ငါဘယ်လောက်အထိ စွမ်းဆောင်နိုင်သေးတယ်ဆိုတာ မင်းသိသင့်တယ်…ကိုးလ်မန်း အပိုင်း(၃)

စတင်ခြင်း…ပုံမှန်အတိုင်းပဲကစားသမားတစ်ယောက်ကို ဆေးစစ်မှုတွေလုပ်ခဲ့တယ်။
စစ်ဆေးမှုတွေ အားလုံးကောင်းတယ်။
အက်သလက်တီကို နဲ့စာချုပ်ချုပ်ဆိုခဲ့တယ် အသင်းသားစဖြစ်ပြီပေါ့။


ခင်ဗျားတို့သိနိုင်မလား အိမ်လို့သတ်မှတ်ထားတဲ့နေရာ၊ ကစားသမားဘဝကို အဲ့သည့်နေရာမှာပဲ အဆုံးသတ်တော့မယ်လို့ဆုံးဖြတ်ထားတဲ့နေရာကနေ ထွက်သွားဖို့ ဖိအားပေးခံရလို့ မွန်းကျပ်မှုတွေနဲ့ နေရချိန်မှာဖြစ်တဲ့ခံစားချက်တွေကို သိနိုင်မလား။

ကာလရှည်ကြာ မိတ်ဆွေတွေနဲ့ ခွဲခွာပြီး နေရာသစ်ကိုစတင် ရောက်ချိန်မှာ ပုံမှန်လိုဖြစ်နေဖို့ဆိုတာ ခံစားချက်တွေမေ့ထားဖို့လွယ်မယ်ထင်လား။

၂၀၂၀၊ စက်တင်ဘာ၊၂၇။
ဂရာနာဒါ နဲ့ပွဲမှာ ပထမဆုံး တီကိုရဲ့ ကစားသမားအဖြစ် ဒုတိယပိုင်းပွဲ (၇၁)မိနစ်မှာ ဒီယေဂို ကော်စတာနဲ့ လူစားလဲပြီး ကွင်းထဲဝင်လာခဲ့တယ်။
ကွင်းထဲဝင်လာပြီး ၁မိနစ်အကြာမှာပဲ လော်ရန်တေး ဂိုးသွင်းယူနိုင်ဖို့ ဖန်တီးပေးနိုင်ခဲ့သလို ဒီပွဲမှာ ကျွန်တော် မိနစ် (၂၀)ဝန်းကျင် ကစားခဲ့ရတယ် သွင်းဂိုးလည်း နှစ်ဂိုးသွင်းနိုင်ခဲ့တယ်ဆိုတော့ ဒီအသင်းနဲ့ တာထွက်အစက လုံးဝအလန်း။

နှစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးဆိုတော့ ပထမဆုံး ကစားခဲ့တဲ့ပွဲစဉ်မှာပဲ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာပေါ့ဗျာ။
နည်းပြ ဆီမြွန်နီကလည်း ကျွန်တော့်ရဲ့ ဖန်တီးပေးနိုင်ဖို့အတွက် ပြေးလွှားပုံနဲ့ ဂိုးသွင်းယူခဲ့တဲ့ လှုပ်ရှားမှုတွေက စပါယ်ရှယ်ပဲလို ပြောခဲ့ပါတယ်။

ပွဲတိုင်းကစားခွင့်ရနေဖို့ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာမူတည်နေတယ်။


လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ သူ့ကစားကွက်မှာ အံဝင်အောင်တော့ လေ့လာရအုံးမယ်။
ဒီအသင်းက ကစားသမားတွေကလည်းထူးရှယ်တွေဆိုတော့ ပွဲထွက်ကစားခွင့်ရဖို့ အပြိုင်ကြိုးစားရမှာအုံးမှာပေါ့။

ကျွန်တော် ဒီရောက်တော့ အသင်းဟောင်းဘာစီလိုနဲ့ ပတ်သက်ပြီး မီဒီယာတွေမေးတာကို ဖြေခဲ့ဘူးတယ်။


ရော်နယ်ကိုးမန်ရဲ့ ကျွန်တော့်အပေါ်ထားတဲ့သဘောထားရောပေါ့။

ကျွန်တော်ဖြေထားတဲ့အကြောင်းက မီဒီယာတွေမှာ အတော်ကိုပါလာတော့ ရော်နယ်ကိုးမန်း က NOS သတင်းဌာန နဲ့ အင်တာဗျူး မှာ ဒီကိစ္စကိုပြန်ရှင်းတယ်ဗျာ။


