မန်စီးတီးနည်းပြဂွါဒီယိုလာ LMA အကောင်းဆုံးနည်းပြဆု ဆွတ်ခူး

မန်စီးတီးနည်းပြဘဝမှာ (၃)ကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့တဲ့ ဂွါဒီယိုလာ LMA (၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို အငြင်းပွားစရာမရှိဆွတ်ခူးခဲ့ပါတယ်။

အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား၊ လိဂ်ဖလား(၄)ကြိမ်ဆွတ်ခူးပေးခဲ့သလို ဒီရာသီချန်ပီယံလိဂ်မှာလည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဗိုလ်လုပွဲအဆင့်အထိရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။


အဲဒါကြောင့် ဂွါဒီယိုလာဟာ တခြားနည်းပြတွေဖြစ်တဲ့ ဘီယဲလ်ဆာ၊ ဒန်နီယဲလ်ဖာ့ခ်၊ အန်မာဟေးစ်၊ ဒေးဗစ်မွိုက်စ်၊ ဘရန်ဒန်ရော်ဂျာတို့ကို ကျော်ဖြတ်ပြီး LMA (၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ အခုအကောင်းဆုံးဆုကို ၂၀၁၈ ခုနှစ်ကလည်း ဆွတ်ခူးခဲ့ဖူးပြီး ဒီနှစ်မှာ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဂွါဒီယိုလာက “LMA (၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို ဒုတိယအကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။


အခုဆုအတွက် တခြားနည်းပြတွေက မဲပေးရွေးချယ်တာဖြစ်လို့ ဒီအကောင်းဆုံးဆုဟာ ကျွန်တော့်အတွက် အရေးပါတဲ့ဆုတစ်ခုပါပဲ။

နည်းပြတစ်ဦးအတွက် ဒီလိုအကောင်းဆုံးဆုရရှိဖို့ဆိုတာက အသင်းမှာ အရည်အချင်းရှိတဲ့သူတွေရှိနေဖို့လိုပါတယ်။

၂၀၂၀-၂၁ ရာသီဟာ ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ပေမယ့် ကျွန်တော့်ကစားသမားတွေက ပရော်ဖက်ရှင်နယ်ပီသစွာ အကောင်းဆုံးအာရုံစိုက်ကစားခဲ့ကြပြီး ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ချီးကျူးစရာကောင်းလောက်အောင် ကိုယ့်တာဝန်ကိုယ်ကျေခဲ့ကြပါတယ်။


မန်စီးတီးအသင်း အကောင်းဆုံးအနေအထားမှာရှိအောင် နေ့စဉ်နေ့တိုင်း အသင်းအတွက်အားထုတ်ကြိုးပမ်းပေးကြသူတွေရှိနေတဲ့အတွက် ကျွန်တော်အရမ်းကံကောင်းသလို ဒီဆုဟာ သူတို့နဲ့လည်းသက်ဆိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဂွါဒီယိုလာဟာ မန်စီးတီးနည်းပြဘဝ(၅)နှစ်တာကာလအတွင်း ဆုဖလား(၁၀)ခုအထိရယူနိုင်ခဲ့သလို မန်စီးတီးအသင်းအတွက် ပထမဆုံးချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့အတွက် လာမယ့်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

LMA (၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာဆွတ်ခူးခဲ့သလိုပဲ နော်ဝစ်ချ်အသင်းကို ပရီးမီးယားလိဂ်တန်းတက်ခွင့်ရအောင် စွမ်းဆောင်ခဲ့သူ ဒန်နီယဲလ်ဖာ့ခ်၊ ဟားလ်စီးတီးနည်းပြ ဂရန့်မက်ကန်း၊ ချယ်လ်တန်ဟမ်အသင်းနည်းပြ မိုက်ကယ်ဒပ်ဖ်တို့ဟာလည်း သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေရဲ့ အကောင်းဆုံးနည်းပြဆုတွေ ဆွတ်ခူးခဲ့ပါတယ်။

ဒ့ါအပြင် ပြီးခဲတဲ့ ၂၀၂၀-၂၁ ရာသီမှာ ရိန်းဂျားစ်အသင်းကို ရှုံးပွဲမရှိမှတ်တမ်းနဲ့ စကော့တလန်အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ နည်းပြစတီဗင်ဂျရတ်ကလည်း LMA အထူးဂုဏ်ပြုဆုဆွတ်ခူးခဲ့ပြီး ချယ်လ်ဆီးအမျိုးသမီးအသင်းနည်းပြအန်မာဟေးစ်ကတော့ အမျိုးသမီးစူပါလိဂ်(၁)နှစ်တာအကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

