ပြင်းထန်နေဆဲ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ဇာတ်သိမ်းခန်းရောက်ဖို့ ပွဲစဉ်တစ်ပွဲသာလိုပါတော့တယ်။ အခုအချိန်မှာ ချန်ပီယံဖြစ်မယ့်အသင်း၊ တန်းဆင်းသွားရတဲ့အသင်းတွေထွက်ပေါ်လာပြီဖြစ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကတော့ ထုံးစံအတိုင်း ပြင်းထန်နေဆဲပါပဲ။ လောလောဆယ်အနေအထားအရ ချယ်လ်ဆီးက (၆၇)မှတ်နဲ့အဆင့်(၃)၊ လီဗာပူးလ်က (၆၆)မှတ်နဲ့အဆင့်(၄)၊ လက်စတာကတော့ လီဗာပူးလ်နဲ့အမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့်(၅)နေရာမှာ ရပ်တည်နေတယ်။

လက်စတာဟာ မနှစ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လက်တစ်ကမ်းအလိုကိုရောက်ခဲ့ပြီးမှ ရာသီပိတ်ပွဲမှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာကျေနပ်ခဲ့ရပြီး အခုလည်း အဲဒီကြမ္မာဆိုး တစ်ပတ်ပြန်လည်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပြန်ပြီ။ မနှစ်တုန်းကလည်း ရလဒ်တွေကောင်းခဲ့ပြီးမှ ရာသီကုန်ဖို့နီးစပ်လာချိန်မှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် အဆင့်(၅)သာရခဲ့သလို ဒီရာသီမှာလည်း အဆင့်(၃)နေရာမှာ အချိန်တော်တော်ကြာအောင် ရပ်တည်ခဲ့ပေမယ့် အခုနောက်ပိုင်းပွဲတွေမှာ အမှားအယွင်းတွေရှိလာတဲ့အတွက် အဆင့်(၅)အထိထိုးကျသွားတာဖြစ်တယ်။

လက်စတာအသင်း မတည်မငြိမ်ဖြစ်ခဲ့တာကို အခွင့်ကောင်းယူခဲ့တာက ချယ်လ်ဆီးနဲ့ လီဗာပူးလ်ပဲဖြစ်ပြီး အထူးသဖြင့် လီဗာပူးလ်အသင်းဟာ အဆင့်(၄)အတွင်းဝင်ဖို့ မျှော်လင့်ချက်နည်းပါးနေတဲ့ဘဝကနေ ရလဒ်ကောင်းတွေဆက်တိုက်ယူနိုင်ခဲ့တာကြောင့် အခုလိုအဆင့်အထိရောက်ခဲ့တာပဲ။ အခုအချိန်မှာ ချယ်လ်ဆီးရော၊ လီဗာပူးလ်ပါ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ခွင့်ရှိနေပေမယ့် လက်စတာအသင်းကတော့ အဲဒီအခွင့်အရေးမရှိတော့ဘူး။

ဂိုးကွာခြားချက်အရ ချယ်လ်ဆီးက (+၂၃)၊ လီဗာပူးလ်က (+၂၄)၊ လက်စတာက (+၂၀)သာရှိလို့ လက်စတာအသင်းအတွက် မျှော်လင့်ချက်နည်းပါးနေပြီ။ ရာသီပိတ်ပွဲတွေကို ကြည့်ရင် ချယ်လ်ဆီးက ဗီလာနဲ့အဝေးကွင်း၊ လီဗာပူးလ်က ပဲလေ့စ်နဲ့ အိမ်ကွင်းကစားရမှာဖြစ်ပေမယ့် လက်စတာအသင်းက ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာမျှော်လင့်ချက်ရှိနေတဲ့ စပါးအသင်းကို အိမ်ကွင်းပွဲကစားရမှာဖြစ်လို့ ကျန်တဲ့နှစ်သင်းထက် ပွဲပိုကြပ်နေတယ်လို့ပြောရမယ်။ တကယ်လို့ ချယ်လ်ဆီးနဲ့လီဗာပူးလ် ရာသီပိတ်ပွဲမှာ အမှားလုပ်ခဲ့ရင်တောင် လက်စတာက စပါးအသင်းကို အနိုင်ရဖို့ အသည်းအသန်ကစားရဦးမှာပဲ။

