ပိုချက်တီနိုနဲ့ မော်ရင်ဟိုတို့ ၂ယောက်ဟာ ကွာခြားချက် ကြီးကြီးမားမားရှိတယ်လို့ တိုက်စစ်မှုး ဟယ်ရီကိန်းပြောကြား

မော်ရင်ဟိုအနေနဲ့ စပါးအသင်းမှာ မအောင်မြင်ခဲ့တာက သူလိုချင်တဲ့ အသင်းကို ဥိးဆောင်ကစားမယ့်သူ များများစားစား မရှိတာကြောင့်ဖြစ်ပြီး လက်တွဲခဲ့ရတဲ့ ပိုချက်တီနိုနဲ့ မော်ရင်ဟိုတို့ ၂ယောက်ဟာ ကွာခြားချက် ကြီးကြီးမားမားရှိတယ်လို့ တိုက်စစ်မှုး ဟယ်ရီကိန်းက ထုဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ အသင်းနဲ့ အောင်မြင်မှုမရခဲ့ပေမယ့် ဟယ်ရီကိန်းအပေါ် ပေးထားတဲ့ ကတိတစ်ခုကို တည်အောင် လုပ်ပြနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒါကတော့ စပါးနည်းပြအဖြစ်နဲ့ မော်ရင်ဟိုဟာ ကစားသမားတစ်ဦးချင်းစီနဲ့ တွေ့ဆုံပြီး စကားပြောဆိုခဲ့စဉ်က ဟယ်ရီကိန်းကို ပိုမိုကောင်းမွန်တဲ့တိုက်စစ်မှူးဖြစ်အောင် သူ ကူညီပေးမယ်လို့ ပြောဆိုခဲ့တာပါ။ ဒီကိစ္စက အမှန်တကယ်လည်း ဖြစ်မြောက်ခဲ့ပြိး သူ့လက်အောက်မှာ ဟယ်ရီကိန်းက စုစုပေါင်း ၆၂ ပွဲကစားခဲ့ရာမှာ ၄၅ ဂိုးသွင်းယူပြီး ၁၇ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ဟယ်ရီကိန်းအနေနဲ့ မော်ရင်ဟို လက်အောက်မှာ ၁ပွဲ ကစားပြီးတိုင်း သွင်းဂိုး ၁ဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုးရရှိထားပြီး ရွှေဖိနပ်ဆုအတွက် ဆာလက်နဲ့အပြိုင် ဖြစ်နေပါတယ်။

စပါးအသင်းဟာ ၂၀၁၉ ခုနှစ်မှာ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပြီး မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် မော်ရင်ဟိုကို ထုတ်ပယ်ပြီး လူငယ်အသင်း နည်းပြ မာဆန် ကို ရာသီကုန်အထိ ယာယီ တာဝန်ယူ ကိုင်တွယ်စေခဲ့ပါတယ်။

ပိုချက်တီနို နဲ့ မော်ရင်ဟို တို့ရဲ့ ကွာခြားချက် အကြောင်းကို ဟယ်ရီကိန်းက ”ဒီ်နည်းပြ နှစ်ဦးက အတော်လေး ကွာခြားမှု ရှိပါတယ် ။ ကစားတဲ့ ပုံစံ၊ ကစားကွက် တည်ဆောက်ပုံ၊ လေ့ကျင့်ခန်း နည်းစနစ်တွေက အစ ကွာခြားပါတယ်။ ပိုချက်တီနို တုန်းက gym အများကြီး ဆော့ခိုင်းပြီး မော်ရင်ဟိုကတော့ အဲ့လို မလုပ်ခိုင်းပါဘူး။ မော်ရင်ဟိုက ကျွန်တော်တို့ကို ကွင်းထဲမှာ လူကြီးတစ်ယောက်လို ကစားခိုင်းပါတယ်၊၊

ကွင်းထဲမှာ ခေါင်းဆောင်တွေလို ကစားခိုင်းပါတယ်။ ဒါပေမယ့် အရိုးသားဆုံး ပြောရရင် သူ ဖြစ်စေချင်သလိုမျိုး ဖြစ်မလာခဲ့ပါဘူး။ သူ ရှိစေချင်တဲ့ ခေါင်းဆောင်မှုမျိုး အသင်းမှာ ကင်းမဲ့နေခဲ့ပါတယ်။ မော်ရင်ဟို နဲ့ ကျွန်တော်က ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။

စတွေ့တဲ့ ပထမ မိနစ်ကတည်းက ဆက်ဆံရေး ကောင်းမွန်ပီး နားလည်မှု ရှိကြပါတယ်။ နည်းပြ နှစ်ဦး စလုံးနဲ့ အလုပ်တွဲလုပ်ခွင့်ရတာ ကံကောင်းပါတယ်၊ သူတို့ နှစ်ဦးစလုံးက အတော်တော်တဲ့သူတွေပါ ၊ ကျွန်တော့် ကစားသမားဘဝ အတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ” လို့ ပြောကြား သွားပါတယ်။

zawgyi

ပိုခ်က္တီႏိုနဲ႔ ေမာ္ရင္ဟိုတို႔ ၂ေယာက္ဟာ ကြာျခားခ်က္ ႀကီးႀကီးမားမားရွိတယ္လို႔ တိုက္စစ္မႈး ဟယ္ရီကိန္းေျပာၾကား

ေမာ္ရင္ဟိုအေနနဲ႔ စပါးအသင္းမွာ မေအာင္ျမင္ခဲ့တာက သူလိုခ်င္တဲ့ အသင္းကို ဥိးေဆာင္ကစားမယ့္သူ မ်ားမ်ားစားစား မရွိတာေၾကာင့္ျဖစ္ၿပီး လက္တြဲခဲ့ရတဲ့ ပိုခ်က္တီႏိုနဲ႔ ေမာ္ရင္ဟိုတို႔ ၂ေယာက္ဟာ ကြာျခားခ်က္ ႀကီးႀကီးမားမားရွိတယ္လို႔ တိုက္စစ္မႈး ဟယ္ရီကိန္းက ထုေဖာ္ေျပာဆိုလိုက္ပါတယ္။ ဒါ့အျပင္ ေမာ္ရင္ဟိုဟာ အသင္းနဲ႔ ေအာင္ျမင္မႈမရခဲ့ေပမယ့္ ဟယ္ရီကိန္းအေပၚ ေပးထားတဲ့ ကတိတစ္ခုကို တည္ေအာင္ လုပ္ျပႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

အဲဒါကေတာ့ စပါးနည္းျပအျဖစ္နဲ႔ ေမာ္ရင္ဟိုဟာ ကစားသမားတစ္ဦးခ်င္းစီနဲ႔ ေတြ႕ဆုံၿပီး စကားေျပာဆိုခဲ့စဥ္က ဟယ္ရီကိန္းကို ပိုမိုေကာင္းမြန္တဲ့တိုက္စစ္မႉးျဖစ္ေအာင္ သူ ကူညီေပးမယ္လို႔ ေျပာဆိုခဲ့တာပါ။ ဒီကိစၥက အမွန္တကယ္လည္း ျဖစ္ေျမာက္ခဲ့ၿပိး သူ႔လက္ေအာက္မွာ ဟယ္ရီကိန္းက စုစုေပါင္း ၆၂ ပြဲကစားခဲ့ရာမွာ ၄၅ ဂိုးသြင္းယူၿပီး ၁၇ ႀကိမ္အထိ ဖန္တီးေပးႏိုင္ခဲ့ကာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒီမွတ္တမ္းဟာ ဟယ္ရီကိန္းအေနနဲ႔ ေမာ္ရင္ဟို လက္ေအာက္မွာ ၁ပြဲ ကစားၿပီးတိုင္း သြင္းဂိုး ၁ဂိုး ဒါမွမဟုတ္ ဂိုးဖန္တီးမႈ ၁ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ လက္ရွိမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၂၂ ဂိုးရရွိထားၿပီး ေ႐ႊဖိနပ္ဆုအတြက္ ဆာလက္နဲ႔အၿပိဳင္ ျဖစ္ေနပါတယ္။

စပါးအသင္းဟာ ၂၀၁၉ ခုႏွစ္မွာ ပိုခ်က္တီႏိုကို ထုတ္ပယ္ခဲ့ၿပီး ေမာ္ရင္ဟိုကို နည္းျပအျဖစ္ ခန႔္အပ္ခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ သူ႔ရဲ႕ ပထမဆုံးရာသီမွာ ပရီးမီးယားလိဂ္အဆင့္ ၆ ေနရာမွာ ရပ္တည္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိခဲ့ေပမယ့္ ဒီရာသီမွာ ရလဒ္ေတြ ဆိုး႐ြားေနတာေၾကာင့္ ေမာ္ရင္ဟိုကို ထုတ္ပယ္ၿပီး လူငယ္အသင္း နည္းျပ မာဆန္ ကို ရာသီကုန္အထိ ယာယီ တာဝန္ယူ ကိုင္တြယ္ေစခဲ့ပါတယ္။

ပိုခ်က္တီႏို နဲ႔ ေမာ္ရင္ဟို တို႔ရဲ႕ ကြာျခားခ်က္ အေၾကာင္းကို ဟယ္ရီကိန္းက ”ဒီ္နည္းျပ ႏွစ္ဦးက အေတာ္ေလး ကြာျခားမႈ ရွိပါတယ္ ။ ကစားတဲ့ ပုံစံ၊ ကစားကြက္ တည္ေဆာက္ပုံ၊ ေလ့က်င့္ခန္း နည္းစနစ္ေတြက အစ ကြာျခားပါတယ္။ ပိုခ်က္တီႏို တုန္းက gym အမ်ားႀကီး ေဆာ့ခိုင္းၿပီး ေမာ္ရင္ဟိုကေတာ့ အဲ့လို မလုပ္ခိုင္းပါဘူး။ ေမာ္ရင္ဟိုက ကြၽန္ေတာ္တို႔ကို ကြင္းထဲမွာ လူႀကီးတစ္ေယာက္လို ကစားခိုင္းပါတယ္၊၊

ကြင္းထဲမွာ ေခါင္းေဆာင္ေတြလို ကစားခိုင္းပါတယ္။ ဒါေပမယ့္ အ႐ိုးသားဆုံး ေျပာရရင္ သူ ျဖစ္ေစခ်င္သလိုမ်ိဳး ျဖစ္မလာခဲ့ပါဘူး။ သူ ရွိေစခ်င္တဲ့ ေခါင္းေဆာင္မႈမ်ိဳး အသင္းမွာ ကင္းမဲ့ေနခဲ့ပါတယ္။ ေမာ္ရင္ဟို နဲ႔ ကြၽန္ေတာ္က ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိပါတယ္။

စေတြ႕တဲ့ ပထမ မိနစ္ကတည္းက ဆက္ဆံေရး ေကာင္းမြန္ပီး နားလည္မႈ ရွိၾကပါတယ္။ နည္းျပ ႏွစ္ဦး စလုံးနဲ႔ အလုပ္တြဲလုပ္ခြင့္ရတာ ကံေကာင္းပါတယ္၊ သူတို႔ ႏွစ္ဦးစလုံးက အေတာ္ေတာ္တဲ့သူေတြပါ ၊ ကြၽန္ေတာ့္ ကစားသမားဘဝ အတြက္ အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္။ ” လို႔ ေျပာၾကား သြားပါတယ္။