ငါဘယ်လောက်အထိ စွမ်းဆောင်နိုင်သေးတယ်ဆိုတာ မင်းသိသင့်တယ်…ကိုးလ်မန်း (၂)

ဆွာရက်ဇ် အီတလီ B1 စာမေးပွဲ

ကျွန်တော် ဘာစီလိုနာကနေ ထွက်တော့မယ်လို့ ကြေငြာလိုက်တဲ့အချိန်မှာ ဥရောပအသင်းတော်တော်များများက ကမ်းလှမ်းခဲ့လာကြပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှုကတော့ အီတလီက ဂျူဗင်တပ်စ် အသင်းကို ပိုပြီး စိတ်ဝင်စားမိခဲ့တယ်။

ဂျူဗင်တပ်အသင်းနဲ့လည်း သဘောတူညီမှုတစ်ချို့လုပ်ဆောင်နိုင်ခဲ့ပြီ ဘာစီလိုနာကလည်း အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ဖို့ကလည်းအဆင်ပြေပြီဆိုတော့ နောက်ရာသီမှာ ကျွန်တော်က ဂျူဗင်တပ်စ် အသင်းသားဖြစ်ပြီပေါ့။ စီရော်နယ်ဒိုနဲ့လည်း တစ်သင်းတည်းမှာ အတူကစားဖို့ ဖြစ်လာပြီ။

ဒါပေမယ့် ကိစ္စတစ်ခုတော့ရှိနေတယ် ဂျူဗင်တပ် အနေနဲ့ အီးယူမဟုတ်တဲ့ကစားသမား (၂)ဦးသာ ခေါ်ယူခွင့်ရှိတယ်။
သူတို့က အာသာနဲ့ မက်ကန်နီတို့ကို ခေါ်ယူထားပြီးဖြစ်လို့ နောက်ထပ် အီးယူနိုင်ငံသားမဟုတ်တဲ့ကစားသမားထပ်မံခေါ်ယူခွင့်မရှိတော့ပါဘူး။

ဒါကြောင့် ကျွန်တော် B1 ဒီပလိုမာအောင်လက်မှတ် ရဖို့လိုနေတယ်။

B1 ဒီပလိုမာရဖို့ အီတလီတွေရဲ့ နေစဉ်သုံးဘာသာစကား အရေးအဖတ်အပြောနဲ့ နားလည်နိုင်စွမ်းတွေကို စစ်ဆေးတဲ့ မေးမြန်းမှုတွေကို ဖြေရမှာ ဒီမေးမြန်းမှုတွေကို ဖြေဆိုဖို့ ကျွန်တော် ပီရူးဂျီယာမှာ စာမေးပွဲသွားဖြေရမယ္။

ရလဒ်နဲ့ အခြေအနေကတော့ ခင်ဗျာတို့သိပါတယ်။

အရမ်းအဆင်မပြေခဲ့သလို ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ကိစ္စကလည်း ပျက်သွားခဲ့တယ်။

ဘောလုံးရာသီကလည်း ပြန်စတော့မှာဆိုတော့ ကစားခွင့်ရမယ့် အသင်းတစ်ခုခုကို ကျွန်တော်ရောက်နေဖို့လိုတယ်။

ဆွာရက်ဇ် အက်တလက်တီကို

အက်တလက်တီကိုမက်ဒရစ်က ကမ်းလှမ်းလာတယ်…ဟုတ်လား၊
မက်ဒရစ်ဆိုတာ ဘာစီလိုနာရဲ့ ပြိုင်ဘက် မြို့၊ နည်းပြက ဒေါသအိုး ဆီမြွန်နီ။
စဉ်းစား…ဘာလုပ်ရမလဲ…? နွေရာသီ ပြောင်းရွှေ့ ချိန်ကလည်း ပိတ်ဖို့နီနေပြီ။

ဒီအသင်းကလည်း လာလီဂါ ချန်ပီယံဆု ကို ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့လိုမျိုးပဲ စိန်ခေါ်နိုင်တဲ့ လူအင်အားရှိနေတဲ့အသင်းတစ်သင်းပါပဲ။
အက်တလက်တီကိုကနေပြောင်းလာတဲ့ ဂိုဒင် နဲ့ ဂရစ်ဇ်မန်တို့ကို အဲ့သည့်အသင်းနဲ့ ပတ်သက်တဲ့အကြောင်း တွေ မေးကြည့်ရမယ်။

