ရီးယဲလ်အသင်းကို ဇီဒန်းကိုင်တွယ်ခဲ့တဲ့ သက်တမ်း(၂)ခုအတွင်း ပထမဆုံးဖလားလက်မဲ့ဖြစ်ခဲ့

၂၀၂၀-၂၁ လာလီဂါရာသီပိတ်ပွဲစဉ်(၃၈)မှာ ရီးယဲလ်အသင်းဟာ ဗီလာရီးယဲလ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးက အက်သလက်တီကိုအသင်းဟာ ဗယ်လာဒိုးလစ်ကို (၂-၁)ဂိုးနဲ့ပဲအနိုင်ရခဲ့တာကြောင့် လာလီဂါချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ပါပြီ။

ရီးယဲလ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်၊ စပိန်ဘုရင့်ဖလားမှာ ရှုံးထွက်(၃၂)သင်းအဆင့်၊ စပိန်စူပါဖလားမှာ ဆီမီးဖိုင်နယ်အဆင့်တွေကနေထွက်ခဲ့ရပြီး အခု လာလီဂါမှာလည်း အဆင့်(၂)နေရာနဲ့သာကျေနပ်ခဲ့ရလို့ ဒီရာသီမှာ ဆုဖလားတစ်ခုမှ မရခဲ့ဘဲ ဖလားလက်မဲ့ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ဒါဟာ ရီးယဲလ်အသင်းကို ဇီဒန်းကိုင်တွယ်ခဲ့တဲ့ သက်တမ်း(၂)ခုအတွင်း ပထမဆုံးဖလားလက်မဲ့ဖြစ်ခဲ့ရတာဖြစ်သလို ၂၀၀၉-၁၀ ရာသီနောက်ပိုင်း တစ်ရာသီမှာ အနိမ့်ဆုံးစပိန်စူပါဖလားရယူနိုင်ခဲ့တဲ့မှတ်တမ်းလည်း အဆုံးသတ်သွားခဲ့ပါတယ်။

ရီးယဲလ်အသင်းကို ဇီဒန်း ပထမအကြိမ်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ရီးယဲလ်အသင်းဟာ လာလီဂါ(၁)ကြိမ်၊ စပိန်စူပါဖလား(၁)ကြိမ်၊ ချန်ပီယံလိဂ်(၃)ကြိမ်၊ ဥရောပစူပါဖလား(၂)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၂)ကြိမ်ရယူခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ကိုင်တွယ်တဲ့ ၂၀၁၉ ခုနှစ်ကနေ အခုကာလအတွင်း လာလီဂါ(၁)ကြိမ်၊ စပိန်စူပါဖလား(၁)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ ဇီဒန်းဟာ ရီးယဲလ်နည်းပြဘဝပထမဆုံးဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၀၉-၁၀ ရာသီတုန်းက နည်းပြဟောင်းပယ်လီဂရီနီနောက်ပိုင်း အဲဒီမှတ်တမ်းဆိုင်းပိုင်ဆိုင်ခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်သွားပါပြီ။ ဇီဒန်းအနေနဲ့ ဒီရာသီကုန်မှာ ရီးယဲလ်နည်းပြရာထူးကနေ နုတ်ထွက်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် သူ့အတွက် ရီးယဲလ်နည်းပြဘ၀ နောက်ဆုံးဖြစ်လာနိုင်တဲ့ ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ရတာက စိတ်ပျက်စရာပါပဲ။

zawgyi

ရီးယဲလ္အသင္းကို ဇီဒန္းကိုင္တြယ္ခဲ့တဲ့ သက္တမ္း(၂)ခုအတြင္း ပထမဆုံးဖလားလက္မဲ့ျဖစ္ခဲ့

၂၀၂၀-၂၁ လာလီဂါရာသီပိတ္ပြဲစဥ္(၃၈)မွာ ရီးယဲလ္အသင္းဟာ ဗီလာရီးယဲလ္ကို (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့ေပမယ့္ ထိပ္ဆုံးက အက္သလက္တီကိုအသင္းဟာ ဗယ္လာဒိုးလစ္ကို (၂-၁)ဂိုးနဲ႔ပဲအႏိုင္ရခဲ့တာေၾကာင့္ လာလီဂါခ်န္ပီယံအျဖစ္ေအာင္ပြဲခံႏိုင္ခဲ့ပါၿပီ။

ရီးယဲလ္အသင္းဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္၊ စပိန္ဘုရင့္ဖလားမွာ ရႈံးထြက္(၃၂)သင္းအဆင့္၊ စပိန္စူပါဖလားမွာ ဆီမီးဖိုင္နယ္အဆင့္ေတြကေနထြက္ခဲ့ရၿပီး အခု လာလီဂါမွာလည္း အဆင့္(၂)ေနရာနဲ႔သာေက်နပ္ခဲ့ရလို႔ ဒီရာသီမွာ ဆုဖလားတစ္ခုမွ မရခဲ့ဘဲ ဖလားလက္မဲ့ရာသီအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

ဒါဟာ ရီးယဲလ္အသင္းကို ဇီဒန္းကိုင္တြယ္ခဲ့တဲ့ သက္တမ္း(၂)ခုအတြင္း ပထမဆုံးဖလားလက္မဲ့ျဖစ္ခဲ့ရတာျဖစ္သလို ၂၀၀၉-၁၀ ရာသီေနာက္ပိုင္း တစ္ရာသီမွာ အနိမ့္ဆုံးစပိန္စူပါဖလားရယူႏိုင္ခဲ့တဲ့မွတ္တမ္းလည္း အဆုံးသတ္သြားခဲ့ပါတယ္။

ရီးယဲလ္အသင္းကို ဇီဒန္း ပထမအႀကိမ္ကိုင္တြယ္ခဲ့တဲ့ ၂၀၁၆ ကေန ၂၀၁၈ ခုႏွစ္အတြင္း ရီးယဲလ္အသင္းဟာ လာလီဂါ(၁)ႀကိမ္၊ စပိန္စူပါဖလား(၁)ႀကိမ္၊ ခ်န္ပီယံလိဂ္(၃)ႀကိမ္၊ ဥေရာပစူပါဖလား(၂)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား(၂)ႀကိမ္ရယူခဲ့ၿပီး ဒုတိယအႀကိမ္ျပန္လည္ကိုင္တြယ္တဲ့ ၂၀၁၉ ခုႏွစ္ကေန အခုကာလအတြင္း လာလီဂါ(၁)ႀကိမ္၊ စပိန္စူပါဖလား(၁)ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အခုအခ်ိန္မွာ ဇီဒန္းဟာ ရီးယဲလ္နည္းျပဘဝပထမဆုံးဖလားလက္မဲ့ရာသီနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ၂၀၀၉-၁၀ ရာသီတုန္းက နည္းျပေဟာင္းပယ္လီဂရီနီေနာက္ပိုင္း အဲဒီမွတ္တမ္းဆိုင္းပိုင္ဆိုင္ခဲ့သူအျဖစ္လည္း မွတ္တမ္းဝင္သြားပါၿပီ။ ဇီဒန္းအေနနဲ႔ ဒီရာသီကုန္မွာ ရီးယဲလ္နည္းျပရာထူးကေန ႏုတ္ထြက္ေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနတာေၾကာင့္ သူ႔အတြက္ ရီးယဲလ္နည္းျပဘ၀ ေနာက္ဆုံးျဖစ္လာႏိုင္တဲ့ ဒီရာသီမွာ ဖလားလက္မဲ့ျဖစ္ခဲ့ရတာက စိတ္ပ်က္စရာပါပဲ။