ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ဂိုးသွင်းဖို့ ပျမ်းမျှမိနစ်အနည်းဆုံးကစားသမားအဖြစ် စံချိန်တင်သွားတဲ့ အဂွဲရိုး

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ ကလပ်အသင်းတစ်သင်းအတွက် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ယူနိုက်တက်ဂန္ထဝင် ရွန်နီရဲ့မှတ်တမ်းကို ချိုးဖျက်ကာ အသင်းကို အကောင်းဆုံးပုံစံနဲ့ နှုတ်ဆက်နိုင်ခဲ့ပါတယ်။


စီးတီးအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ အဂွဲရိုးဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ထွက်ခွာတော့မှာဖြစ်ပြီး အဲဗာတန်ကို ၅-ဝဂိုးနဲ့ အနိုင်ရခဲ့တဲ့ရာသီပိတ်ပွဲမှာ ပရိသတ်တွေကို အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့ပါတယ်။
သူဟာ ပွဲချိန် ၆၅ မိနစ်မှာ လူစားဝင်လာပြီးနောက် ၂ဂိုးသွင်းယူနိုင်ခဲ့ရာ ယူနိုက်တက်အတွက် ၁၈၃ဂိုးသွင်းယူရင်း စံချိန်တင်ထားတဲ့ ရွန်နီရဲ့မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

အံ့အားသင့်စရာကောင်းတာကတော့ ၂၀၁၁ အတွင်း မန်စီးတီးအတွက် ပထမဆုံးပွဲအဖြစ် ဆွမ်ဆီးနဲ့ပွဲမှာ အခုလိုပဲ လူစားဝင်လာပြီးနောက် ၂ဂိုးသွင်းယူနိုင်ခဲ့တာပါ။


အဂွဲရိုးဟာ စနေနေ့မှာကစားရမယ့် ချဲလ်ဆီးနဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပေမယ့် စီးတီးသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားပြီးဖြစ်ပါတယ်။


အသက် ၃၂နှစ်အရွယ်ရှိ အဂွဲရိုးဟာ ၅ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြဂွါဒီယိုလာအတွက်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် အသင်းရဲ့စိတ်ဓာတ်ကို မြင့်မားစေခဲ့ပါတယ်။


အဂွဲရိုးဟာ ပြီးခဲ့တဲ့နွေရာသီက ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ယခုတစ်ရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ရာသီပိတ်ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အဂွဲရိုးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ဂိုးသွင်းဖို့ ပျမ်းမျှမိနစ်အနည်းဆုံးကစားသမားအဖြစ် စံချိန်တင်သွားပါတယ်။

zawgyi

ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ တစ္ဂိုးသြင္းဖို႔ ပ်မ္းမွ်မိနစ္အနည္းဆုံးကစားသမားအျဖစ္ စံခ်ိန္တင္သြားတဲ့ အဂြဲ႐ိုး
မန္စီးတီးတိုက္စစ္မွဴး အဂြဲ႐ိုးဟာ ကလပ္အသင္းတစ္သင္းအတြက္ ပရီးမီးယားလိဂ္ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ ယူႏိုက္တက္ဂႏၴ၀င္ ရြန္နီရဲ႕မွတ္တမ္းကို ခ်ိဳးဖ်က္ကာ အသင္းကို အေကာင္းဆုံးပုံစံနဲ႔ ႏႈတ္ဆက္ႏိုင္ခဲ့ပါတယ္။
စီးတီးအသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္တဲ့ အဂြဲ႐ိုးဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ ထြက္ခြာေတာ့မွာျဖစ္ၿပီး အဲဗာတန္ကို ၅-၀ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ရာသီပိတ္ပြဲမွာ ပရိသတ္ေတြကို အေကာင္းဆုံးႏႈတ္ဆက္ႏိုင္ခဲ့ပါတယ္။

သူဟာ ပြဲခ်ိန္ ၆၅ မိနစ္မွာ လူစား၀င္လာၿပီးေနာက္ ၂ဂိုးသြင္းယူႏိုင္ခဲ့ရာ ယူႏိုက္တက္အတြက္ ၁၈၃ဂိုးသြင္းယူရင္း စံခ်ိန္တင္ထားတဲ့ ရြန္နီရဲ႕မွတ္တမ္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

အံ့အားသင့္စရာေကာင္းတာကေတာ့ ၂၀၁၁ အတြင္း မန္စီးတီးအတြက္ ပထမဆုံးပြဲအျဖစ္ ဆြမ္ဆီးနဲ႔ပြဲမွာ အခုလိုပဲ လူစား၀င္လာၿပီးေနာက္ ၂ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
အဂြဲ႐ိုးဟာ စေနေန႔မွာကစားရမယ့္ ခ်ဲလ္ဆီးနဲ႔ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပါ၀င္ႏိုင္ဖို႔ အခြင့္အေရးရွိေနဆဲျဖစ္ေပမယ့္ စီးတီးသမိုင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းတင္ထားၿပီးျဖစ္ပါတယ္။
အသက္ ၃၂ႏွစ္အရြယ္ရွိ အဂြဲ႐ိုးဟာ ၅ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားရယူႏိုင္ခဲ့တာျဖစ္ၿပီး နည္းျပဂြါဒီယိုလာအတြက္လည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ အသင္းရဲ႕စိတ္ဓာတ္ကို ျမင့္မားေစခဲ့ပါတယ္။

အဂြဲ႐ိုးဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဒူးဒဏ္ရာခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးေနာက္ ယခုတစ္ရာသီလုံး ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
ဒါေပမဲ့ ရာသီပိတ္ပြဲမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အဂြဲ႐ိုးဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ တစ္ဂိုးသြင္းဖို႔ ပ်မ္းမွ်မိနစ္အနည္းဆုံးကစားသမားအျဖစ္ စံခ်ိန္တင္သြားပါတယ္။