တစ်ကျော့ပြန်ချန်ပီယံ အင်တာမီလန်နဲ့ စံချိန်မှတ်တမ်းသစ်ရရှိခဲ့သူ အက်ရှ်လေယန်း

စီးရီးအေမှာ တစ်ကျော့ပြန် ချန်ပီယံဖြစ်လာတဲ့ အင်တာမီလန်အသင်းဟာ ရာသီပိတ်ပွဲစဉ်မှာ အူဒီးနိးစ်အသင်းကို ၅-၁ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

အင်တာမီလန်အသင်း ရတဲ့ ၅ဂိုးထဲမှာ ယူနိုက်တက် ကစားသမားဟောင်း အက်ရှ်လေယန်းသွင်းတဲ့ ဂိုးလည်း ပါဝင်ခဲ့ပြီး သူဟာ ပွဲချိန် ၈မိနစ ်မှာပဲ ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ ဒီရာသီမှာ အင်တာမီလန်အသင်းအတွက် အက်ရှ်လေယန်း ပထမဆုံးသွင်းယူပေးခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်။

ဒီသွင်းဂိုးကြောင့် သူဟာ စီးရီးအေမှာ အင်္ဂလန်ကစားသမားတွေအတွက် မှတ်တမ်းတစ်ခု ထပ်ရသွားခဲ့ပါတယ်။

အက်ရှ်လေယန်း ဟာ လယူနိုက်တက်၊ လီဗာပူးနဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ပေါလ်အင့်စ် နောက်ပိုင်း စီးရီးအေပြိုင်ပွဲမှာ ၂ ရာသီ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

တိုက်ဆိုင်တာက ပေါလ်အင့်စ်တုန်းကလည်း အင်တာမီလန်အသင်းအတွက်ဂိုးသွင်းပေးနိုင်ခဲ့တာပါပဲ။

ပေါလ်အင့်စ် ဟာ အင်တာမီလန် အသင်းမှာ ၁၉၉၅-၉၆နဲ့ ၁၉၉၆-၉၇ ဘောလုံးရာသီတွေမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခုတော့ ဒီမှတ်တမ်းကို နှစ်ပေါင်း ၂၆နှစ်အကြာမှာ အအက်ရှ်လေယန်းက အမှီလိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အက်ရှ်လေယန်း ဟာ ဒီရာသီ ဥရောပထိပ်တန်းလိဂ် ၅ခု မှာ ကစားနေတဲ့ အင်္ဂလန်ကစားသမားတွေထဲမှာ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းဖြစ်တဲ့ သူဟာ ဂိုးသွင်းနိုင်လိုက်တဲ့အချိန်မှာ အသက်၃၅နှစ် နဲ့ ၃၁၈ရက် ရှိနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အက်ရှ်လေယန်းနဲ့ စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းတို့ရဲ့ အနာဂတ်ဟာ မသေချာသေးပဲ ကစားသမားရဲ့စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။

အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီဝက်က ယူနိုက်တက်အသင်းကနေ ရောက်ရှိလာတဲ့ အင်တာမီလန်အတွက် ပွဲပေါင်း ၅၉ပွဲ ပါဝင်ကစားခဲ့ပြီး ၅ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ အသင်း‌ဟောင်း ဝက်ဖိုဒ့်အသင်းကို အက်ရှ်လေယန်းတစ်ယောက် ပြန်လည်ပြောင်းရွှေ့ဖွယ်
ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

zawgyi

တစ္ေက်ာ့ျပန္ခ်န္ပီယံ အင္တာမီလန္နဲ႔ စံခ်ိန္မွတ္တမ္းသစ္ရရွိခဲ့သူ အက္ရွ္ေလယန္း

စီးရီးေအမွာ တစ္ေက်ာ့ျပန္ ခ်န္ပီယံျဖစ္လာတဲ့ အင္တာမီလန္အသင္းဟာ ရာသီပိတ္ပြဲစဥ္မွာ အူဒီးနိးစ္အသင္းကို ၅-၁ နဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့ပါတယ္။

