သွင်းဂိုးအများဆုံးဆုနဲ့ ဂိုးဖန်တီးမှုအများဆုံးဆုကို တစ်ပြိုင်နက်ရရှိခဲ့တဲ့ ဟယ်ရီကိန်း

စပါးအသင်းဟာ ၂၀၂၀-၂၁ ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့သလို ဖလားလက်မဲ့ရာသီနဲ့ ထပ်ပြီးကြုံတွေ့ခဲ့ရပေမယ့် သူတို့ရဲ့အဓိကတိုက်စစ်မှူးဟယ်ရီကိန်းကတော့ တစ်ဦးချင်းအကောင်းဆုံးဆုတွေ သိမ်းကျုံးရယူနိုင်ခဲ့ပါတယ်။

အခုနွေရာသီမှာ စပါးအသင်းကနေထွက်ခွာတော့မယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုထားတဲ့ ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်မှာ (၂၃)ဂိုးအထိသွင်းယူခဲ့ပြီး ပရီးမီယားလိဂ်သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့သလို ဂိုးဖန်တီးမှု (၁၄)ကြိမ်ပြုလုပ်ခဲ့တာကြောင့် Playmaker Award ကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ စပါးအသင်းကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို ၂၀၁၅-၁၆၊ ၂၀၁၆-၁၇နဲ့ အခု ၂၀၂၀-၂၁ ရာသီတွေမှာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီဆုကို အကြိမ်အများဆုံးရရှိခဲ့သူစာရင်းမှာ ဘလက်ဘန်းနဲ့ နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယားနဲ့ (၃)ကြိမ်စီတူညီသွားပြီဖြစ်သလို အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးအွန်နရီရဲ့ စံချိန်ကို မီဖို့ နောက်ထပ်တစ်ကြိမ်သာလိုပါတော့တယ်။

ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားကို ချီးမြှင့်တဲ့ Premier League Playmaker of the Season ဆုကို ၂၀၁၇-၁၈ ရာသီမှာ စတင်ချီးမြှင့်တာဖြစ်ပြီး ဟယ်ရီကိန်းက ဒီဆု(၂)ကြိမ်ရရှိခဲ့တဲ့ မန်စီးတီးနာမည်ကျော်ကွင်းလယ်လူ ဒီဘရိုင်းနားကို ကျော်ဖြတ်ဆွတ်ခူးနိုင်ခဲ့တာပါ။

၂၀၂၀-၂၁ ရာသီမတိုင်ခင်အထိ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုနဲ့ Playmaker ဆုကို တစ်ပြိုင်နက်ဆွတ်ခူးခဲ့သူမရှိဖူးဘဲ အခု ဟယ်ရီကိန်းက ဒီဆု(၂)ခုကို တစ်ရာသီထဲမှာ ရရှိခဲ့တဲ့ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။

ဟယ်ရီကိန်းဟာ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲအဖြစ် လက်စတာအသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စပါးအသင်းအတွက် တစ်ဂိုးသွင်းယူခဲ့ပြီး စပါးအသင်းကို လာမယ့်ရာသီမှာ ပထမဆုံးအကြိမ်ကျင်းပမယ့် Europa Coference League ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ သူ့အနာဂတ်နဲ့ပတ်သက်လို့ စပါးအသင်းဥက္ကဌလီဗိုင်နဲ့ မကြာခင်တွေ့ဆုံစကားပြောဆိုသွားမှာဖြစ်ပြီး သူကတော့ အဓိကပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဂယ်ရီနဗီးလ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဟယ်ရီကိန်းက “လီဗိုင်နဲ့ တွေ့ဆုံစကားပြောဖြစ်မယ်ဆိုရင် ဘယ်လိုအခြေအနေဖြစ်လာမလဲဆိုတာ ကျွန်တော်မသိပါဘူး။

သူကတော့ ကျွန်တော့်ကို ရောင်းဖို့ဆန္ဒရှိနေပါလိမ့်မယ်။

အခုအချိန်မှာ ကျွန်တော့်ရဲ့တန်ဖိုးက ပေါင်သန်း(၁၀၀)လောက်ရှိနေပေမယ့် လာမယ့်(၂)နှစ်၊ (၃)နှစ်လောက်ဆို အဲဒီလောက်အထိရမှာမဟုတ်ဘူးလို့ လီဗိုင် တွေးကောင်းတွေးမိနေမှာပါ။

ကျွန်တော့်အနေနဲ့က အဓိကပြိုင်ပွဲကြီး(ချန်ပီယံလိဂ်)တွေမှာ ကစားခွင့်ရဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

စပါးအသင်းမှာ ကစားသမားဘဝကုန်ဆုံးတဲ့အထိ ကစားသွားမယ်လို့ မပြောခဲ့ဖူးသလို စပါးအသင်းကနေ ထွက်ခွာမယ်လို့လည်း မပြောဖူးပါဘူး။

အခုအချိန်မှာ ကျွန်တော်ဟာ ဆုဖလားတွေဆွတ်ခူးနိုင်မယ့်အနေအထားတစ်ခုရောက်သင့်နေပြီဖြစ်ပြီး ပရိသတ်တွေကလည်း အဲဒီအတိုင်းတွေးထားမယ်လို့ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

သြင္းဂိုးအမ်ားဆုံးဆုနဲ႔ ဂိုးဖန္တီးမႈအမ်ားဆုံးဆုကို တစ္ၿပိဳင္နက္ရရွိခဲ့တဲ့ ဟယ္ရီကိန္း

