စပိန်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ရာမို့စ်

စပိန်အသင်းနည်းပြလူးဝစ်အင်းနရစ်ဟာ လာမယ့်ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ကစားသမား(၂၄)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ဝါရင့်နောက်ခံလူ ရာမို့စ်ကို အံ့အားသင့်စရာကောင်းလောက်အောင် ရွေးချယ်ခံခဲ့ခြင်းမရှိဘဲ မန်စီးတီးအသင်းရဲ့လူငယ်နောက်ခံလူ အဲရစ်ဂါစီယာကို အသင်းလူစာရင်းမှာထည့်သွင်းခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ ရာမို့စ်ဟာ စပိန်အသင်းရဲ့ ပွဲအများဆုံးကစားသမားအဖြစ် ပွဲပေါင်း(၁၈၀)နဲ့ စံချိန်တင်ထားသလို အသင်းသမိုင်းတစ်လျှောက် (၈)ဦးမြောက် သွင်းဂိုးအများဆုံးကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ရာမို့စ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ရီးယဲလ်အသင်းအတွက် လာလီဂါ(၁၅)ပွဲသာကစားခွင့်ရခဲ့သလို ပြိုင်ပွဲစုံမှာတော့ (၂၁)ပွဲသာကစားခဲ့ရပါတယ်။

နည်းပြအင်းနရစ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းလူစာရင်းမှာ ရာမို့စ်ကို ချန်လှပ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတည်းက ရာမို့စ်ဆီ ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။

အင်းနရစ်က “ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မယ့် စပိန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်ရာမို့စ်အတွက် စိတ်မကောင်းပါဘူးလို့ သတင်းစကားပါးလိုက်ပါတယ်။

ရာမို့စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ဒဏ်ရာကြောင့် အကောင်းဆုံးပုံစံမှာမရှိခဲ့ဘဲ လေ့ကျင့်ခန်းလည်းမဆင်းနိုင်ခဲ့ပါဘူး။

သူ့ကို လူစာရင်းကနေ ချန်လှပ်ဖို့ ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး ဒါပေမဲ့ အသင်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ရာမို့စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် အခုနှစ်အတွင်း လာလီဂါမှာ သူပွဲထွက်ကစားခွင့်ရခဲ့တာက (၂)ပွဲသာရှိခဲ့ပါတယ်။

လက်ရှိစပိန်ကစားသမားတွေထဲမှာ ယူရို-၂၀၀၈ ချန်ပီယံအသင်းက ကစားသမားဆိုလို့ ရာမို့စ်တစ်ဦးတည်းသာရှိတော့ပေမယ့် အခုအချိန်မှာတော့ လူစာရင်းကနေချန်လှပ်ခဲ့ရတာကြောင့် စပိန်အသင်းမှာ ယူရို-၂၀၀၈ ချန်ပီယံအသင်းက ကစားသမားတစ်ယောက်မှမရှိတော့ပါဘူး။

UEFA က ယူရိုပြိုင်ပွဲအတွက် ကစားသမား(၂၆)ဦးအထိရွေးချယ်ဖို့ စည်းမျဉ်းပြောင်းလဲခဲ့ပေမယ့် အင်းနရစ်ကတော့ ကစားသမား(၂၄)ဦးသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းလူစာရင်းမှာ အခုလအစောပိုင်းတုန်းက ပြင်သစ်ကနေ စပိန်နိုင်ငံသားအဖြစ် ခံယူခွင့်ရရှိခဲ့တဲ့ မန်စီးတီးနောက်ခံလူ လာပေ့ါတ် ပါဝင်ခဲ့ပြီး သူ့ရဲ့ ကလပ်အသင်းဖော်တွေဖြစ်တဲ့ အဲရစ်ဂါစီယာ၊ ရိုဒရီ၊ ဖာရန်တော်ရက်စ်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် စပိန်အသင်းလူစာရင်း

Goalkeepers: Unai Simon (Athletic Bilbao), David de Gea (Manchester United), Robert Sanchez (Brighton)

Defenders: Pau Torres (Villarreal), Aymeric Laporte (Manchester City), Diego Llorente (Leeds United), Eric Garcia (Manchester City), Jordi Alba (Barcelona), Jose Gaya (Valencia) Cesar Azpilicueta (Chelsea)

Midfielders: Sergio Busquets (Barcelona) Rodri (Manchester City), Thiago Alcantara (Liverpool), Pedri (Barcelona), Marcos Llorente (Atletico Madrid), Koke (Atletico Madrid), Fabian Ruiz (Napoli)

Forwards: Gerard Moreno (Villarreal), Ferran Torres (Manchester City), Mikel Oyarzabal (Real Sociedad), Alvaro Morata (Juventus), Dani Olmo (RB Leipzig), Pablo Sarabia (Paris Saint-Germain), Adama Traore (Wolves)

