိတ်မှာ အဆင့် ၃ နေရာအထိတက်လှမ်းနိုင်ခဲ့တာက မယုံနိုင်စရာလို့ပဲပြောရမယ်။

ဒီ ၃ သင်းထဲမှာ ကံကောင်းခဲ့တာက ချယ်လ်ဆီးပဲဖြစ်ပြီး ဗီလာကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့တာတောင် လက်စတာက အိမ်ကွင်းမှာ စပါးကို ရှုံးဖြစ်အောင် ရှုံးလိုက်တဲ့အတွက် အဆင့် ၄ နေရာပိုင်ဆိုင်နိုင်ခဲ့တယ်။ ဗီလာနဲ့ပွဲမှာ ချယ်လ်ဆီးကစားပုံကောင်းခဲ့ပေမယ့် ဗီလာအသင်းမှာ အဓိက ကစားသမား ဂရေးလစ်ရှ် ပြန်ပါလာတဲ့အပြင် အိမ်ကွင်းအပိတ်ပွဲကို ပရိသတ်တွေရှေ့မှာ ရလဒ်ကောင်းရယူပြချင်တဲ့အတွက် ကြိုးစားကစားခဲ့လို့ ချယ်လ်ဆီး အခက်တွေ့ခဲ့တာပဲ။ နောက်ပြီး ဗီလာဟာ ဖိအားမရှိတော့တဲ့အတွက် စိတ်လွတ်လက်လွတ်ကစားနိုင်ပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ နိုင်မှရမယ်ဆိုတဲ့ ဖိအားရှိနေတယ်။

ပထမပိုင်းပြီးခါနီးမှာ ထောင့်ကန်ဘောကနေ ထရာအိုရေးက အဖွင့်ဂိုးကန်သွင်းခဲ့လို့ ချယ်လ်ဆီး ဖိအားပိုများသွားပြီး ပိုဆိုးတာက ဒုတိယပိုင်း ၅၂ မိနစ်မှာ ပယ်နယ်တီပါ ပေးလိုက်ရတာပဲ။ ဒီပယ်နယ်တီကို အယ်လ်ဂါဇီက ကန်သွင်းခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ အနိုင်ရဖို့အတွက် တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် ဗာနာ ဂိုးသွင်းခဲ့ပေမယ့် အဲဒီမတိုင်ခင် အက်ဇ်ပီလီကွယ်တာ လူကျွံနေလို့ ဂိုးမရခဲ့ဘူး။

မိနစ် ၇၀ မှာ ပူလီချစ်ရဲ့ ပေးပို့မှုကနေတစ်ဆင့် ချီဝဲလ်က ပိတ်သွင်းခဲ့လို့ ချယ်လ်ဆီးမျော်လင့်ချက်ပြန်ရှိလာပေမယ့် လိုအပ်တဲ့ဂိုးတွေရဖို့တော့ ခက်ခဲနေခဲ့တယ်။ ကံကောင်းတာက တစ်ဖက်မှာကစားနေတဲ့ လက်စတာအသင်းဟာ စပါးကို ရှုံးနေတဲ့အတွက် ပွဲပြီးခါနီးမှာတော့ ချယ်လ်ဆီးအသင်းလည်း ပွဲကိုထိန်းကစားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်က အဓိကဂိုးသမားမန်ဒီ ဒဏ်ရာရခဲ့လို့ ပထမပိုင်းမှာ လူစားလူခံခဲ့ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် မန်ဒီ ဒဏ်ရာရခဲ့တာက ချယ်လ်ဆီးအတွက် စိုးရိမ်စရာပါပဲ။

