အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တစ်ရာသီအတွင်း အဝေးကွင်းရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်ခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးနဲ့အပြိုင်စိန်ခေါ်ချင်ရင် ကစားသမားသစ်တွေ ခေါ်ဖို့လိုတယ်လို့ မကြာခဏပြောခဲ့တယ်။

အဲဒါက သိပ်မှန်ပါတယ်။ ယူနိုက်တက်အသင်းမှာ အရန်ကစားသမားတွေရဲ့ အရည်အသွေးပိုင်း၊ ခြေစွမ်းပိုင်းက မန်စီးတီးရဲ့ အရန်အင်အားစုနဲ့ယှဉ်နိုင်ဖို့ခက်တယ်။

ဖူလ်ဟမ်နဲ့ လီဗာပူးလ်ပွဲကလွဲလို့ လက်စတာ၊ အခု ဝုလ်ဗ်နဲ့ပွဲတွေမှာ ဆိုးလ်ရှားဟာ အရန်ကစားသမားတွေ အများစုထုတ်သုံးခဲ့ပြီး ဒီကစားသမားတွေဟာ ဖြစ်သင့်တဲ့စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့ကြဘူး။

စီနီယာကစားသမားတွေဖြစ်တဲ့ မာတာ၊ ဗန်ဒီဘိခ်၊ မာတစ်၊ ဒန်နီယဲလ်ဂျိမ်းစ်တို့ဟာ ပွဲထွက်ခွင့်ရတဲ့အချိန်မှာ သာမန်ထက်မပိုတဲ့ စွမ်းဆောင်ရည်မျိုးသာ ပြသနိုင်ခဲ့တယ်။

လူငယ်တွေဖြစ်တဲ့ ဒီယာလို၊ အီလန်ဂါတို့က အရည်အသွေးရှိတာမှန်ပေမယ့် စီရော်နယ်လ်ဒို၊ ရွန်နီ၊ ရပ်ရှ်ဖို့ဒ်တို့လို ယူနိုက်တက်ကစားသမားဘဝအစပိုင်းမှာကတည်းက ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ Impressive Play ပုံစံမျိုး ဒီလူငယ်တွေဆီမှာ သိပ်မတွေ့ရသေးဘူး။ တာဟစ်ချောင်၊ ဂိုးမက်ဇ်တို့လိုမျိုး အစပိုင်းဟုတ်မလိုလိုနဲ့ အဖျားရှူးသွားတာမျိုး မဖြစ်ပါစေနဲ့လိုပဲ မျော်လင့်ရမယ်။

ဆိုးလ်ရှားဟာ လာမယ့်တစ်ပတ်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားဖို့ရှိလို့ တစ်သင်းလုံးအပြောင်းအလဲလုပ်ခဲ့ပြီး ပထမပိုင်းမှာတော့ ယူနိုက်တက်ကစားပုံ သိပ်မဆိုးခဲ့ဘူး။

မာတာက No 10 Role အဖြစ် ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး အိမ်ကွင်းခြေစွမ်းမာတဲ့ ဝုလ်ဗ်ကို ထိုးဖောက်မှုတွေလုပ်နိုင်ခဲ့တယ်။ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ၁၃ မိနစ်မှာပဲ ဒန်နီယဲလ်ဂျိမ်းစ်ရဲ့ ဘယ်ခြမ်းကနေ တိကျတဲ့ပေးပို့မှုကနေ အီလန်ဂါက ခေါင်းတိုက်သွင်းခဲ့တယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ အီလန်ဂါဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ၁၉ ဦးမြောက် ဆယ်ကျော်သက်ကစားသမားဖြစ်လာပြီး ယူနိုက်တက်ထက် အရေအတွက်ပိုများတာဆိုလို့ အာဆင်နယ်(၂၀ဦး)သာ ရှိပါတော့တယ်။

