တောရက်ကို အိုးထရတ်ဖို့ဒ်ဆီ ခေါ်ယူဖို့ အသင့်ဖြစ်နေ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ တောရက်ကို ပေါင် သန်း ( ၅၀ ) နဲ့ ခေါ်ယူဖို့ အသင့်ဖြစ်နေကြောင်း သိရပါတယ်။

စပိန်နိုင်ငံမှ ရရှိတဲ့ သတင်းတွေ နှင့် ဂျာနယ်လစ် Javi Mata အရ သရဲနီတို့ဟာ တောရက်ကို အိုးထရတ်ဖို့ဒ်ဆီ ခေါ်ယူဖို့ အသင့်ဖြစ်နေပြီး အသက် ( ၂၄ ) နှစ်အရွယ် ကစားသမားကလည်း အဆိုပါ ပြောင်းရွေ့မှုပြုလုပ်ဖို့ ဆန္ဒရှိကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ လာမယ့်အပတ်မှာ ဗီလာရီးရဲ အသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရဖို့ ရှိနေပြီး တောရက်စ်ကလည်း အူနိုင်းအမ်မရီရဲ့ အသင်းမှာ ပွဲထွက်ကစားသမားအနေနဲ့ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။

တကယ်လို့ နောက်ဆုံးရရှိထားတဲ့ သတင်း‌တွေသာ မှန်ကန်မှုရှိပါက အဆိုပါ ပွဲစဉ်ဟာ အင်္ဂလန်ကို မပြောင်းရွေ့မီ ဗဟိုခံစစ်ကစားသမားအတွက် နောက်ဆုံး audition ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်အနေနဲ့ ယခုနွေရာသီအပြောင်းအရွေ့မှာ ဟယ်ရီ မက်ဂွဲယားနဲ့ တွဲဖက်ကစားနိုင်မယ့် ယုံကြည်ရတဲ့ ဗဟိုခံစစ် ကစားသမားတစ်ဦးကို ဦးစားပေး ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အိုလေ ဂန်းနား ဆိုးရှားက လက်ရှိ ဗဟိုခံစစ်ကစားသမားတွေဟာ အင်္ဂလန်လက်ရွေးစင်နဲ့ ကာလရှည်တွဲဖက်ကစားဖို့ အဆင်မပြေကြောင်း သုံးသပ်ပါတယ်။

ဆိုးရှားက ဗစ်တာ လင်ဒီလော့ကို မက်ဂွဲယားနဲ့ မကြာခဏ တွဲဖက်အသုံးပြုလေ့ရှိပေမယ့် ဆွီဒင် လက်ရွေးစင်က ခြေစွမ်းတည်ငြိမ်မှုမရှိတာတွေ့ရပါတယ်။

နောက်ပြီး အဲရစ် ဘိုင်လီကလည်း ဒဏ်ရာပြဿနာနဲ့ ရုန်းကန်ရလေ့ရှိသလို လူငယ်ကစားသမား ထရန်ဇီဘီကိုလည်း ဆိုးရှားက ယုံကြည်ခြင်းမရှိပါဘူး ။

zawgyi

ေတာရက္ကို အိုးထရတ္ဖို႔ဒ္ဆီ ေခၚယူဖို႔ အသင့္ျဖစ္ေန

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေပါ ေတာရက္ကို ေပါင္ သန္း ( ၅၀ ) နဲ႔ ေခၚယူဖို႔ အသင့္ျဖစ္ေနေၾကာင္း သိရပါတယ္။

စပိန္ႏိုင္ငံမွ ရရွိတဲ့ သတင္းေတြ ႏွင့္ ဂ်ာနယ္လစ္ Javi Mata အရ သရဲနီတို႔ဟာ ေတာရက္ကို အိုးထရတ္ဖို႔ဒ္ဆီ ေခၚယူဖို႔ အသင့္ျဖစ္ေနၿပီး အသက္ ( ၂၄ ) ႏွစ္အ႐ြယ္ ကစားသမားကလည္း အဆိုပါ ေျပာင္းေ႐ြ႕မႈျပဳလုပ္ဖို႔ ဆႏၵရွိေၾကာင္း သိရပါတယ္။

ယူႏိုက္တက္ဟာ လာမယ့္အပတ္မွာ ဗီလာရီးရဲ အသင္းနဲ႔ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲ ကစားရဖို႔ ရွိေနၿပီး ေတာရက္စ္ကလည္း အူႏိုင္းအမ္မရီရဲ႕ အသင္းမွာ ပြဲထြက္ကစားသမားအေနနဲ႔ပါဝင္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။

တကယ္လို႔ ေနာက္ဆုံးရရွိထားတဲ့ သတင္း‌ေတြသာ မွန္ကန္မႈရွိပါက အဆိုပါ ပြဲစဥ္ဟာ အဂၤလန္ကို မေျပာင္းေ႐ြ႕မီ ဗဟိုခံစစ္ကစားသမားအတြက္ ေနာက္ဆုံး audition ျဖစ္လာႏိုင္ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ယခုေႏြရာသီအေျပာင္းအေ႐ြ႕မွာ ဟယ္ရီ မက္ဂြဲယားနဲ႔ တြဲဖက္ကစားႏိုင္မယ့္ ယုံၾကည္ရတဲ့ ဗဟိုခံစစ္ ကစားသမားတစ္ဦးကို ဦးစားေပး ေခၚယူဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

အိုေလ ဂန္းနား ဆိုးရွားက လက္ရွိ ဗဟိုခံစစ္ကစားသမားေတြဟာ အဂၤလန္လက္ေ႐ြးစင္နဲ႔ ကာလရွည္တြဲဖက္ကစားဖို႔ အဆင္မေျပေၾကာင္း သုံးသပ္ပါတယ္။

ဆိုးရွားက ဗစ္တာ လင္ဒီေလာ့ကို မက္ဂြဲယားနဲ႔ မၾကာခဏ တြဲဖက္အသုံးျပဳေလ့ရွိေပမယ့္ ဆြီဒင္ လက္ေ႐ြးစင္က ေျခစြမ္းတည္ၿငိမ္မႈမရွိတာေတြ႕ရပါတယ္။

ေနာက္ၿပီး အဲရစ္ ဘိုင္လီကလည္း ဒဏ္ရာျပႆနာနဲ႔ ႐ုန္းကန္ရေလ့ရွိသလို လူငယ္ကစားသမား ထရန္ဇီဘီကိုလည္း ဆိုးရွားက ယုံၾကည္ျခင္းမရွိပါဘူး ။