ဒဏ်ရာပြသနာရှိနေပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲလူစာရင်းမှာ ပါဝင်လာတဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ ဗီလာရီးယဲလ်နဲ့ကစားမယ့်ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အသင်းလူစာရင်းမှာ မက်ဂွိုင်းယားကို ထည့်သွင်းထားပြီး မက်ဂွိုင်းယားဟာ ဗိုလ်လုပွဲကျင်းပမယ့် ပိုလန်နိုင်ငံ၊ Gdansk မြို့ကို အသင်းနဲ့အတူလိုက်ပါခဲ့ပါတယ်။


မက်ဂွိုင်းယားဟာ ခြေချင်းဝတ်အရွတ်ဒဏ်ရာကြောင့် ရက်အတော်ကြာအနားယူနေရပြီး ဗိုလ်လုပွဲမှာပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ဒါပေမဲ့ သူကတော့ အချိန်မီကြံ့ခိုင်မှုပြည့်ဝလာဖို့မျှော်လင့်နေပြီး ဆိုးလ်ရှားကလည်း မက်ဂွိုင်းယားရဲ့အခြေအနေကို နောက်ဆုံးအချိန်အထိစောင့်ကြည့်သွားမှာဖြစ်ပါတယ်။


မက်ဂွိုင်းယားဟာ ဗီလာနဲ့ကစားခဲ့တဲ့ပွဲမှာ ခြေချင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲစလုံးကို လွဲချော်ခဲ့ပါတယ်။

မက်ဂွိုင်းယားအနေနဲ့ ဒီနေ့မှာ သူ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ဆိုးလ်ရှားဟာ မက်ဂွိုင်းယားရဲ့အနေအထားကို အခုအင်္ဂါညမတိုင်ခင်အထိစောင့်ကြည့်ပြီးမှ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ချိန်ကတည်းက အသင်းခံစစ်အတွက်အဓိက ကစားသမားတစ်ဦးအဖြစ်ပါဝင်ခွင့်ရခဲ့ပြီး ဗိုလ်လုပွဲမှာ သူမပါဝင်နိုင်ခဲ့ရင် ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာဖို့ရှိနေပါပြီ။
ဆိုးလ်ရှားက “မက်ဂွိုင်းယားဟာ အဝတ်လဲခန်းအတွင်းမှာ အရေးပါတဲ့သူတစ်ယောက်သာမက အသင်းကို အကောင်းဆုံးဦးဆောင်နိုင်သူလည်းဖြစ်ပါတယ်။


ကွင်းထဲမှာပရိသတ်တွေ ပြန်ကြည့်ခွင့်မရခင်အချိန်မှာ သူဟာ ပွဲကြည့်စင်ကနေ အသင်းဖော်တွေကို အော်ဟစ်ညွှန်ကြားခဲ့ပြီး မက်ဂွိုင်းယားက အသင်းကို စုစည်းမှုရှိစေဖို့အတွက် ပွဲကြည့်စင်ကနေတစ်ဆင့် ညွှန်ကြားမှုတွေလုပ်ခဲ့တာပါ။

အခုကစားမယ့်ဗိုလ်လုပွဲအတွက် ကစားသမားတွေအသင့်ရှိနေအောင် မက်ဂွိုင်းယားဟာ သူတတ်နိုင်တဲ့ဘက်က ကူညီပေးသွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

 

ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ယူနိုက်တက်အသင်းရဲ့ကစားသမား(၂၆)ဦးစာရင်းမှာ မက်ဂွိုင်းယား ပါဝင်ခဲ့ပေမယ့် ဒဏ်ရာကနေပြန်သက်သာလာပြီဖြစ်တဲ့ မာစီယဲလ်ဟာ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကြောင့် ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အသင်းနဲ့အတူ ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ရပါပြီ။


မာစီယဲလ်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းမပြနိုင်သလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် သူ့အနာဂတ်က မသေချာဖြစ်နေသလို ယူနိုက်တက်အသင်းဟာ စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကို ကမ်းလှမ်းဖို့အတွက် မာစီယဲလ်ကို ရောင်းချပြီးငွေရှာသွားမယ်ဆိုတဲ့သတင်းတွေထည်း ထွက်ပေါ်နေပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ယူနိုက်တက်အသင်းကစားသမားစာရင်း

Goalkeepers: David De Gea, Dean Henderson, Lee Grant, Nathan Bishop
Defenders: Eric Bailly, Victor Lindelof, Harry Maguire, Luke Shaw, Alex Telles, Axel Tuanzebe, Aaron Wan-Bissaka, Brandon Williams
Midfielders: Amad, Bruno Fernandes, Fred, Daniel James, Juan Mata, Nemanja Matic, Scott McTominay, Paul Pogba, Donny van de Beek

Forwards: Edinson Cavani, Anthony Elanga, Mason Greenwood, Marcus Rashford, Shola Shoretire

zawgyi

ဒဏ္ရာျပသနာရွိေနေပမဲ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအတြက္ လူစာရင္းမွာ ပါ၀င္လာတဲ့ မက္ဂြိဳင္းယား