အင်တာဗျူးမှာ ရော်နယ်ကိုးမန်းက ” ဆွာရက်ဇ် အသင်းပြောင်းခဲ့တဲ့ ကိစ္စက ဘာစီလိုနာအသင်းရဲ့ ပွဲထွက်စာရင်းမှာ သူ့ကို ပွဲထုတ်ပေးဖို့ ခက်ခဲတဲ့အကြောင်း ကျွန်တော်က စပြောခဲ့တာပါပဲ။
သူနဲ့ ကျွန်တော့ အကြားမှာ ဘာပြဿနာ တစုံတခုမှ မရှိခဲ့ပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး သူ အသင်းမှာ နေရာရဖို့ ခက်ခဲသွားပြီလို့ ခံစားခဲ့ပုံရပါတယ်။


သူ့ အနာဂတ်နဲ့ပတ်သက်ပြီး သူ ကိုယ်တိုင် ရွေးချယ်မှု လုပ်သွားခဲ့တာပါ။

ထွက်သွားဖို့ဖိအားပေးခဲ့တာမရှိပါဘူး။
သူ့ရဲ့ စာချုပ်အရလည်းသက်တမ်းကျန်နေသေးတာကြောင့် အသင်းမပြောင်းချင်ဘူး ဆိုရင်လည်း လက်ရှိ အစုအဖွဲ့ ရဲ့ တစိတ်တပိုင်း အဖြစ် ဆက်လက် ပါဝင်နေဦးမှာပါ။


ဆွာရက်ဇ်ဟာ ဘာစီလိုနာမှာ ဆက်ကစားခွင့် ရှိခဲ့ပါတယ်။

အသင်းမှာ ဘာကြောင့် နေရာရထိုက်လဲဆိုတာလည်း သက်သေပြရမှာပေါ့ ” ဆိုပြီး သူက ပြောခဲ့တယ်။

ဒါကကျွန်တော့်ကို စိန်ခေါ်လိုက်တာ….
ကျွန်တော့်အတွက် မထင်မှတ်တဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့တယ်။
အသင်းရဲ့စီနီယာကစားသမားတစ်ဦးဖြစ်တဲ့ ဒီယေဂိုကော်စတာနဲ့ တီကိုတို့ စာချုပ်ဖျက်သိမ်းလိုက်ကြတယ်။

ဒီတော့ အသင်းမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာတော့တယ်။
ဒါပေမယ့် နိုင်ငံတကာပွဲသွားကစားဖြစ်ခဲ့ရင်းကနေ ကိုဗစ် ဖြစ်ခဲ့တဲ့အချိန်မှာ အသင်းရဲ့တိုက်စစ်အတွက် ကျွန်တော်ဘာမှမလုပ်ပေးနိုင်ခဲ့ ပြန်ဘူး။
တီကိုအသင်းရဲ့ အားပေးမှုတွေနဲ့ နွေးထွေးမှုတွေက ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာတော့ ကျွန်တော်ပိုကောင်းလာတယ်။

ဒီရာသီမှာ ကျွန်တော် လာလီဂါ သွင်းဂိုး ၂၁ ဂိုး သွင်းယူပေးခဲ့တယ်။

ဒီဂိုးတွေက အသင်းရဲ့ အောင်ပွဲမှာ အရေးပါတဲ့ သွင်းဂိုးတွေ ဖြစ်ခဲ့ပါတယ် ။

တွေ့လား ရော်နယ်ကိုးမန်းနဲ့ ဘာစီလိုနာ ခင်ဗျားတို့ ကျွန်တော့်ကို အက်သလက်တီကို မက်ဒရစ်ဆီ ပေါင် ၅ သန်းတည်းနဲ့ ရောင်းချခဲ့မှုက သမိုင်းတွင် လောက်တဲ့ မှားယွင်းမှု တစ်ခု ဖြစ်စေခဲ့ပြီ။


ကျွန်တော် ပြီးခဲ့တဲ့နှစ်က ဒူးဒဏ်ရာကြောင့်သာ ဘာစီလိုနာအတွက် ဂိုးတွေအများကြီးမသွင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့ သမိုင်းမှာ ၂၈၃ ပွဲ ပါဝင်ကစားဖြစ်ခဲ့ပြီး သွင်းဂိုး ၁၉၇ ဂိုးအထိသွင်းယူခဲ့တဲ့ တတိယမြောက် သွင်းဂိုး အများဆုံး ကစားသမားတစ်ယောက်ပါ။

