ရာသီပိတ်ပွဲမှာ ဘိုလော့ဂ်နာကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားတဲ့ ဂျူဗင်တပ်စ်

၉နှစ်ဆက် စီးရီးအေချန်ပီယံဟောင်း ဂျူဗင်တပ်စ်ဟာ ရာသီပိတ်ပွဲမှာ ဘိုလော့ဂ်နာကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားပါတယ်။

ဂျူဗင်တပ်စ်ဟာ အဆင့် ၅နေရာနဲ့ စတင်ခဲ့ရပေမယ့် နာပိုလီအသင်း ဗီရိုနာနဲ့ ၁-၁ ဂိုးသရေကျသွားမှုကို အခွင့်ကောင်းယူကာ အဆင့် ၄နေရာရခဲ့တာပါ။


ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး စီရော်နယ်ဒိုမပါနိုင်ပေမယ့် ပထမပိုင်းမှာကတည်းက ချီယေဆာ၊ မိုရာတာ၊ ရာဘီယော့တို့ရဲ့သွင်းဂိုးတွေကြောင့် ဘိုလော့ဂ်နာကို -၃ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီးသိပ်မကြာခင် စပိန်လက်ရွေးစင် မိုရာတာက ဂျူဗင်တပ်စ်အတွက် အဆုံးသတ်ဂိုးသွင်းယူခဲ့ပြီး ဘိုလော့ဂ်နာအတွက် အော်ဆိုလိုနီက ပွဲပြီးခါနီးမှာ နှစ်သိမ့်ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။


ကျန်ပွဲစဉ်တွေအနက် ပွဲကောင်းဖြစ်တဲ့ အတ္တလန္တာနဲ့အေစီမီလန်ပွဲမှာ အေစီမီလန်က ကွင်းလယ်လူကက်ဆီးရဲ့ပင်နယ်တီသွင်းဂိုးတွေကြောင့် ဝ-၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။


ဒီနိုင်ပွဲကြောင့် အေစီမီလန်ဟာ အတ္တလန္တာကိုပါ ကျော်ဖြတ်ကာ အဆင့် ၂နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။

အေစီမီလန် ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာဖြစ်ပြီး အူဒီးနီးစ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံအင်တာထက် ၁၂ မှတ်လျော့နည်းခဲ့ပါတယ်။


ရာသီပိတ်မတိုင်ခင် တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ နာပိုလီက အိမ်ကွင်းမှာ ဗီရိုနာနဲ့ ၁-၁ ဂိုးသရေကျသွားလု့ိ အဆင့် ၅နေရာ ဆင်းပေးလိုက်ရပါတယ်။

zawgyi

ရာသီပိတ္ပြဲမွာ ဘိုေလာ့ဂ္နာကို ဂိုးျပတ္အႏိုင္ယူကာ ခ်န္ပီယံလိဂ္၀င္ခြင့္ရသြားတဲ့ ဂ်ဴဗင္တပ္စ္
၉ႏွစ္ဆက္ စီးရီးေအခ်န္ပီယံေဟာင္း ဂ်ဴဗင္တပ္စ္ဟာ ရာသီပိတ္ပြဲမွာ ဘိုေလာ့ဂ္နာကို ဂိုးျပတ္အႏိုင္ယူကာ ခ်န္ပီယံလိဂ္၀င္ခြင့္ရသြားပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ အဆင့္ ၅ေနရာနဲ႔ စတင္ခဲ့ရေပမယ့္ နာပိုလီအသင္း ဗီ႐ိုနာနဲ႔ ၁-၁ ဂိုးသေရက်သြားမႈကို အခြင့္ေကာင္းယူကာ အဆင့္ ၄ေနရာရခဲ့တာပါ။
ဂ်ဴဗင္တပ္စ္ဟာ တိုက္စစ္မွဴး စီေရာ္နယ္ဒိုမပါႏိုင္ေပမယ့္ ပထမပိုင္းမွာကတည္းက ခ်ီေယဆာ၊ မိုရာတာ၊ ရာဘီေယာ့တို႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ဘိုေလာ့ဂ္နာကို -၃ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီးသိပ္မၾကာခင္ စပိန္လက္ေရြးစင္ မိုရာတာက ဂ်ဴဗင္တပ္စ္အတြက္ အဆုံးသတ္ဂိုးသြင္းယူခဲ့ၿပီး ဘိုေလာ့ဂ္နာအတြက္ ေအာ္ဆိုလိုနီက ပြဲၿပီးခါနီးမွာ ႏွစ္သိမ့္ေခ်ပဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။
က်န္ပြဲစဥ္ေတြအနက္ ပြဲေကာင္းျဖစ္တဲ့ အတၱလႏၲာနဲ႔ေအစီမီလန္ပြဲမွာ ေအစီမီလန္က ကြင္းလယ္လူကက္ဆီးရဲ႕ပင္နယ္တီသြင္းဂိုးေတြေၾကာင့္ ၀-၂ ဂိုးနဲ႔ အႏိုင္ရသြားပါတယ္။
ဒီႏိုင္ပြဲေၾကာင့္ ေအစီမီလန္ဟာ အတၱလႏၲာကိုပါ ေက်ာ္ျဖတ္ကာ အဆင့္ ၂ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး အသင္းလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့ပါတယ္။

ေအစီမီလန္ ၂၀၁၃-၁၄ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့တာျဖစ္ၿပီး အူဒီးနီးစ္ကို ၅-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံအင္တာထက္ ၁၂ မွတ္ေလ်ာ့နည္းခဲ့ပါတယ္။

ရာသီပိတ္မတိုင္ခင္ တတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တဲ့ နာပိုလီက အိမ္ကြင္းမွာ ဗီ႐ိုနာနဲ႔ ၁-၁ ဂိုးသေရက်သြားလု႔ိ အဆင့္ ၅ေနရာ ဆင္းေပးလိုက္ရပါတယ္။