အင္တာမီလန္အသင္း ရတဲ့ ၅ဂိုးထဲမွာ ယူႏိုက္တက္ ကစားသမားေဟာင္း အက္ရွ္ေလယန္းသြင္းတဲ့ ဂိုးလည္း ပါဝင္ခဲ့ၿပီး သူဟာ ပြဲခ်ိန္ ၈မိနစ ္မွာပဲ ္အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ဒီဂိုးဟာ ဒီရာသီမွာ အင္တာမီလန္အသင္းအတြက္ အက္ရွ္ေလယန္း ပထမဆုံးသြင္းယူေပးခဲ့တဲ့ ဂိုးလည္းျဖစ္ပါတယ္။

ဒီသြင္းဂိုးေၾကာင့္ သူဟာ စီးရီးေအမွာ အဂၤလန္ကစားသမားေတြအတြက္ မွတ္တမ္းတစ္ခု ထပ္ရသြားခဲ့ပါတယ္။

အက္ရွ္ေလယန္း ဟာ လယူႏိုက္တက္၊ လီဗာပူးနဲ႔ အဂၤလန္လက္ေ႐ြးစင္ကစားသမားေဟာင္း ေပါလ္အင့္စ္ ေနာက္ပိုင္း စီးရီးေအၿပိဳင္ပြဲမွာ ၂ ရာသီ ဆက္တိုက္ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံး အဂၤလိပ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

တိုက္ဆိုင္တာက ေပါလ္အင့္စ္တုန္းကလည္း အင္တာမီလန္အသင္းအတြက္ ဂိုးသြင္းေပးႏိုင္ခဲ့တာပါပဲ။

ေပါလ္အင့္စ္ ဟာ အင္တာမီလန္ အသင္းမွာ ၁၉၉၅-၉၆နဲ႔ ၁၉၉၆-၉၇ ေဘာလုံးရာသီေတြမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အခုေတာ့ ဒီမွတ္တမ္းကို ႏွစ္ေပါင္း ၂၆ႏွစ္အၾကာမွာ အအက္ရွ္ေလယန္းက အမွီလိုက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ အက္ရွ္ေလယန္း ဟာ ဒီရာသီ ဥေရာပထိပ္တန္းလိဂ္ ၅ခု မွာ ကစားေနတဲ့ အဂၤလန္ကစားသမားေတြထဲမွာ အသက္အႀကီးဆုံး ဂိုးသြင္းသူအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့တာပါ။

အဂၤလန္လက္ေ႐ြးစင္ ကစားသမားေဟာင္းျဖစ္တဲ့ သူဟာ ဂိုးသြင္းႏိုင္လိုက္တဲ့အခ်ိန္မွာ အသက္၃၅ႏွစ္ နဲ႔ ၃၁၈ရက္ ရွိေနတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အက္ရွ္ေလယန္းနဲ႔ စီးရီးေအခ်န္ပီယံ အင္တာမီလန္အသင္းတို႔ရဲ႕ အနာဂတ္ဟာ မေသခ်ာေသးပဲ ကစားသမားရဲ႕စာခ်ဳပ္ဟာ ဒီေႏြရာသီမွာ ကုန္ဆုံးေတာ့မွာလည္းျဖစ္ပါတယ္။

အက္ရွ္ေလယန္းဟာ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီဝက္က ယူႏိုက္တက္အသင္းကေန ေရာက္ရွိလာတဲ့ အင္တာမီလန္အတြက္ ပြဲေပါင္း ၅၉ပြဲ ပါဝင္ကစားခဲ့ၿပီး ၅ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာတဲ့ အသင္း‌ေဟာင္း ဝက္ဖိုဒ့္အသင္းကို အက္ရွ္ေလယန္းတစ္ေယာက္ ျပန္လည္ေျပာင္းေ႐ႊ႕ဖြယ္
ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။