ဒီရာသီကုန်မှာ ဝုလ်ဗ်နဲ့လမ်းခွဲတော့မယ့် နည်းပြနူနိုဟာ ဝုလ်ဗ်နည်းပြဘဝနောက်ဆုံးပွဲမှာ ရလာဒ်ကောင်းဖို့ ပြင်ဆင်ခဲ့ပေမယ့် အဓိက ကစားသမားတချို့ဒဏ်ရာရနေတာ၊ အခုပွဲမှာလည်း ပွဲကစားချိန်အတွင်း ထရာအိုရေး ဒဏ်ရာရသွားတာတွေကြောင့် သူလည်း ဘာမှမတတ်နိုင်တော့ဘူး။

ဝုလ်ဗ်အတွက် ချေပဂိုးကို ၃၉ မိနစ်မှာ ဆီမီဒိုက သွင်းယူခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ယူနိုက်တက်ပယ်နယ်တီရခဲ့ပြီး မာတာက ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးနှုတ်ဆက်ဂိုးလို့ သတ်မှတ်ရမယ့် သွင်းဂိုးအဖြစ် ကန်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ကစားပုံက စိတ်ဝင်စားစရာမရှိဘဲ ၂-၁ ဂိုးရလဒ်နဲ့သာ ပွဲ ပြီးခဲ့တယ်။

ယူနိုက်တက်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း အဝေးကွင်းရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲသမိုင်းမှာတော့ ပရက်စတန် (၁၈၈၈-၈၉)၊ အာဆင်နယ် (၂၀၀၁-၀၂၊ ၂၀၀၃-၀၄)တို့နောက်ပိုင်း အဲဒီလိုစွမ်းဆောင်နိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

zawgyi

အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ တစ္ရာသီအတြင္း အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္ပိုင္ဆိုင္ခဲ့တဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို မန္စီးတီးနဲ႔အၿပိဳင္စိန္ေခၚခ်င္ရင္ ကစားသမားသစ္ေတြ ေခၚဖို႔လိုတယ္လို႔ မၾကာခဏေျပာခဲ့တယ္။ အဲဒါက သိပ္မွန္ပါတယ္။ ယူႏိုက္တက္အသင္းမွာ အရန္ကစားသမားေတြရဲ႕ အရည္အေသြးပိုင္း၊ ေျခစြမ္းပိုင္းက မန္စီးတီးရဲ႕ အရန္အင္အားစုနဲ႔ယွဥ္ႏိုင္ဖို႔ခက္တယ္။ ဖူလ္ဟမ္နဲ႔ လီဗာပူးလ္ပြဲကလြဲလို႔ လက္စတာ၊ အခု ဝုလ္ဗ္နဲ႔ပြဲေတြမွာ ဆိုးလ္ရွားဟာ အရန္ကစားသမားေတြ အမ်ားစုထုတ္သုံးခဲ့ၿပီး ဒီကစားသမားေတြဟာ ျဖစ္သင့္တဲ့စြမ္းေဆာင္ရည္မ်ိဳး မျပႏိုင္ခဲ့ၾကဘူး။ စီနီယာကစားသမားေတြျဖစ္တဲ့ မာတာ၊ ဗန္ဒီဘိခ္၊ မာတစ္၊ ဒန္နီယဲလ္ဂ်ိမ္းစ္တို႔ဟာ ပြဲထြက္ခြင့္ရတဲ့အခ်ိန္မွာ သာမန္ထက္မပိုတဲ့ စြမ္းေဆာင္ရည္မ်ိဳးသာ ျပသႏိုင္ခဲ့တယ္။