ဂိုဒင် နဲ့ ဂရစ်ဇ်မန်တို့ပြောတဲ့ အက်တလက်တီကိုနဲ့ ပတ်သက်တဲ့အကြောင်းတွေက အားလုံး အကောင်းတွေချည်းပဲ သူတို့နှစ်ယောက် စလုံးကလဲ အဲ့သည့်ကလပ်မှာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ကြတာကို ကျွန်တော် သိချင်တဲ့ အကြောင်းတွေ ၊ ကျွန်တော့် အတွက် လိုအပ်မယ် ထင်တာတွေ အားလုံးကို သူတို့က ပြောပြပေးခဲ့ကြပါတယ်။

ကျွန်တော့် အတွေ့အကြုံအရ ဆုံးဖြတ်ချက် မချခင်မှာ လူတစ်ယောက်နဲ့ နောက်ဆုံး စကားပြောကြည့်ရမယ်။
ကျွန်တော့်အပေါ်မှာ သူ့ရဲ့ထင်မြင်ချက် ဘယ်လိုရှိမလဲ…?၊
ကျွန်တော် တွေ့မယ့် သူက နည်းပြ ဆီမြွန်နီ၊ လာလီဂါရဲ့ ဒေါသအိုး။


နည်းပြ ဆီမြွန်နီ နဲ့တွေ့ဆုံးခြင်းကလည်း အရေးပါခဲ့တယ်။
ကျွန်တော် ဆီမြွန်နီနဲ့ စကားပြောဖြစ်ခဲ့ပြီးချိန်မှာ ဆုံးဖြတ်ချက်ချလို့ရခဲ့ပြီ အက်တလက်တီကိုကိုပြောင်းတော့မယ်။
သူနဲ့ တွေ့ပြီးချိန်မှာ အပြင်မှာထွက်နေတဲ့ သတင်းတွေလိုတော့ အရမ်းဆိုးတဲ့သူတစ်ယောက်တော့မဟုတ်ဘူး။

အိုက်ဒီယာကောင်းတွေ အပြည့်နဲ့ လူတစ်ယောက်ဘဲ စိတ်ဓါတ် ခွန်အားတွေကိုလဲ ပြန်ရလာတယ်။


ကျွန်တော် ဒီကလပ် နဲ့ နောက်ထပ် ဖလားတွေ အများကြီး ဆွတ်ခူးသွားနိုင်အောင် ကြိုးစားသွားမယ် အသင်းရဲ့ အောင်မြင်မှုတွေ ရရှိဖို့ အတွက်လဲ ကူညီပေးနိုင်လိမ့်မယ် ထင်တယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဆွာရက်ဇ်။ အထင်သေးတဲ့သူတွေကို သင်ခန်းစာပေးရအုံးမယ်။

အေဂျက် ၊ လီဗာပူး ၊ ဘာစီလိုနာ တို့လို လုံး၀ မတူတဲ့ ကစားဟန်တွေ အောက်မှာ ၊ တစ်သားတည်း ဖြစ်အောင် ကစားပြနိုင်ခဲ့တဲ့ သူတစ်ယောက်က တီကို ရဲ့ ကစားဟန် နဲ့ ပတ်သက်ပြီးတော့လဲ စိုးရိမ်နေစရာ မလိုပါဘူး။
ကျွန်တော့်အတွက် နောက်ထပ်ခရီးမှတ်တိုင်တစ်ခု စတင်တော့မယ်။

zawgyi

ငါဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္ေသးတယ္ဆိုတာ မင္းသိသင့္တယ္…ကိုးလ္မန္း (၂)
ဆြာရက္ဇ္ အီတလီ B1 စာေမးပြဲ

ကြၽန္ေတာ္ ဘာစီလိုနာကေန ထြက္ေတာ့မယ္လို႔ ေၾကျငာလိုက္တဲ့အခ်ိန္မွာ ဥေရာပအသင္းေတာ္ေတာ္မ်ားမ်ားက ကမ္းလွမ္းခဲ့လာၾကပါတယ္။