လက်စတာအသင်းကတော့ အိမ်ကွင်းမှာ စပါးကို ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ်သွင်းပြီးမှ ဂိုးတွေပြန်ပေးခဲ့ရတာကြောင့် ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတယ်။ လက်စတာအသင်းအတွက် ဗာဒီက ပယ်နယ်တီတွေကနေ ၂ ဂိုးသွင်းခဲ့ပြီး စပါးအသင်းအတွက် ဂိုးတွေကိုတော့ ဟယ်ရီကိန်း၊ ရှမိုက်ကယ် OG နဲ့ ဂါရတ်ဘေးလ် (၂ဂိုး)တို့က သွင်းခဲ့ကြတာပါ။ ဒီရာသီကုန်မှာ စပါးအသင်းနဲ့ လမ်းခွဲဖို့ရှိနေတဲ့ ဟယ်ရီကိန်းနဲ့ ဂါရတ်ဘေးလ်တို့ နှစ်ဦးစလုံး ဂိုးတွေသွင်းနိုင်တာက ကျေနပ်စရာဖြစ်ပြီး စပါးအသင်းဟာ လာမယ့်ရာသီမှာ ပထမဆုံးအကြိမ်စတင်ကျင်းပမယ့် Europa Conference League ပြိုင်ပွဲ ခြေစစ်ပွဲကစားခွင့်ရရှိခဲ့ပါတယ်။

zawgyi

ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ၂ ရာသီဆက္လြဲေခ်ာ္ခဲ့ျပန္တဲ့ လက္စတာ

ပရီးမီးယားလိဂ္ရာသီပိတ္ ပြဲစဥ္ ၃၈ မွာေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အၿပိဳင္ျဖစ္ေနၾကတဲ့ ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ လက္စတာတို႔ ၃ သင္းမွာ ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္အသင္းတို႔ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့ၿပီး လက္စတာအသင္းကေတာ့ ထုံးစံအတိုင္းပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ၂ ရာသီဆက္လြဲေခ်ာ္ခဲ့ျပန္ပါတယ္။ ရာသီကုန္ဖို႔ ၁၀ ပြဲေလာက္အလိုတုန္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မလြယ္ေတာ့ဘူးလို႔ထင္ခဲ့ၾကတဲ့ လီဗာပူးလ္အသင္းဟာ ရာသီပိတ္မွာ အဆင့္ ၃ ေနရာအထိတက္လွမ္းႏိုင္ခဲ့တာက မယုံႏိုင္စရာလို႔ပဲေျပာရမယ္။

ဒီ ၃ သင္းထဲမွာ ကံေကာင္းခဲ့တာက ခ်ယ္လ္ဆီးပဲျဖစ္ၿပီး ဗီလာကို ၂-၁ ဂိုးနဲ႔ ရႈံးခဲ့တာေတာင္ လက္စတာက အိမ္ကြင္းမွာ စပါးကို ရႈံးျဖစ္ေအာင္ ရႈံးလိုက္တဲ့အတြက္ အဆင့္ ၄ ေနရာပိုင္ဆိုင္ႏိုင္ခဲ့တယ္။ ဗီလာနဲ႔ပြဲမွာ ခ်ယ္လ္ဆီးကစားပုံေကာင္းခဲ့ေပမယ့္ ဗီလာအသင္းမွာ အဓိက ကစားသမား ဂေရးလစ္ရွ္ ျပန္ပါလာတဲ့အျပင္ အိမ္ကြင္းအပိတ္ပြဲကို ပရိသတ္ေတြေရွ႕မွာ ရလဒ္ေကာင္းရယူျပခ်င္တဲ့အတြက္ ႀကိဳးစားကစားခဲ့လို႔ ခ်ယ္လ္ဆီး အခက္ေတြ႕ခဲ့တာပဲ။ ေနာက္ၿပီး ဗီလာဟာ ဖိအားမရွိေတာ့တဲ့အတြက္ စိတ္လြတ္လက္လြတ္ကစားႏိုင္ေပမယ့္ ခ်ယ္လ္ဆီးအသင္းမွာေတာ့ ႏိုင္မွရမယ္ဆိုတဲ့ ဖိအားရွိေနတယ္။