စပါးအသင္းဟာ ၂၀၂၀-၂၁ ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔လြဲေခ်ာ္ခဲ့သလို ဖလားလက္မဲ့ရာသီနဲ႔ ထပ္ၿပီးႀကဳံေတြ႕ခဲ့ရေပမယ့္ သူတို႔ရဲ႕အဓိကတိုက္စစ္မႉးဟယ္ရီကိန္းကေတာ့ တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြ သိမ္းက်ဳံးရယူႏိုင္ခဲ့ပါတယ္။

အခုေႏြရာသီမွာ စပါးအသင္းကေနထြက္ခြာေတာ့မယ္လို႔ တရားဝင္ထုတ္ေဖာ္ေျပာဆိုထားတဲ့ ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္မွာ (၂၃)ဂိုးအထိသြင္းယူခဲ့ၿပီး ပရီးမီယားလိဂ္သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုကို ဆြတ္ခူးခဲ့သလို ဂိုးဖန္တီးမႈ (၁၄)ႀကိမ္ျပဳလုပ္ခဲ့တာေၾကာင့္ Playmaker Award ကိုလည္းပိုင္ဆိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းဟာ စပါးအသင္းကစားသမားဘဝတစ္ေလွ်ာက္ ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံး ေ႐ႊဖိနပ္ဆုကို ၂၀၁၅-၁၆၊ ၂၀၁၆-၁၇နဲ႔ အခု ၂၀၂၀-၂၁ ရာသီေတြမွာ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး ဒီဆုကို အႀကိမ္အမ်ားဆုံးရရွိခဲ့သူစာရင္းမွာ ဘလက္ဘန္းနဲ႔ နယူးကာဆယ္ဂႏၴဝင္တိုက္စစ္မႉးအလန္ရွီးယားနဲ႔ (၃)ႀကိမ္စီတူညီသြားၿပီျဖစ္သလို အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးအြန္နရီရဲ႕ စံခ်ိန္ကို မီဖို႔ ေနာက္ထပ္တစ္ႀကိမ္သာလိုပါေတာ့တယ္။

ပရီးမီးယားလိဂ္မွာ တစ္ရာသီအတြင္း ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားကို ခ်ီးျမႇင့္တဲ့ Premier League Playmaker of the Season ဆုကို ၂၀၁၇-၁၈ ရာသီမွာ စတင္ခ်ီးျမႇင့္တာျဖစ္ၿပီး ဟယ္ရီကိန္းက ဒီဆု(၂)ႀကိမ္ရရွိခဲ့တဲ့ မန္စီးတီးနာမည္ေက်ာ္ကြင္းလယ္လူ ဒီဘ႐ိုင္းနားကို ေက်ာ္ျဖတ္ဆြတ္ခူးႏိုင္ခဲ့တာပါ။

၂၀၂၀-၂၁ ရာသီမတိုင္ခင္အထိ ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုနဲ႔ Playmaker ဆုကို တစ္ၿပိဳင္နက္ဆြတ္ခူးခဲ့သူမရွိဖူးဘဲ အခု ဟယ္ရီကိန္းက ဒီဆု(၂)ခုကို တစ္ရာသီထဲမွာ ရရွိခဲ့တဲ့ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။

ဟယ္ရီကိန္းဟာ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲအျဖစ္ လက္စတာအသင္းကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ စပါးအသင္းအတြက္ တစ္ဂိုးသြင္းယူခဲ့ၿပီး စပါးအသင္းကို လာမယ့္ရာသီမွာ ပထမဆုံးအႀကိမ္က်င္းပမယ့္ Europa Coference League ၿပိဳင္ပြဲဝင္ခြင့္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းအေနနဲ႔ သူ႔အနာဂတ္နဲ႔ပတ္သက္လို႔ စပါးအသင္းဥကၠဌလီဗိုင္နဲ႔ မၾကာခင္ေတြ႕ဆုံစကားေျပာဆိုသြားမွာျဖစ္ၿပီး သူကေတာ့ အဓိကၿပိဳင္ပြဲႀကီးေတြမွာ ပါဝင္ကစားခြင့္ရဖို႔ ဆႏၵျပင္းျပေနတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

ဂယ္ရီနဗီးလ္နဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ဟယ္ရီကိန္းက “လီဗိုင္နဲ႔ ေတြ႕ဆုံစကားေျပာျဖစ္မယ္ဆိုရင္ ဘယ္လိုအေျခအေနျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္မသိပါဘူး။

သူကေတာ့ ကြၽန္ေတာ့္ကို ေရာင္းဖို႔ဆႏၵရွိေနပါလိမ့္မယ္။

အခုအခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕တန္ဖိုးက ေပါင္သန္း(၁၀၀)ေလာက္ရွိေနေပမယ့္ လာမယ့္(၂)ႏွစ္၊ (၃)ႏွစ္ေလာက္ဆို အဲဒီေလာက္အထိရမွာမဟုတ္ဘူးလို႔ လီဗိုင္ ေတြးေကာင္းေတြးမိေနမွာပါ။

ကြၽန္ေတာ့္အေနနဲ႔က အဓိကၿပိဳင္ပြဲႀကီး(ခ်န္ပီယံလိဂ္)ေတြမွာ ကစားခြင့္ရဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

စပါးအသင္းမွာ ကစားသမားဘဝကုန္ဆုံးတဲ့အထိ ကစားသြားမယ္လို႔ မေျပာခဲ့ဖူးသလို စပါးအသင္းကေန ထြက္ခြာမယ္လို႔လည္း မေျပာဖူးပါဘူး။

အခုအခ်ိန္မွာ ကြၽန္ေတာ္ဟာ ဆုဖလားေတြဆြတ္ခူးႏိုင္မယ့္အေနအထားတစ္ခုေရာက္သင့္ေနၿပီျဖစ္ၿပီး ပရိသတ္ေတြကလည္း အဲဒီအတိုင္းေတြးထားမယ္လို႔ထင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။