ဖာနန်ဒက်စ်ကို တည်ငြိမ်မှုနဲ့ ယုံကြည်မှုရှိသူလို့ ကစားသမားတွေကို ချီးကျူးခဲတဲ့ ဖာဂူဆန် မှတ်ချက်ပြု

ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန်က အသင်းကို ရောက်လာတဲ့အချိန် ၁နှစ်ကျော် ကာလအတွင်းမှာ အတော်လေးခြေစွမ်းပြခဲ့ပြီး အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် နေရာရထားတဲ့ ဖာနန်ဒက်စ်ရဲ့ ကွင်းတွင်းတည်ငြိမ်မှုရှိသလို ယုံကြည်မှုအပြည့်ရှိတဲ့ သူတစ်ယောက်လို့ မှတ်ချက်ပြုခဲ့ပြီး တမူထူးခြားတဲ့ ပင်နယ်တီ ကန်သွင်းတဲ့ပုံစံကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ဖာဂူဆန်က ”ဒီကောင်လေးက တကယ့်အံ့ဖွယ်ပါပဲ။ သူက အရေးကြီးတဲ့ သွင်းဂိုးအချို့ကို သွင်းယူထားနိုင်ခဲ့သလို ပင်နယ်တီတွေကိုလည်း ပင်တိုင် တာဝန်ယူ ကန်သွင်းခဲ့ပါတယ်။ သူဟာ အဲ့ဒီ့အရာတွေကို ယုံကြည်မှု အပြည့်နဲ့ ကန်သွင်းပြနိုင်ခဲ့တာပါ။

ပြိုင်ဖက် ဂိုးသမားတွေက သူပင်နယ်တီ ကန်တဲ့အခါ ဘောလုံးနဲ့ နီးစပ်တဲ့ နေရာအထိကို ရောက်ခဲ့ကြတယ်လို့တောင် ကျွန်တော် မထင်မိပါဘူး။ သူဟာ တကယ့်ကို တည်ငြိမ်သူတစ်ဦးပါပဲ။ ဂိုးဧရိယာ အပြင်ကနေလည်း သူ့ရဲ့ ကန်ချက်တွေက ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လိုအပ်နေခဲ့တဲ့ အရာတွေကို သူ ယူဆောင်ပေးနိုင်ခဲ့တာပါ။ သူဟာ ပြိုင်ဖက်ဂိုးဖက်ခြမ်းကို ဘောလုံးပေးပို့မှု အလန်းစားတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ အဲ့တာက ပြိုင်ဖက် ခံစစ်ကြောင်းကို ပွင့်ထွက်စေပါတယ်။ ဒါမျိုး လုပ်ပြနိုင်ဖို့က အရမ်းအရေးကြီးပါတယ် ” လို့ ထုတ်ဖော် ချီးကျူးခဲ့လိုက်ပါတယ်။ိ

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလတုန်းက ယူနိုက်တက်အသင်းဆီ ရောက်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ လက်ရှိ ဘောလုံးရာသီမှာ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂နှစ်ဆက်တိုက် ဆွတ်ခူးထားနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ အသင်းရရှိထားတဲ့ ဂိုးတွေထဲက ၄၃ဂိုး အထိနဲ့ တိုက်ရိုက်ပါဝင် ပတ်သတ်ထားပြီး ယူနိုက်တက်ကို အမှတ်ပေးဇယား အဆင့် ၂ နေရာနဲ့ ယူရိုပါလိဂ်ဖိုင်နယ် အထိ ရောက်အောင် ပို့ဆောင်ထားတဲ့နေရာမှာ အခရာကျတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်နိုင်ဖို့ ပြင်ဆင်နေပြီး လစာငွေလည်းတိုးပေးသွားဖို့ ရှိနေပါတယ်။

zawgyi

ဖာနန္ဒက္စ္ကို တည္ၿငိမ္မႈနဲ႔ ယုံၾကည္မႈရွိသူလို႔ ကစားသမားေတြကို ခ်ီးက်ဴးခဲတဲ့ ဖာဂူဆန္ မွတ္ခ်က္ျပဳ

ယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္က အသင္းကို ေရာက္လာတဲ့အခ်ိန္ ၁ႏွစ္ေက်ာ္ ကာလအတြင္းမွာ အေတာ္ေလးေျခစြမ္းျပခဲ့ၿပီး အေရးပါတဲ့ ကစားသမားတစ္ေယာက္အျဖစ္ ေနရာရထားတဲ့ ဖာနန္ဒက္စ္ရဲ႕ ကြင္းတြင္းတည္ၿငိမ္မႈရွိသလို ယုံၾကည္မႈအျပည့္ရွိတဲ့ သူတစ္ေယာက္လို႔ မွတ္ခ်က္ျပဳခဲ့ၿပီး တမူထူးျခားတဲ့ ပင္နယ္တီ ကန္သြင္းတဲ့ပုံစံကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဖာဂူဆန္က ”ဒီေကာင္ေလးက တကယ့္အံ့ဖြယ္ပါပဲ။ သူက အေရးႀကီးတဲ့ သြင္းဂိုးအခ်ိဳ႕ကို သြင္းယူထားႏိုင္ခဲ့သလို ပင္နယ္တီေတြကိုလည္း ပင္တိုင္ တာဝန္ယူ ကန္သြင္းခဲ့ပါတယ္။ သူဟာ အဲ့ဒီ့အရာေတြကို ယုံၾကည္မႈ အျပည့္နဲ႔ ကန္သြင္းျပႏိုင္ခဲ့တာပါ။

ၿပိဳင္ဖက္ ဂိုးသမားေတြက သူပင္နယ္တီ ကန္တဲ့အခါ ေဘာလုံးနဲ႔ နီးစပ္တဲ့ ေနရာအထိကို ေရာက္ခဲ့ၾကတယ္လို႔ေတာင္ ကြၽန္ေတာ္ မထင္မိပါဘူး။ သူဟာ တကယ့္ကို တည္ၿငိမ္သူတစ္ဦးပါပဲ။ ဂိုးဧရိယာ အျပင္ကေနလည္း သူ႔ရဲ႕ ကန္ခ်က္ေတြက ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ အသင္းမွာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက လိုအပ္ေနခဲ့တဲ့ အရာေတြကို သူ ယူေဆာင္ေပးႏိုင္ခဲ့တာပါ။ သူဟာ ၿပိဳင္ဖက္ဂိုးဖက္ျခမ္းကို ေဘာလုံးေပးပို႔မႈ အလန္းစားေတြလည္း လုပ္ေဆာင္ႏိုင္ပါတယ္။ အဲ့တာက ၿပိဳင္ဖက္ ခံစစ္ေၾကာင္းကို ပြင့္ထြက္ေစပါတယ္။ ဒါမ်ိဳး လုပ္ျပႏိုင္ဖို႔က အရမ္းအေရးႀကီးပါတယ္ ” လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့လိုက္ပါတယ္။ိ

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ဇန္နဝါရီလတုန္းက ယူႏိုက္တက္အသင္းဆီ ေရာက္လာခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီနဲ႔ လက္ရွိ ေဘာလုံးရာသီမွာ အသင္းရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ၂ႏွစ္ဆက္တိုက္ ဆြတ္ခူးထားႏိုင္ခဲ့တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ဖာနန္ဒက္စ္ဟာ လက္ရွိ ေဘာလုံးရာသီမွာ အသင္းရရွိထားတဲ့ ဂိုးေတြထဲက ၄၃ဂိုး အထိနဲ႔ တိုက္႐ိုက္ပါဝင္ ပတ္သတ္ထားၿပီး ယူႏိုက္တက္ကို အမွတ္ေပးဇယား အဆင့္ ၂ ေနရာနဲ႔ ယူ႐ိုပါလိဂ္ဖိုင္နယ္ အထိ ေရာက္ေအာင္ ပို႔ေဆာင္ထားတဲ့ေနရာမွာ အခရာက်တဲ့ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဖာနန္ဒက္စ္ကို စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ဖို႔ ျပင္ဆင္ေနၿပီး လစာေငြလည္းတိုးေပးသြားဖို႔ ရွိေနပါတယ္။