လူငယ္ေတြျဖစ္တဲ့ ဒီယာလို၊ အီလန္ဂါတို႔က အရည္အေသြးရွိတာမွန္ေပမယ့္ စီေရာ္နယ္လ္ဒို၊ ႐ြန္နီ၊ ရပ္ရွ္ဖို႔ဒ္တို႔လို ယူႏိုက္တက္ကစားသမားဘဝအစပိုင္းမွာကတည္းက ပရိသတ္ေတြကို ဖမ္းစားႏိုင္တဲ့ Impressive Play ပုံစံမ်ိဳး ဒီလူငယ္ေတြဆီမွာ သိပ္မေတြ႕ရေသးဘူး။ တာဟစ္ေခ်ာင္၊ ဂိုးမက္ဇ္တို႔လိုမ်ိဳး အစပိုင္းဟုတ္မလိုလိုနဲ႔ အဖ်ားရႉးသြားတာမ်ိဳး မျဖစ္ပါေစနဲ႔လိုပဲ ေမ်ာ္လင့္ရမယ္။ ဆိုးလ္ရွားဟာ လာမယ့္တစ္ပတ္မွာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကစားဖို႔ရွိလို႔ တစ္သင္းလုံးအေျပာင္းအလဲလုပ္ခဲ့ၿပီး ပထမပိုင္းမွာေတာ့ ယူႏိုက္တက္ကစားပုံ သိပ္မဆိုးခဲ့ဘူး။ မာတာက No 10 Role အျဖစ္ ယူႏိုက္တက္တိုက္စစ္ကို ဦးေဆာင္ခဲ့ၿပီး အိမ္ကြင္းေျခစြမ္းမာတဲ့ ဝုလ္ဗ္ကို ထိုးေဖာက္မႈေတြလုပ္ႏိုင္ခဲ့တယ္။ ယူႏိုက္တက္အသင္းအတြက္ အဖြင့္ဂိုးကို ၁၃ မိနစ္မွာပဲ ဒန္နီယဲလ္ဂ်ိမ္းစ္ရဲ႕ ဘယ္​ျခမ္းကေန တိက်တဲ့ေပးပို႔မႈကေန အီလန္ဂါက ေခါင္းတိုက္သြင္းခဲ့တယ္။ အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ အီလန္ဂါဟာ ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ၁၉ ဦးေျမာက္ ဆယ္ေက်ာ္သက္ကစားသမားျဖစ္လာၿပီး ယူႏိုက္တက္ထက္ အေရအတြက္ပိုမ်ားတာဆိုလို႔ အာဆင္နယ္(၂၀ဦး)သာ ရွိပါေတာ့တယ္။ ဒီရာသီကုန္မွာ ဝုလ္ဗ္နဲ႔လမ္းခြဲေတာ့မယ့္ နည္းျပႏူႏိုဟာ ဝုလ္ဗ္နည္းျပဘဝေနာက္ဆုံးပြဲမွာ ရလာဒ္ေကာင္းဖို႔ ျပင္ဆင္ခဲ့ေပမယ့္ အဓိက ကစားသမားတခ်ိဳ႕ဒဏ္ရာရေနတာ၊ အခုပြဲမွာလည္း ပြဲကစားခ်ိန္အတြင္း ထရာအိုေရး ဒဏ္ရာရသြားတာေတြေၾကာင့္ သူလည္း ဘာမွမတတ္ႏိုင္ေတာ့ဘူး။

ဝုလ္ဗ္အတြက္ ေခ်ပဂိုးကို ၃၉ မိနစ္မွာ ဆီမီဒိုက သြင္းယူခဲ့ေပမယ့္ ပထမပိုင္းၿပီးခါနီးမွာ ယူႏိုက္တက္ပယ္နယ္တီရခဲ့ၿပီး မာတာက ယူႏိုက္တက္ကစားသမားဘဝ ေနာက္ဆုံးႏႈတ္ဆက္ဂိုးလို႔ သတ္မွတ္ရမယ့္ သြင္းဂိုးအျဖစ္ ကန္သြင္းယူခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစလုံးရဲ႕ကစားပုံက စိတ္ဝင္စားစရာမရွိဘဲ ၂-၁ ဂိုးရလဒ္နဲ႔သာ ပြဲ​
ၿပီးခဲ့တယ္။ ယူႏိုက္တက္အသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ တစ္ရာသီအတြင္း အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္ပိုင္ဆိုင္ခဲ့ၿပီး အမွတ္ေပးၿပိဳင္ပြဲသမိုင္းမွာေတာ့ ပရက္စတန္ (၁၈၈၈-၈၉)၊ အာဆင္နယ္ (၂၀၀၁-၀၂၊ ၂၀၀၃-၀၄)တို႔ေနာက္ပိုင္း အဲဒီလိုစြမ္းေဆာင္ႏိုင္တဲ့အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။