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ ဗီလာရီးယဲလ္နဲ႔ကစားမယ့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအတြက္ အသင္းလူစာရင္းမွာ မက္ဂြိဳင္းယားကို ထည့္သြင္းထားၿပီး မက္ဂြိဳင္းယားဟာ ဗိုလ္လုပြဲက်င္းပမယ့္ ပိုလန္ႏိုင္ငံ၊ Gdansk ၿမိဳ႕ကို အသင္းနဲ႔အတူလိုက္ပါခဲ့ပါတယ္။

မက္ဂြိဳင္းယားဟာ ေျခခ်င္းဝတ္အ႐ြတ္ဒဏ္ရာေၾကာင့္ ရက္အေတာ္ၾကာအနားယူေနရၿပီး ဗိုလ္လုပြဲမွာပါဝင္ကစားဖို႔ မေသခ်ာေသးပါဘူး။
ဒါေပမဲ့ သူကေတာ့ အခ်ိန္မီႀကံ့ခိုင္မႈျပည့္ဝလာဖို႔ေမွ်ာ္လင့္ေနၿပီး ဆိုးလ္ရွားကလည္း မက္ဂြိဳင္းယားရဲ႕အေျခအေနကို ေနာက္ဆုံးအခ်ိန္အထိေစာင့္ၾကည့္သြားမွာျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ ဗီလာနဲ႔ကစားခဲ့တဲ့ပြဲမွာ ေျခခ်င္းဝတ္အ႐ြတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ယူႏိုက္တက္အသင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆုံး(၄)ပြဲစလုံးကို လြဲေခ်ာ္ခဲ့ပါတယ္။

မက္ဂြိဳင္းယားအေနနဲ႔ ဒီေန႔မွာ သူ႔ဒဏ္ရာကို စမ္းသပ္စစ္ေဆးမႈေတြ ဆက္လက္ျပဳလုပ္သြားမွာျဖစ္ၿပီး ဆိုးလ္ရွားဟာ မက္ဂြိဳင္းယားရဲ႕အေနအထားကို အခုအဂၤါညမတိုင္ခင္အထိေစာင့္ၾကည့္ၿပီးမွ ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ကတည္းက အသင္းခံစစ္အတြက္အဓိက ကစားသမားတစ္ဦးအျဖစ္ပါဝင္ခြင့္ရခဲ့ၿပီး ဗိုလ္လုပြဲမွာ သူမပါဝင္ႏိုင္ခဲ့ရင္ ယူႏိုက္တက္အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္လာဖို႔ရွိေနပါၿပီ။

ဆိုးလ္ရွားက “မက္ဂြိဳင္းယားဟာ အဝတ္လဲခန္းအတြင္းမွာ အေရးပါတဲ့သူတစ္ေယာက္သာမက အသင္းကို အေကာင္းဆုံးဦးေဆာင္ႏိုင္သူလည္းျဖစ္ပါတယ္။
ကြင္းထဲမွာပရိသတ္ေတြ ျပန္ၾကည့္ခြင့္မရခင္အခ်ိန္မွာ သူဟာ ပြဲၾကည့္စင္ကေန အသင္းေဖာ္ေတြကို ေအာ္ဟစ္ၫႊန္ၾကားခဲ့ၿပီး မက္ဂြိဳင္းယားက အသင္းကို စုစည္းမႈရွိေစဖို႔အတြက္ ပြဲၾကည့္စင္ကေနတစ္ဆင့္ ၫႊန္ၾကားမႈေတြလုပ္ခဲ့တာပါ။
အခုကစားမယ့္ဗိုလ္လုပြဲအတြက္ ကစားသမားေတြအသင့္ရွိေနေအာင္ မက္ဂြိဳင္းယားဟာ သူတတ္ႏိုင္တဲ့ဘက္က ကူညီေပးသြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအတြက္ ယူႏိုက္တက္အသင္းရဲ႕ကစားသမား(၂၆)ဦးစာရင္းမွာ မက္ဂြိဳင္းယား ပါဝင္ခဲ့ေပမယ့္ ဒဏ္ရာကေနျပန္သက္သာလာၿပီျဖစ္တဲ့ မာစီယဲလ္ဟာ အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာေၾကာင့္ ၂၀၁၇ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အသင္းနဲ႔အတူ ခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ႏိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့ရပါၿပီ။

မာစီယဲလ္ဟာ ဒီရာသီမွာ ပုံမွန္ေျခစြမ္းမျပႏိုင္သလို ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ သူ႔အနာဂတ္က မေသခ်ာျဖစ္ေနသလို ယူႏိုက္တက္အသင္းဟာ စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းကို ကမ္းလွမ္းဖို႔အတြက္ မာစီယဲလ္ကို ေရာင္းခ်ၿပီးေငြရွာသြားမယ္ဆိုတဲ့သတင္းေတြထည္း ထြက္ေပၚေနပါတယ္။
ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအတြက္ ယူႏိုက္တက္အသင္းကစားသမားစာရင္း
Goalkeepers: David De Gea, Dean Henderson, Lee Grant, Nathan Bishop
Defenders: Eric Bailly, Victor Lindelof, Harry Maguire, Luke Shaw, Alex Telles, Axel Tuanzebe, Aaron Wan-Bissaka, Brandon Williams

Midfielders: Amad, Bruno Fernandes, Fred, Daniel James, Juan Mata, Nemanja Matic, Scott McTominay, Paul Pogba, Donny van de Beek
Forwards: Edinson Cavani, Anthony Elanga, Mason Greenwood, Marcus Rashford, Shola Shoretire