ဒါပေမယ့် ဘာစီလိုနာက ကျွန်တော့ကို တန်ဖိုးမထားခဲ့ပါဘူး။

အက်သလက်တီကို မက်ဒရစ်က ကျွန်တော့ကို တံခါးဖွင့်ပေးခဲ့ပါတယ် ။

ဒီလိုမျိုး ယုံကြည်ပေးမှု အတွက် ဒီကလပ်ကို အမြဲတမ်း ကျွန်တော် ကျေးဇူးတင် အမှတ်ရနေမှာပါ။
အခု မက်ဒရစ်မှာ ပရိသတ်တွေက မီးရှုးတွေ ပစ်ဖောက်ပြီး လာလီဂါချန်ပီယံအသင်းအတွက် အောင်ပွဲခံနေကြတာ ရော်နယ်ကိုးမန်း ခင်ဗျားတွေ့မှာပါ။


ဒါက ဇီဒန်းရဲ့ မက်ဒရစ်အသင်းအတွက်မဟုတ်ဘူး။

ဒီယေဂို ဆီးမြွန်းနီ ရဲ့ မက်ဒရစ်အတွက်ဆိုတာ ခင်ဗျားသိပါတယ်။

အခု အဲ့သည့် ချန်ပီယံအသင်းမှာ ကျွန်တော်ရှိနေတယ်။

ဂိုးတွေသွင်းယူဖို့ အတွက် ကျွန်တော့ရဲ့စွမ်းဆောင်ရည်တွေ မအိုသေးဘူးဆိုတာ နည်းပြတစ်ယောက်အနေနဲ့ ခင်ဗျားသိသင့်တယ်…ကိုးလ်မန်း။

zawgyi

ငါဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္ေသးတယ္ဆိုတာ မင္းသိသင့္တယ္…ကိုးလ္မန္း အပိုင္း(၃)

စတင္ျခင္း…ပုံမွန္အတိုင္းပဲကစားသမားတစ္ေယာက္ကို ေဆးစစ္မႈေတြလုပ္ခဲ့တယ္။
စစ္ေဆးမႈေတြ အားလုံးေကာင္းတယ္။
အက္သလက္တီကို နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္ အသင္းသားစျဖစ္ၿပီေပါ့။
ခင္ဗ်ားတို႔သိႏိုင္မလား အိမ္လို႔သတ္မွတ္ထားတဲ့ေနရာ၊ ကစားသမားဘဝကို အဲ့သည့္ေနရာမွာပဲ အဆုံးသတ္ေတာ့မယ္လို႔ဆုံးျဖတ္ထားတဲ့ေနရာကေန ထြက္သြားဖို႔ ဖိအားေပးခံရလို႔ မြန္းက်ပ္မႈေတြနဲ႔ ေနရခ်ိန္မွာျဖစ္တဲ့ခံစားခ်က္ေတြကို သိႏိုင္မလား။

ကာလရွည္ၾကာ မိတ္ေဆြေတြနဲ႔ ခြဲခြာၿပီး ေနရာသစ္ကိုစတင္ ေရာက္ခ်ိန္မွာ ပုံမွန္လိုျဖစ္ေနဖို႔ဆိုတာ ခံစားခ်က္ေတြေမ့ထားဖို႔လြယ္မယ္ထင္လား။

၂၀၂၀၊ စက္တင္ဘာ၊၂၇။
ဂရာနာဒါ နဲ႔ပြဲမွာ ပထမဆုံး တီကိုရဲ႕ ကစားသမားအျဖစ္ ဒုတိယပိုင္းပြဲ (၇၁)မိနစ္မွာ ဒီေယဂို ေကာ္စတာနဲ႔ လူစားလဲၿပီး ကြင္းထဲဝင္လာခဲ့တယ္။
ကြင္းထဲဝင္လာၿပီး ၁မိနစ္အၾကာမွာပဲ ေလာ္ရန္ေတး ဂိုးသြင္းယူႏိုင္ဖို႔ ဖန္တီးေပးႏိုင္ခဲ့သလို ဒီပြဲမွာ ကြၽန္ေတာ္ မိနစ္ (၂၀)ဝန္းက်င္ ကစားခဲ့ရတယ္ သြင္းဂိုးလည္း ႏွစ္ဂိုးသြင္းႏိုင္ခဲ့တယ္ဆိုေတာ့ ဒီအသင္းနဲ႔ တာထြက္အစက လုံးဝအလန္း။