ကြၽန္ေတာ့္ရဲ႕ ေ႐ြးခ်ယ္မႈကေတာ့ အီတလီက ဂ်ဴဗင္တပ္စ္ အသင္းကို ပိုၿပီး စိတ္ဝင္စားမိခဲ့တယ္။

ဂ်ဴဗင္တပ္အသင္းနဲ႔လည္း သေဘာတူညီမႈတစ္ခ်ိဳ႕လုပ္ေဆာင္ႏိုင္ခဲ့ၿပီ ဘာစီလိုနာကလည္း အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ ထြက္ဖို႔ကလည္းအဆင္ေျပၿပီဆိုေတာ့ ေနာက္ရာသီမွာ ကြၽန္ေတာ္က ဂ်ဴဗင္တပ္စ္ အသင္းသားျဖစ္ၿပီေပါ့။ စီေရာ္နယ္ဒိုနဲ႔လည္း တစ္သင္းတည္းမွာ အတူကစားဖို႔ ျဖစ္လာၿပီ။

ဒါေပမယ့္ ကိစၥတစ္ခုေတာ့ရွိေနတယ္ ဂ်ဴဗင္တပ္ အေနနဲ႔ အီးယူမဟုတ္တဲ့ကစားသမား (၂)ဦးသာ ေခၚယူခြင့္ရွိတယ္။
သူတို႔က အာသာနဲ႔ မက္ကန္နီတို႔ကို ေခၚယူထားၿပီးျဖစ္လို႔ ေနာက္ထပ္ အီးယူႏိုင္ငံသားမဟုတ္တဲ့ကစားသမားထပ္မံေခၚယူခြင့္မရွိေတာ့ပါဘူး။

ဒါေၾကာင့္ ကြၽန္ေတာ္ B1 ဒီပလိုမာေအာင္လက္မွတ္ ရဖို႔လိုေနတယ္။

B1 ဒီပလိုမာရဖို႔ အီတလီေတြရဲ႕ ေနစဥ္သုံးဘာသာစကား အေရးအဖတ္အေျပာနဲ႔ နားလည္ႏိုင္စြမ္းေတြကို စစ္ေဆးတဲ့ ေမးျမန္းမႈေတြကို ေျဖရမွာ ဒီေမးျမန္းမႈေတြကို ေျဖဆိုဖို႔ ကြၽန္ေတာ္ ပီ႐ူးဂ်ီယာမွာ စာေမးပြဲသြားေျဖရမယ္။
ရလဒ္နဲ႔ အေျခအေနကေတာ့ ခင္ဗ်ာတို႔သိပါတယ္။

အရမ္းအဆင္မေျပခဲ့သလို ဂ်ဴဗင္တပ္ဆီ ေျပာင္းေ႐ႊ႕ဖို႔ကိစၥကလည္း ပ်က္သြားခဲ့တယ္။
ေဘာလုံးရာသီကလည္း ျပန္စေတာ့မွာဆိုေတာ့ ကစားခြင့္ရမယ့္ အသင္းတစ္ခုခုကို ကြၽန္ေတာ္ေရာက္ေနဖို႔လိုတယ္။

ဆြာရက္ဇ္ အက္တလက္တီကို

အက္တလက္တီကိုမက္ဒရစ္က ကမ္းလွမ္းလာတယ္…ဟုတ္လား၊
မက္ဒရစ္ဆိုတာ ဘာစီလိုနာရဲ႕ ၿပိဳင္ဘက္ ၿမိဳ႕၊ နည္းျပက ေဒါသအိုး ဆီႁမြန္နီ။
စဥ္းစား…ဘာလုပ္ရမလဲ…? ေႏြရာသီ ေျပာင္းေ႐ႊ႕ ခ်ိန္ကလည္း ပိတ္ဖို႔နီေနၿပီ။

ဒီအသင္းကလည္း လာလီဂါ ခ်န္ပီယံဆု ကို ဘာစီလိုနာ နဲ႔ ရီးရဲ မက္ဒရစ္ တို႔လိုမ်ိဳးပဲ စိန္ေခၚႏိုင္တဲ့ လူအင္အားရွိေနတဲ့အသင္းတစ္သင္းပါပဲ။

