The Fair Play award ကို ငါးနှစ်ဆက်တိုက် ဆွတ်ခူးဖို့ များနေပြီ ဖြစ်တဲ့ လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ်မှာအသန့်ရှင်းဆုံး ကစားတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာတော့ The Fair Play award ကို ငါးနှစ်ဆက်တိုက် ဆွတ်ခူးဖို့ များနေပြီ ဖြစ်ပါတယ်။

အဲဒီဆုက ရာသီတစ်ခု အတွင်း အဝါကတ် အနီကတ် အရေအတွက်ကို ကြည့်ကာ ဆုံးဖြတ်တာ ဖြစ်ပြီး၊ ၃၈ ပွဲ ကစားရတဲ့ ဘောလုံးရာသီ တစ်ခုအတွင်း စည်းကမ်း အရှိဆုံး အသင်းကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွင်း အနီကတ် တစ်ကြိမ်မှ မထိခဲ့တဲ့ အပြင် ပရီးမီးယားလိဂ်မှာ အဝါကတ် အနည်းဆုံး ၃၈ ကြိမ် ရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ အဲဒီဆုကို (2019-20, 2018-19, 2017-18, 2016-17, 2007-08, 2006-07, 1995-96, 1994-95) ရာသီတွေမှာ ရရှိထားတာ ဖြစ်ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ၃ နှစ်နဲ့ ၃ နှစ်အထက် ဆက်တိုက် အဲဒီလို စွမ်းဆောင်ထားနိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အခုဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲ အဖြစ် စတင်ခဲ့တဲ့ ၁၉၉၂-၉၃ ရာသီနောက်ပိုင်း ဒီဆုကို စံချိန်တင် ၉ ကြိမ်မြောက် ရရှိတော့မှာ ဖြစ်ပါတယ်။

ဒီရာသီရဲ့ The Fair Play စာရင်း မှာ လီဗာပူးရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ကတော့ ဘန်လေ ဖြစ်ပြီး လက်ကျန် တစ်ပွဲ အလိုမှာ အဝါကတ် ၄၇ ကတ် အနီကတ် ၁ ကတ် ရရှိထားခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အညစ်ပတ်ဆုံး အသင်း ဖြစ်နေပြီး ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ရှက်ဖီးဟာ ဒီရာသီ အဝါကတ် အကြိမ် ၇၀ နဲ့ အနီကတ် ၃ ကြိမ် ထိထားခဲ့ပါတယ်။

zawgyi

The Fair Play award ကို ငါးႏွစ္ဆက္တိုက္ ဆြတ္ခူးဖို႔ မ်ားေနၿပီ ျဖစ္တဲ့ လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ္မွာအသန္႔ရွင္းဆုံး ကစားတဲ့ အသင္း ျဖစ္ၿပီး လက္ရွိမွာေတာ့ The Fair Play award ကို ငါးႏွစ္ဆက္တိုက္ ဆြတ္ခူးဖို႔ မ်ားေနၿပီ ျဖစ္ပါတယ္။

အဲဒီဆုက ရာသီတစ္ခု အတြင္း အဝါကတ္ အနီကတ္ အေရအတြက္ကို ၾကည့္ကာ ဆုံးျဖတ္တာ ျဖစ္ၿပီး၊ ၃၈ ပြဲ ကစားရတဲ့ ေဘာလုံးရာသီ တစ္ခုအတြင္း စည္းကမ္း အရွိဆုံး အသင္းကို ေပးအပ္ခ်ီး​ျမႇင့္တာ ျဖစ္ပါတယ္။

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြင္း အနီကတ္ တစ္ႀကိမ္မွ မထိခဲ့တဲ့ အျပင္ ပရီးမီးယားလိဂ္မွာ အဝါကတ္ အနည္းဆုံး ၃၈ ႀကိမ္ ရထားတဲ့ အသင္းလည္း ျဖစ္ပါတယ္။

လီဗာပူးဟာ အဲဒီဆုကို (2019-20, 2018-19, 2017-18, 2016-17, 2007-08, 2006-07, 1995-96, 1994-95) ရာသီေတြမွာ ရရွိထားတာ ျဖစ္ပါတယ္။

လီဗာပူးဟာ ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ ၃ ႏွစ္နဲ႔ ၃ ႏွစ္အထက္ ဆက္တိုက္ အဲဒီလို စြမ္းေဆာင္ထားႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာ အသင္း အျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး အခုဆိုရင္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ အျဖစ္ စတင္ခဲ့တဲ့ ၁၉၉၂-၉၃ ရာသီေနာက္ပိုင္း ဒီဆုကို စံခ်ိန္တင္ ၉ ႀကိမ္ေျမာက္ ရရွိေတာ့မွာ ျဖစ္ပါတယ္။

ဒီရာသီရဲ႕ The Fair Play စာရင္း မွာ လီဗာပူးရဲ႕ အနီးကပ္ဆုံး ၿပိဳင္ဘက္ကေတာ့ ဘန္ေလ ျဖစ္ၿပီး လက္က်န္ တစ္ပြဲ အလိုမွာ အဝါကတ္ ၄၇ ကတ္ အနီကတ္ ၁ ကတ္ ရရွိထားခဲ့ပါတယ္။

ရွက္ဖီးယူႏိုက္တက္က​ေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ အညစ္ပတ္ဆုံး အသင္း ျဖစ္ေနၿပီး ဇယားေအာက္ဆုံးမွာ ရပ္တည္ေနပါတယ္။ ရွက္ဖီးဟာ ဒီရာသီ အဝါကတ္ အႀကိမ္ ၇၀ နဲ႔ အနီကတ္ ၃ ႀကိမ္ ထိထားခဲ့ပါတယ္။