သူလက်တွဲခဲ့တဲ့ကစားသမားတွေအနက် Underrated အဖြစ်ဆုံး ကစားသမားက ကွင်းလယ်လူဟောင်း ပတ်ဂျီဆန်ဖြစ်တယ်လို့ ဖာဂူဆန် ပြော

ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး အဲလက်စ်ဖာဂူဆန်က ၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မက်ဆီကို လူကပ်ကစားဖို့ ပတ်ဂျီဆန်ကို တာဝန်မပေးခဲ့ခြင်းအတွက် ဘယ်လောက်နောင်တရမိလဲဆိုတဲ့အကြောင်း ဖွင့်ဟလာပြီး အဲဒီလိုမလုပ်မိခဲ့လို့ ချန်ပီယံလိဂ်ဖလားတစ်လုံး ဆုံးရှုံးခဲ့ရတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ပရိသတ်တွေကိုယ်စား မေးခွန်းတွေမေးမြန်းခဲ့ပြီး ဖာဂူဆန်က ပြန်လည်ဖြေကြားခဲ့ရာမှာ လက်ရှိဘောလုံးလောကမှာ သူနည်းပြလိုတဲ့ကစားသမားတွေ၊ လီဗာပူးနည်းပြကလော့ပ်ကို အကြံပေးခဲ့တဲ့အကြောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

သူလက်တွဲခဲ့တဲ့ကစားသမားတွေအနက် Underrated အဖြစ်ဆုံး ကစားသမားက ကွင်းလယ်လူဟောင်း ပတ်ဂျီဆန်ဖြစ်တယ်လို့ ဖာဂူဆန်က ပြောပါတယ်။

ဒါ့အပြင် နဗီးလ်က တောင်ကိုရီးယားလက်ရွေးစင်ဟောင်း ပတ်ဂျီဆန်အနေနဲ့ တစ်ခါတလေ နည်းပြဖြစ်သူရဲ့ညွှန်ကြားချကေ်အရ တစ်ဦးချင်းလူကပ်ကစားခဲ့ရတဲ့အကြောင်း ပြောတဲ့အခါမှာတော့ ဖာဂူဆန်က အထက်ပါအတိုင်းရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။

”ဒီအတွက်ကြောင့်ပဲ ၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကျွန်တော်တို့အသင်း အရေးနိမ့်ခဲ့တာပေါ့။ ပထမပိုင်းအပြီးမှာ မက်ဆီကို လူကပ်ကစားဖို့ ပတ်ဂျီဆန်ကို တာဝန်ပေးလိုက်သင့်ပါတယ်”

”ဒီလိုတာဝန်မပေးလိုက်မိတာက အမှားဖြစ်သွားပါတယ်။ ပထမပိုင်းမပြီးခင် ကျွန်တော်တို့အသင်း ချေပဂိုးသွင်းလိုက်နိုင်တော့ ဒုတိယပိုင်းမှာ ကိုယ့်အသင်းရဲ့ကစားပုံ ပိုကောင်းလာမယ်လို့ထင်ခဲ့ပါတယ်”
”တကယ်လို့များ မက်ဆီကို မာကင်ကပ်ကစားဖို့ ပတ်ဂျီဆန်ကိုသာ တာဝန်ပေးလိုက်ရင် ဘာစီလိုနာကို ကျွန်တော်တို့အသင်း အနိုင်ရလိမ့်မယ်လို့ထင်ပါတယ်”လို့ ဖာဂူဆန်က ပြောပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၉မိနစ်အကြာမှာပဲ မက်ဆီက ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းယူသွားပြီး အသင်းကလည်း ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့အနိုင်ရကာ ချန်ပီယံဖြစ်သွားပါတယ်။

zawgyi

သူလက္တြဲခဲ့တဲ့ကစားသမားေတြအနက္ Underrated အျဖစ္ဆုံး ကစားသမားက ကြင္းလယ္လူေဟာင္း ပတ္ဂ်ီဆန္ျဖစ္တယ္လို႔ ဖာဂူဆန္ ေျပာ

ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီး အဲလက္စ္ဖာဂူဆန္က ၂၀၁၁ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မက္ဆီကို လူကပ္ကစားဖို႔ ပတ္ဂ်ီဆန္ကို တာဝန္မေပးခဲ့ျခင္းအတြက္ ဘယ္ေလာက္ေနာင္တရမိလဲဆိုတဲ့အေၾကာင္း ဖြင့္ဟလာၿပီး အဲဒီလိုမလုပ္မိခဲ့လို႔ ခ်န္ပီယံလိဂ္ဖလားတစ္လုံး ဆုံးရႈံးခဲ့ရတယ္လို႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။
ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က ပရိသတ္ေတြကိုယ္စား ေမးခြန္းေတြေမးျမန္းခဲ့ၿပီး ဖာဂူဆန္က ျပန္လည္ေျဖၾကားခဲ့ရာမွာ လက္ရွိေဘာလုံးေလာကမွာ သူနည္းျပလိုတဲ့ကစားသမားေတြ၊ လီဗာပူးနည္းျပကေလာ့ပ္ကို အႀကံေပးခဲ့တဲ့အေၾကာင္းေတြလည္း ပါဝင္ခဲ့ပါတယ္။

သူလက္တြဲခဲ့တဲ့ကစားသမားေတြအနက္ Underrated အျဖစ္ဆုံး ကစားသမားက ကြင္းလယ္လူေဟာင္း ပတ္ဂ်ီဆန္ျဖစ္တယ္လို႔ ဖာဂူဆန္က ေျပာပါတယ္။
ဒါ့အျပင္ နဗီးလ္က ေတာင္ကိုရီးယားလက္ေ႐ြးစင္ေဟာင္း ပတ္ဂ်ီဆန္အေနနဲ႔ တစ္ခါတေလ နည္းျပျဖစ္သူရဲ႕ၫႊန္ၾကားခ်ေက္အရ တစ္ဦးခ်င္းလူကပ္ကစားခဲ့ရတဲ့အေၾကာင္း ေျပာတဲ့အခါမွာေတာ့ ဖာဂူဆန္က အထက္ပါအတိုင္းရင္ဖြင့္ခဲ့တာျဖစ္ပါတယ္။

”ဒီအတြက္ေၾကာင့္ပဲ ၂၀၁၁ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ကြၽန္ေတာ္တို႔အသင္း အေရးနိမ့္ခဲ့တာေပါ့။ ပထမပိုင္းအၿပီးမွာ မက္ဆီကို လူကပ္ကစားဖို႔ ပတ္ဂ်ီဆန္ကို တာဝန္ေပးလိုက္သင့္ပါတယ္”
”ဒီလိုတာဝန္မေပးလိုက္မိတာက အမွားျဖစ္သြားပါတယ္။ ပထမပိုင္းမၿပီးခင္ ကြၽန္ေတာ္တို႔အသင္း ေခ်ပဂိုးသြင္းလိုက္ႏိုင္ေတာ့ ဒုတိယပိုင္းမွာ ကိုယ့္အသင္းရဲ႕ကစားပုံ ပိုေကာင္းလာမယ္လို႔ထင္ခဲ့ပါတယ္”

”တကယ္လို႔မ်ား မက္ဆီကို မာကင္ကပ္ကစားဖို႔ ပတ္ဂ်ီဆန္ကိုသာ တာဝန္ေပးလိုက္ရင္ ဘာစီလိုနာကို ကြၽန္ေတာ္တို႔အသင္း အႏိုင္ရလိမ့္မယ္လို႔ထင္ပါတယ္”လို႔ ဖာဂူဆန္က ေျပာပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ၉မိနစ္အၾကာမွာပဲ မက္ဆီက ဘာစီလိုနာအတြက္ ဦးေဆာင္ဂိုးသြင္းယူသြားၿပီး အသင္းကလည္း ယူႏိုက္တက္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရကာ ခ်န္ပီယံျဖစ္သြားပါတယ္။