ပထမပိုင္းၿပီးခါနီးမွာ ေထာင့္ကန္ေဘာကေန ထရာအိုေရးက အဖြင့္ဂိုးကန္သြင္းခဲ့လို႔ ခ်ယ္လ္ဆီး ဖိအားပိုမ်ားသြားၿပီး ပိုဆိုးတာက ဒုတိယပိုင္း ၅၂ မိနစ္မွာ ပယ္နယ္တီပါ ေပးလိုက္ရတာပဲ။ ဒီပယ္နယ္တီကို အယ္လ္ဂါဇီက ကန္သြင္းခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းဟာ အႏိုင္ရဖို႔အတြက္ တိုက္စစ္ဖြင့္ကစားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအတြက္ ဗာနာ ဂိုးသြင္းခဲ့ေပမယ့္ အဲဒီမတိုင္ခင္ အက္ဇ္ပီလီကြယ္တာ လူကြၽံေနလို႔ ဂိုးမရခဲ့ဘူး။

မိနစ္ ၇၀ မွာ ပူလီခ်စ္ရဲ႕ ေပးပို႔မႈကေနတစ္ဆင့္ ခ်ီဝဲလ္က ပိတ္သြင္းခဲ့လို႔ ခ်ယ္လ္ဆီးေမ်ာ္လင့္ခ်က္ျပန္ရွိလာေပမယ့္ လိုအပ္တဲ့ဂိုးေတြရဖို႔ေတာ့ ခက္ခဲေနခဲ့တယ္။ ကံေကာင္းတာက တစ္ဖက္မွာကစားေနတဲ့ လက္စတာအသင္းဟာ စပါးကို ရႈံးေနတဲ့အတြက္ ပြဲၿပီးခါနီးမွာေတာ့ ခ်ယ္လ္ဆီးအသင္းလည္း ပြဲကိုထိန္းကစားခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္းအတြက္ ထိုးႏွက္ခ်က္က အဓိကဂိုးသမားမန္ဒီ ဒဏ္ရာရခဲ့လို႔ ပထမပိုင္းမွာ လူစားလူခံခဲ့ရၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ မန္ဒီ ဒဏ္ရာရခဲ့တာက ခ်ယ္လ္ဆီးအတြက္ စိုးရိမ္စရာပါပဲ။

လက္စတာအသင္းကေတာ့ အိမ္ကြင္းမွာ စပါးကို ဦးေဆာင္ဂိုးေတြ အႀကိမ္ႀကိမ္သြင္းၿပီးမွ ဂိုးေတြျပန္ေပးခဲ့ရတာေၾကာင့္ ၄-၂ ဂိုးနဲ႔ ရႈံးနိမ့္ၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္နဲ႔သာ ေက်နပ္ခဲ့ရတယ္။ လက္စတာအသင္းအတြက္ ဗာဒီက ပယ္နယ္တီေတြကေန ၂ ဂိုးသြင္းခဲ့ၿပီး စပါးအသင္းအတြက္ ဂိုးေတြကိုေတာ့ ဟယ္ရီကိန္း၊ ရွမိုက္ကယ္ OG နဲ႔ ဂါရတ္ေဘးလ္ (၂ဂိုး)တို႔က သြင္းခဲ့ၾကတာပါ။ ဒီရာသီကုန္မွာ စပါးအသင္းနဲ႔ လမ္းခြဲဖို႔ရွိေနတဲ့ ဟယ္ရီကိန္းနဲ႔ ဂါရတ္ေဘးလ္တို႔ ႏွစ္ဦးစလုံး ဂိုးေတြသြင္းႏိုင္တာက ေက်နပ္စရာျဖစ္ၿပီး စပါးအသင္းဟာ လာမယ့္ရာသီမွာ ပထမဆုံးအႀကိမ္စတင္က်င္းပမယ့္ Europa Conference League ၿပိဳင္ပြဲ ေျခစစ္ပြဲကစားခြင့္ရရွိခဲ့ပါတယ္။