နောက်တစ်ချက်ကလည်း ဒီသုံးသင်းစလုံး နိုင်ပွဲတွေရခဲ့ရင်တောင် လက်စတာအသင်းဟာ ဂိုးကွာခြားချက်အရအနည်းဆုံးဖြစ်နေတဲ့အတွက် အခြေအနေက သိပ်တော့မကောင်းလှဘူး။ စပါးအသင်းကို အနိမ့်ဆုံး(၃)ဂိုးပြတ်နဲ့အထက် သွင်းပြီးအနိုင်ရမှ လက်စတာတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အနေအထားက ဖြစ်လာဖို့ခဲယဉ်းတယ်။

လက်စတာအတွက် နောက်ဆုံးမျှော်လင့်ချက်က ချယ်လ်ဆီးနဲ့ လီဗာပူးလ်တစ်သင်းသင်းခြေချော်ပြီး ကိုယ်ကလည်း အိမ်ကွင်းမှာ စပါးကို အနိုင်ယူနိုင်ဖို့ပဲရှိတော့တယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၃၈)ကို အခုတစ်ပတ်တနင်္ဂနွေ၊ မြန်မာစံတော်ချိန်ည(၉း၃၀)အချိန်မှာ တစ်ပြိုင်နက်ကစားသွားမှာဖြစ်ပြီး ချယ်လ်ဆီး၊ လီဗာပူးလ်၊ လက်စတာတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် (၃)ပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုအဖြေမျိုးထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ . . .

zawgyi

ျပင္းထန္ေနဆဲ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲ

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကေတာ့ ဇာတ္သိမ္းခန္းေရာက္ဖို႔ ပြဲစဥ္တစ္ပြဲသာလိုပါေတာ့တယ္။ အခုအခ်ိန္မွာ ခ်န္ပီယံျဖစ္မယ့္အသင္း၊ တန္းဆင္းသြားရတဲ့အသင္းေတြထြက္ေပၚလာၿပီျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲကေတာ့ ထုံးစံအတိုင္း ျပင္းထန္ေနဆဲပါပဲ။ ေလာေလာဆယ္အေနအထားအရ ခ်ယ္လ္ဆီးက (၆၇)မွတ္နဲ႔အဆင့္(၃)၊ လီဗာပူးလ္က (၆၆)မွတ္နဲ႔အဆင့္(၄)၊ လက္စတာကေတာ့ လီဗာပူးလ္နဲ႔အမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္(၅)ေနရာမွာ ရပ္တည္ေနတယ္။

လက္စတာဟာ မႏွစ္ကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ လက္တစ္ကမ္းအလိုကိုေရာက္ခဲ့ၿပီးမွ ရာသီပိတ္ပြဲမွာ ယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့လို႔ ယူ႐ိုပါလိဂ္ဝင္ခြင့္နဲ႔သာေက်နပ္ခဲ့ရၿပီး အခုလည္း အဲဒီၾကမၼာဆိုး တစ္ပတ္ျပန္လည္မယ့္အေျခအေနနဲ႔ ရင္ဆိုင္ေနရျပန္ၿပီ။ မႏွစ္တုန္းကလည္း ရလဒ္ေတြေကာင္းခဲ့ၿပီးမွ ရာသီကုန္ဖို႔နီးစပ္လာခ်ိန္မွာ ရလဒ္ေတြဆိုး႐ြားခဲ့တာေၾကာင့္ အဆင့္(၅)သာရခဲ့သလို ဒီရာသီမွာလည္း အဆင့္(၃)ေနရာမွာ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ရပ္တည္ခဲ့ေပမယ့္ အခုေနာက္ပိုင္းပြဲေတြမွာ အမွားအယြင္းေတြရွိလာတဲ့အတြက္ အဆင့္(၅)အထိထိုးက်သြားတာျဖစ္တယ္။