ႏွစ္ဂိုးသြင္း ၊ တစ္ဂိုး ဖန္တီးဆိုေတာ့ ပထမဆုံး ကစားခဲ့တဲ့ပြဲစဥ္မွာပဲ ပြဲစဥ္ရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာေပါ့ဗ်ာ။
နည္းျပ ဆီႁမြန္နီကလည္း ကြၽန္ေတာ့္ရဲ႕ ဖန္တီးေပးႏိုင္ဖို႔အတြက္ ေျပးလႊားပုံနဲ႔ ဂိုးသြင္းယူခဲ့တဲ့ လႈပ္ရွားမႈေတြက စပါယ္ရွယ္ပဲလို ေျပာခဲ့ပါတယ္။
ပြဲတိုင္းကစားခြင့္ရေနဖို႔ကေတာ့ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ေတြေပၚမွာမူတည္ေနတယ္။
ေလ့က်င့္ေရးအစီအစဥ္ေတြနဲ႔ သူ႔ကစားကြက္မွာ အံဝင္ေအာင္ေတာ့ ေလ့လာရအုံးမယ္။

ဒီအသင္းက ကစားသမားေတြကလည္းထူးရွယ္ေတြဆိုေတာ့ ပြဲထြက္ကစားခြင့္ရဖို႔ အၿပိဳင္ႀကိဳးစားရမွာအုံးမွာေပါ့။

ကြၽန္ေတာ္ ဒီေရာက္ေတာ့ အသင္းေဟာင္းဘာစီလိုနဲ႔ ပတ္သက္ၿပီး မီဒီယာေတြေမးတာကို ေျဖခဲ့ဘူးတယ္။
ေရာ္နယ္ကိုးမန္ရဲ႕ ကြၽန္ေတာ့္အေပၚထားတဲ့သေဘာထားေရာေပါ့။
ကြၽန္ေတာ္ေျဖထားတဲ့အေၾကာင္းက မီဒီယာေတြမွာ အေတာ္ကိုပါလာေတာ့ ေရာ္နယ္ကိုးမန္း က NOS သတင္းဌာန နဲ႔ အင္တာဗ်ဴး မွာ ဒီကိစၥကိုျပန္ရွင္းတယ္ဗ်ာ။

အင္တာဗ်ဴးမွာ ေရာ္နယ္ကိုးမန္းက ” ဆြာရက္ဇ္ အသင္းေျပာင္းခဲ့တဲ့ ကိစၥက ဘာစီလိုနာအသင္းရဲ႕ ပြဲထြက္စာရင္းမွာ သူ႔ကို ပြဲထုတ္ေပးဖို႔ ခက္ခဲတဲ့အေၾကာင္း ကြၽန္ေတာ္က စေျပာခဲ့တာပါပဲ။
သူနဲ႔ ကြၽန္ေတာ့ အၾကားမွာ ဘာျပႆနာ တစုံတခုမွ မရွိခဲ့ပါဘူး။

ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး သူ အသင္းမွာ ေနရာရဖို႔ ခက္ခဲသြားၿပီလို႔ ခံစားခဲ့ပုံရပါတယ္။
သူ႔ အနာဂတ္နဲ႔ပတ္သက္ၿပီး သူ ကိုယ္တိုင္ ေ႐ြးခ်ယ္မႈ လုပ္သြားခဲ့တာပါ။

ထြက္သြားဖို႔ဖိအားေပးခဲ့တာမရွိပါဘူး။
သူ႔ရဲ႕ စာခ်ဳပ္အရလည္းသက္တမ္းက်န္ေနေသးတာေၾကာင့္ အသင္းမေျပာင္းခ်င္ဘူး ဆိုရင္လည္း လက္ရွိ အစုအဖြဲ႕ ရဲ႕ တစိတ္တပိုင္း အျဖစ္ ဆက္လက္ ပါဝင္ေနဦးမွာပါ။
ဆြာရက္ဇ္ဟာ ဘာစီလိုနာမွာ ဆက္ကစားခြင့္ ရွိခဲ့ပါတယ္။

အသင္းမွာ ဘာေၾကာင့္ ေနရာရထိုက္လဲဆိုတာလည္း သက္ေသျပရမွာေပါ့ ” ဆိုၿပီး သူက ေျပာခဲ့တယ္။

ဒါကကြၽန္ေတာ့္ကို စိန္ေခၚလိုက္တာ….
ကြၽန္ေတာ့္အတြက္ မထင္မွတ္တဲ့အလွည့္အေျပာင္းတစ္ခုျဖစ္လာခဲ့တယ္။
အသင္းရဲ႕စီနီယာကစားသမားတစ္ဦးျဖစ္တဲ့ ဒီေယဂိုေကာ္စတာနဲ႔ တီကိုတို႔ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၾကတယ္။