zawgyi

စပိန္အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့ ရာမို႔စ္

စပိန္အသင္းနည္းျပလူးဝစ္အင္းနရစ္ဟာ လာမယ့္ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအတြက္ ကစားသမား(၂၄)ဦးစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး ဝါရင့္ေနာက္ခံလူ ရာမို႔စ္ကို အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေ႐ြးခ်ယ္ခံခဲ့ျခင္းမရွိဘဲ မန္စီးတီးအသင္းရဲ႕လူငယ္ေနာက္ခံလူ အဲရစ္ဂါစီယာကို အသင္းလူစာရင္းမွာထည့္သြင္းခဲ့ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရာမို႔စ္ဟာ စပိန္အသင္းရဲ႕ ပြဲအမ်ားဆုံးကစားသမားအျဖစ္ ပြဲေပါင္း(၁၈၀)နဲ႔ စံခ်ိန္တင္ထားသလို အသင္းသမိုင္းတစ္ေလွ်ာက္ (၈)ဦးေျမာက္ သြင္းဂိုးအမ်ားဆုံးကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ရာမို႔စ္အေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ရီးယဲလ္အသင္းအတြက္ လာလီဂါ(၁၅)ပြဲသာကစားခြင့္ရခဲ့သလို ၿပိဳင္ပြဲစုံမွာေတာ့ (၂၁)ပြဲသာကစားခဲ့ရပါတယ္။

နည္းျပအင္းနရစ္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအတြက္ လက္ေ႐ြးစင္အသင္းလူစာရင္းမွာ ရာမို႔စ္ကို ခ်န္လွပ္ခဲ့တဲ့အေၾကာင္းနဲ႔ပတ္သက္လို႔ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ကတည္းက ရာမို႔စ္ဆီ ဖုန္းဆက္အေၾကာင္းၾကားခဲ့တာပါ။

အင္းနရစ္က “ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဝင္မယ့္ စပိန္အသင္းလူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရတဲ့ ကြၽန္ေတာ္တို႔ရဲ႕အသင္းေခါင္းေဆာင္ရာမို႔စ္အတြက္ စိတ္မေကာင္းပါဘူးလို႔ သတင္းစကားပါးလိုက္ပါတယ္။

ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းက ဒဏ္ရာေၾကာင့္ အေကာင္းဆုံးပုံစံမွာမရွိခဲ့ဘဲ ေလ့က်င့္ခန္းလည္းမဆင္းႏိုင္ခဲ့ပါဘူး။

သူ႔ကို လူစာရင္းကေန ခ်န္လွပ္ဖို႔ ခက္ခက္ခဲခဲနဲ႔ ဆုံးျဖတ္ခဲ့ရတာျဖစ္ၿပီး ဒါေပမဲ့ အသင္းအတြက္ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့တာပဲျဖစ္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက ဒူးဒဏ္ရာခြဲစိတ္ကုသမႈခံယူခဲ့ရတာေၾကာင့္ အခုႏွစ္အတြင္း လာလီဂါမွာ သူပြဲထြက္ကစားခြင့္ရခဲ့တာက (၂)ပြဲသာရွိခဲ့ပါတယ္။

လက္ရွိစပိန္ကစားသမားေတြထဲမွာ ယူ႐ို-၂၀၀၈ ခ်န္ပီယံအသင္းက ကစားသမားဆိုလို႔ ရာမို႔စ္တစ္ဦးတည္းသာရွိေတာ့ေပမယ့္ အခုအခ်ိန္မွာေတာ့ လူစာရင္းကေနခ်န္လွပ္ခဲ့ရတာေၾကာင့္ စပိန္အသင္းမွာ ယူ႐ို-၂၀၀၈ ခ်န္ပီယံအသင္းက ကစားသမားတစ္ေယာက္မွမရွိေတာ့ပါဘူး။

UEFA က ယူ႐ိုၿပိဳင္ပြဲအတြက္ ကစားသမား(၂၆)ဦးအထိေ႐ြးခ်ယ္ဖို႔ စည္းမ်ဥ္းေျပာင္းလဲခဲ့ေပမယ့္ အင္းနရစ္ကေတာ့ ကစားသမား(၂၄)ဦးသာေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

စပိန္အသင္းလူစာရင္းမွာ အခုလအေစာပိုင္းတုန္းက ျပင္သစ္ကေန စပိန္ႏိုင္ငံသားအျဖစ္ ခံယူခြင့္ရရွိခဲ့တဲ့ မန္စီးတီးေနာက္ခံလူ လာေပ့ါတ္ ပါဝင္ခဲ့ၿပီး သူ႔ရဲ႕ ကလပ္အသင္းေဖာ္ေတြျဖစ္တဲ့ အဲရစ္ဂါစီယာ၊ ႐ိုဒရီ၊ ဖာရန္ေတာ္ရက္စ္တို႔လည္း ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအတြက္ စပိန္အသင္းလူစာရင္း

Goalkeepers: Unai Simon (Athletic Bilbao), David de Gea (Manchester United), Robert Sanchez (Brighton)

Defenders: Pau Torres (Villarreal), Aymeric Laporte (Manchester City), Diego Llorente (Leeds United), Eric Garcia (Manchester City), Jordi Alba (Barcelona), Jose Gaya (Valencia) Cesar Azpilicueta (Chelsea)

Midfielders: Sergio Busquets (Barcelona) Rodri (Manchester City), Thiago Alcantara (Liverpool), Pedri (Barcelona), Marcos Llorente (Atletico Madrid), Koke (Atletico Madrid), Fabian Ruiz (Napoli)

Forwards: Gerard Moreno (Villarreal), Ferran Torres (Manchester City), Mikel Oyarzabal (Real Sociedad), Alvaro Morata (Juventus), Dani Olmo (RB Leipzig), Pablo Sarabia (Paris Saint-Germain), Adama Traore (Wolves)