အက္တလက္တီကိုကေနေျပာင္းလာတဲ့ ဂိုဒင္ နဲ႔ ဂရစ္ဇ္မန္တို႔ကို အဲ့သည့္အသင္းနဲ႔ ပတ္သက္တဲ့အေၾကာင္း ေတြ ေမးၾကည့္ရမယ္။

ဂိုဒင္ နဲ႔ ဂရစ္ဇ္မန္တို႔ေျပာတဲ့ အက္တလက္တီကိုနဲ႔ ပတ္သက္တဲ့အေၾကာင္းေတြက အားလုံး အေကာင္းေတြခ်ည္းပဲ သူတို႔ႏွစ္ေယာက္ စလုံးကလဲ အဲ့သည့္ကလပ္မွာ ေအာင္ျမင္မႈေတြ အမ်ားႀကီး ရယူႏိုင္ခဲ့ၾကတာကို ကြၽန္ေတာ္ သိခ်င္တဲ့ အေၾကာင္းေတြ ၊ ကြၽန္ေတာ့္ အတြက္ လိုအပ္မယ္ ထင္တာေတြ အားလုံးကို သူတို႔က ေျပာျပေပးခဲ့ၾကပါတယ္။

ကြၽန္ေတာ့္ အေတြ႕အႀကဳံအရ ဆုံးျဖတ္ခ်က္ မခ်ခင္မွာ လူတစ္ေယာက္နဲ႔ ေနာက္ဆုံး စကားေျပာၾကည့္ရမယ္။

ကၽန္ေတာ့္အေပၚမွာ သူ႔ရဲ႕ထင္ျမင္ခ်က္ ဘယ္လိုရွိမလဲ…?၊
ကြၽန္ေတာ္ ေတြ႕မယ့္ သူက နည္းျပ ဆီႁမြန္နီ၊ လာလီဂါရဲ႕ ေဒါသအိုး။
နည္းျပ ဆီႁမြန္နီ နဲ႔ေတြ႕ဆုံးျခင္းကလည္း အေရးပါခဲ့တယ္။

ကြၽန္ေတာ္ ဆီႁမြန္နီနဲ႔ စကားေျပာျဖစ္ခဲ့ၿပီးခ်ိန္မွာ ဆုံးျဖတ္ခ်က္ခ်လို႔ရခဲ့ၿပီ အက္တလက္တီကိုကိုေျပာင္းေတာ့မယ္။
သူနဲ႔ ေတြ႕ၿပီးခ်ိန္မွာ အျပင္မွာထြက္ေနတဲ့ သတင္းေတြလိုေတာ့ အရမ္းဆိုးတဲ့သူတစ္ေယာက္ေတာ့မဟုတ္ဘူး။

အက္ဒီယာေကာင္းေတြ အျပည့္နဲ႔ လူတစ္ေယာက္ဘဲ စိတ္ဓါတ္ ခြန္အားေတြကိုလဲ ျပန္ရလာတယ္။
ကြၽန္ေတာ္ ဒီကလပ္ နဲ႔ ေနာက္ထပ္ ဖလားေတြ အမ်ားႀကီး ဆြတ္ခူးသြားႏိုင္ေအာင္ ႀကိဳးစားသြားမယ္ အသင္းရဲ႕ ေအာင္ျမင္မႈေတြ ရရွိဖို႔ အတြက္လဲ ကူညီေပးႏိုင္လိမ့္မယ္ ထင္တယ္။

ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္က ဆြာရက္ဇ္။ အထင္ေသးတဲ့သူေတြကို သင္ခန္းစာေပးရအုံးမယ္။

ေအဂ်က္ ၊ လီဗာပူး ၊ ဘာစီလိုနာ တို႔လို လုံး၀ မတူတဲ့ ကစားဟန္ေတြ ေအာက္မွာ ၊ တစ္သားတည္း ျဖစ္ေအာင္ ကစားျပႏိုင္ခဲ့တဲ့ သူတစ္ေယာက္က တီကို ရဲ႕ ကစားဟန္ နဲ႔ ပတ္သက္ၿပီးေတာ့လဲ စိုးရိမ္ေနစရာ မလိုပါဘူး။

ကြၽန္ေတာ့္အတြက္ ေနာက္ထပ္ခရီးမွတ္တိုင္တစ္ခု စတင္ေတာ့မယ္။