ဒီေတာ့ အသင္းမွာ ကြၽန္ေတာ့္ရဲ႕ အခန္းက႑က ပိုၿပီး အေရးပါလာေတာ့တယ္။
ဒါေပမယ့္ ႏိုင္ငံတကာပြဲသြားကစားျဖစ္ခဲ့ရင္းကေန ကိုဗစ္ ျဖစ္ခဲ့တဲ့အခ်ိန္မွာ အသင္းရဲ႕တိုက္စစ္အတြက္ ကြၽန္ေတာ္ဘာမွမလုပ္ေပးႏိုင္ခဲ့ ျပန္ဘူး။
တီကိုအသင္းရဲ႕ အားေပးမႈေတြနဲ႔ ေႏြးေထြးမႈေတြက ျပန္လည္ေကာင္းမြန္လာတဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္ပိုေကာင္းလာတယ္။

ဒီရာသီမွာ ကြၽန္ေတာ္ လာလီဂါ သြင္းဂိုး ၂၁ ဂိုး သြင္းယူေပးခဲ့တယ္။

ဒီဂိုးေတြက အသင္းရဲ႕ ေအာင္ပြဲမွာ အေရးပါတဲ့ သြင္းဂိုးေတြ ျဖစ္ခဲ့ပါတယ္ ။
ေတြ႕လား ေရာ္နယ္ကိုးမန္းနဲ႔ ဘာစီလိုနာ ခင္ဗ်ားတို႔ ကြၽန္ေတာ့္ကို အက္သလက္တီကို မက္ဒရစ္ဆီ ေပါင္ ၅ သန္းတည္းနဲ႔ ေရာင္းခ်ခဲ့မႈက သမိုင္းတြင္ ေလာက္တဲ့ မွားယြင္းမႈ တစ္ခု ျဖစ္ေစခဲ့ၿပီ။
ကြၽန္ေတာ္ ၿပီးခဲ့တဲ့ႏွစ္က ဒူးဒဏ္ရာေၾကာင့္သာ ဘာစီလိုနာအတြက္ ဂိုးေတြအမ်ားႀကီးမသြင္းႏိုင္ခဲ့ေပမယ့္ အသင္းရဲ႕ သမိုင္းမွာ ၂၈၃ ပြဲ ပါဝင္ကစားျဖစ္ခဲ့ၿပီး သြင္းဂိုး ၁၉၇ ဂိုးအထိသြင္းယူခဲ့တဲ့ တတိယေျမာက္ သြင္းဂိုး အမ်ားဆုံး ကစားသမားတစ္ေယာက္ပါ။

ဒါေပမယ့္ ဘာစီလိုနာက ကြၽန္ေတာ့ကို တန္ဖိုးမထားခဲ့ပါဘူး။

အက္သလက္တီကို မက္ဒရစ္က ကြၽန္ေတာ့ကို တံခါးဖြင့္ေပးခဲ့ပါတယ္ ။
ဒီလိုမ်ိဳး ယုံၾကည္ေပးမႈ အတြက္ ဒီကလပ္ကို အၿမဲတမ္း ကြၽန္ေတာ္ ေက်းဇူးတင္ အမွတ္ရေနမွာပါ။
အခု မက္ဒရစ္မွာ ပရိသတ္ေတြက မီးရႈးေတြ ပစ္ေဖာက္ၿပီး လာလီဂါခ်န္ပီယံအသင္းအတြက္ ေအာင္ပြဲခံေနၾကတာ ေရာ္နယ္ကိုးမန္း ခင္ဗ်ားေတြ႕မွာပါ။

ဒါက ဇီဒန္းရဲ႕ မက္ဒရစ္အသင္းအတြက္မဟုတ္ဘူး။
ဒီေယဂို ဆီးႁမြန္းနီ ရဲ႕ မက္ဒရစ္အတြက္ဆိုတာ ခင္ဗ်ားသိပါတယ္။

အခု အဲ့သည့္ ခ်န္ပီယံအသင္းမွာ ကြၽန္ေတာ္ရွိေနတယ္။
ဂိုးေတြသြင္းယူဖို႔ အတြက္ ကြၽန္ေတာ့ရဲ႕စြမ္းေဆာင္ရည္ေတြ မအိုေသးဘူးဆိုတာ နည္းျပတစ္ေယာက္အေနနဲ႔ ခင္ဗ်ားသိသင့္တယ္…ကိုးလ္မန္း။