zawgyi

မန္စီးတီးနည္းျပဂြါဒီယိုလာ LMA အေကာင္းဆုံးနည္းျပဆု ဆြတ္ခူး

မန္စီးတီးနည္းျပဘဝမွာ (၃)ႀကိမ္ေျမာက္ပရီးမီးယားလိဂ္ခ်န္ပီယံဆုရရွိခဲ့တဲ့ ဂြါဒီယိုလာ LMA (၁)ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို အျငင္းပြားစရာမရွိဆြတ္ခူးခဲ့ပါတယ္။
အသက္(၅၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဂြါဒီယိုလာဟာ ၂၀၁၆ ခုႏွစ္က ဘိုင္ယန္ျမဴးနစ္အသင္းကေန မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ဖလား၊ လိဂ္ဖလား(၄)ႀကိမ္ဆြတ္ခူးေပးခဲ့သလို ဒီရာသီခ်န္ပီယံလိဂ္မွာလည္း အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဗိုလ္လုပြဲအဆင့္အထိေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူပါ။
အဲဒါေၾကာင့္ ဂြါဒီယိုလာဟာ တျခားနည္းျပေတြျဖစ္တဲ့ ဘီယဲလ္ဆာ၊ ဒန္နီယဲလ္ဖာ့ခ္၊ အန္မာေဟးစ္၊ ေဒးဗစ္မြိဳက္စ္၊ ဘရန္ဒန္ေရာ္ဂ်ာတို႔ကို ေက်ာ္ျဖတ္ၿပီး LMA (၁)ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။
ဂြါဒီယိုလာဟာ အခုအေကာင္းဆုံးဆုကို ၂၀၁၈ ခုႏွစ္ကလည္း ဆြတ္ခူးခဲ့ဖူးၿပီး ဒီႏွစ္မွာ ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာလည္းျဖစ္ပါတယ္။
ဂြါဒီယိုလာက “LMA (၁)ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ဒုတိယအႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့လို႔ ဝမ္းေျမာက္မိပါတယ္။

အခုဆုအတြက္ တျခားနည္းျပေတြက မဲေပးေ႐ြးခ်ယ္တာျဖစ္လို႔ ဒီအေကာင္းဆုံးဆုဟာ ကြၽန္ေတာ့္အတြက္ အေရးပါတဲ့ဆုတစ္ခုပါပဲ။
နည္းျပတစ္ဦးအတြက္ ဒီလိုအေကာင္းဆုံးဆုရရွိဖို႔ဆိုတာက အသင္းမွာ အရည္အခ်င္းရွိတဲ့သူေတြရွိေနဖို႔လိုပါတယ္။
၂၀၂၀-၂၁ ရာသီဟာ ခက္ခဲတဲ့ရာသီတစ္ခုျဖစ္ေပမယ့္ ကြၽန္ေတာ့္ကစားသမားေတြက ပေရာ္ဖက္ရွင္နယ္ပီသစြာ အေကာင္းဆုံးအာ႐ုံစိုက္ကစားခဲ့ၾကၿပီး ကြၽန္ေတာ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း ခ်ီးက်ဴးစရာေကာင္းေလာက္ေအာင္ ကိုယ့္တာဝန္ကိုယ္ေက်ခဲ့ၾကပါတယ္။
မန္စီးတီးအသင္း အေကာင္းဆုံးအေနအထားမွာရွိေအာင္ ေန႔စဥ္ေန႔တိုင္း အသင္းအတြက္အားထုတ္ႀကိဳးပမ္းေပးၾကသူေတြရွိေနတဲ့အတြက္ ကြၽန္ေတာ္အရမ္းကံေကာင္းသလို ဒီဆုဟာ သူတို႔နဲ႔လည္းသက္ဆိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာဟာ မန္စီးတီးနည္းျပဘဝ(၅)ႏွစ္တာကာလအတြင္း ဆုဖလား(၁၀)ခုအထိရယူႏိုင္ခဲ့သလို မန္စီးတီးအသင္းအတြက္ ပထမဆုံးခ်န္ပီယံလိဂ္ဖလားရယူႏိုင္ဖို႔အတြက္ လာမယ့္ဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးအသင္းနဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။

LMA (၁)ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ဂြါဒီယိုလာဆြတ္ခူးခဲ့သလိုပဲ ေနာ္ဝစ္ခ်္အသင္းကို ပရီးမီးယားလိဂ္တန္းတက္ခြင့္ရေအာင္ စြမ္းေဆာင္ခဲ့သူ ဒန္နီယဲလ္ဖာ့ခ္၊ ဟားလ္စီးတီးနည္းျပ ဂရန႔္မက္ကန္း၊ ခ်ယ္လ္တန္ဟမ္အသင္းနည္းျပ မိုက္ကယ္ဒပ္ဖ္တို႔ဟာလည္း သက္ဆိုင္ရာလိဂ္ၿပိဳင္ပြဲေတြရဲ႕ အေကာင္းဆုံးနည္းျပဆုေတြ ဆြတ္ခူးခဲ့ပါတယ္။
ဒ့ါအျပင္ ၿပီးခဲတဲ့ ၂၀၂၀-၂၁ ရာသီမွာ ရိန္းဂ်ားစ္အသင္းကို ရႈံးပြဲမရွိမွတ္တမ္းနဲ႔ စေကာ့တလန္အမွတ္ေပးခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ခဲ့တဲ့ နည္းျပစတီဗင္ဂ်ရတ္ကလည္း LMA အထူးဂုဏ္ျပဳဆုဆြတ္ခူးခဲ့ၿပီး ခ်ယ္လ္ဆီးအမ်ိဳးသမီးအသင္းနည္းျပအန္မာေဟးစ္ကေတာ့ အမ်ိဳးသမီးစူပါလိဂ္(၁)ႏွစ္တာအေကာင္းဆုံးနည္းျပဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။