လက္စတာအသင္း မတည္မၿငိမ္ျဖစ္ခဲ့တာကို အခြင့္ေကာင္းယူခဲ့တာက ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္ပဲျဖစ္ၿပီး အထူးသျဖင့္ လီဗာပူးလ္အသင္းဟာ အဆင့္(၄)အတြင္းဝင္ဖို႔ ေမွ်ာ္လင့္ခ်က္နည္းပါးေနတဲ့ဘဝကေန ရလဒ္ေကာင္းေတြဆက္တိုက္ယူႏိုင္ခဲ့တာေၾကာင့္ အခုလိုအဆင့္အထိေရာက္ခဲ့တာပဲ။ အခုအခ်ိန္မွာ ခ်ယ္လ္ဆီးေရာ၊ လီဗာပူးလ္ပါ ကိုယ့္ကံၾကမၼာကို ကိုယ္တိုင္ဖန္တီးႏိုင္ခြင့္ရွိေနေပမယ့္ လက္စတာအသင္းကေတာ့ အဲဒီအခြင့္အေရးမရွိေတာ့ဘူး။

ဂိုးကြာျခားခ်က္အရ ခ်ယ္လ္ဆီးက (+၂၃)၊ လီဗာပူးလ္က (+၂၄)၊ လက္စတာက (+၂၀)သာရွိလို႔ လက္စတာအသင္းအတြက္ ေမွ်ာ္လင့္ခ်က္နည္းပါးေနၿပီ။ ရာသီပိတ္ပြဲေတြကို ၾကည့္ရင္ ခ်ယ္လ္ဆီးက ဗီလာနဲ႔အေဝးကြင္း၊ လီဗာပူးလ္က ပဲေလ့စ္နဲ႔ အိမ္ကြင္းကစားရမွာျဖစ္ေပမယ့္ လက္စတာအသင္းက ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေနရာေမွ်ာ္လင့္ခ်က္ရွိေနတဲ့ စပါးအသင္းကို အိမ္ကြင္းပြဲကစားရမွာျဖစ္လို႔ က်န္တဲ့ႏွစ္သင္းထက္ ပြဲပိုၾကပ္ေနတယ္လို႔ေျပာရမယ္။ တကယ္လို႔ ခ်ယ္လ္ဆီးနဲ႔လီဗာပူးလ္ ရာသီပိတ္ပြဲမွာ အမွားလုပ္ခဲ့ရင္ေတာင္ လက္စတာက စပါးအသင္းကို အႏိုင္ရဖို႔ အသည္းအသန္ကစားရဦးမွာပဲ။

ေနာက္တစ္ခ်က္ကလည္း ဒီသုံးသင္းစလုံး ႏိုင္ပြဲေတြရခဲ့ရင္ေတာင္ လက္စတာအသင္းဟာ ဂိုးကြာျခားခ်က္အရအနည္းဆုံးျဖစ္ေနတဲ့အတြက္ အေျခအေနက သိပ္ေတာ့မေကာင္းလွဘူး။ စပါးအသင္းကို အနိမ့္ဆုံး(၃)ဂိုးျပတ္နဲ႔အထက္ သြင္းၿပီးအႏိုင္ရမွ လက္စတာတို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမယ့္အေနအထားက ျဖစ္လာဖို႔ခဲယဥ္းတယ္။

လက္စတာအတြက္ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္က ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္တစ္သင္းသင္းေျခေခ်ာ္ၿပီး ကိုယ္ကလည္း အိမ္ကြင္းမွာ စပါးကို အႏိုင္ယူႏိုင္ဖို႔ပဲရွိေတာ့တယ္။ ပရီးမီးယားလိဂ္ပြဲစဥ္(၃၈)ကို အခုတစ္ပတ္တနဂၤေႏြ၊ ျမန္မာစံေတာ္ခ်ိန္ည(၉း၃၀)အခ်ိန္မွာ တစ္ၿပိဳင္နက္ကစားသြားမွာျဖစ္ၿပီး ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ လက္စတာတို႔ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ (၃)ပြင့္ဆိုင္ဇာတ္လမ္းက ဘယ္လိုအေျဖမ်ိဳးထြက္လာမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .