ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အတွက် အိုဝင်ရဲ့ခန့်မှန်းချက်

ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ နောက်ဆုံးပွဲ ပွဲစဉ် ၃၈ ကို ရောက်ရှိလို့ လာပြီ ဖြစ်ပါတယ်။

မနက်ဖြန်တနင်္ဂနွေမှာ တပြိုင်နက် ကစားကြမယ့် နောက်ဆုံးပွဲတွေ အတွက် မိုက်ကယ် အိုဝင်တစ်ယောက် ခန့်မှန်းထားတာ ဘယ်လောက်အထိမှန်မလဲဆိုတာ ကြည့်ကြရအောင်ပါ။

ဝုဗ် Vs ယူနိုက်တက် – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။

ဝုဗ်ဟာ ဒီရာသီရဲ့ ကာလအများစုမှာ လုံလောက်တဲ့ စွမ်းဆောင်မှု ရှိခဲ့ပါတယ်။

တကယ်လို့များ ရာအူးဂျီနီနက်သာ ရာသီအစမှာ ဆိုးရွားတဲ့ ဦးခေါင်းဒဏ်ရာ မရခဲ့ဘူးဆိုရင် ဝုဗ်ဟာ ဒီထက် အများကြီး ပိုကောင်းနေမှာပါ။

သရဲနီတွေရဲ့ ဒီရာသီ အဝေးကွင်း ပုံစံကောင်းက ဘောလုံးရာသီမှာ အားသာချက်ကြီး ဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့ အဝေးကွင်းပွဲတွေကို ပြန်တွေးမိရင် ဒီပွဲမှာလည်း နောက်ထပ် သုံးမှတ် ယူမယ်ထင်ပါတယ်။

အိုဝင် ဂိုးခန့်မှန်းရလဒ် – ဝုဗ် 0-1 ယူနိုက်တက်

-လက်စတာ Vs တော့တင်ဟမ် – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။

မြေခွေးပြာတို့ဟာ top 4 တစ်နေရာစာ အ တွက် တော့တင်ဟမ်ကို အနိုင်ရဖို့ လိုအပ်တဲ့ အပြင် လီဗာပူး ဒါမှမဟုတ် ချဲလ်ဆီး တစ်သင်းသင်း အမှတ်လျော့ဖို့ မျှော်လင့်ရတဲ့ အနေအထား ဖြစ်နေပါတယ်။

ကျွန်တော်ကတော့ စပါးဟာ အဝေးကွင်းနောက်ဆုံး ပွဲစဉ်မှာ ရမှတ်တွေ စုဆောင်းသွားလိမ့်မယ်လို့ ထင်ပါတယ်။

အိုဝင်ဂိုး ခန့်မှန်းရလဒ် – လက်စတာ 1-2တော့တင်ဟမ်

အာဆင်နယ် Vs ဘရိုက်တန် – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲမှာတော့ အာဆင်နယ်က နိုင်ပွဲ ရထားပါတယ်။

ဒါ့အပြင် ဒီပွဲမှာ အနည်းငယ် ပွဲပန်းနေဟန် ရှိမယ့် ဘရိုက်တန်နဲ့ တွေ့ရမှာ ဖြစ်လို့ ဂန်းနားတွေက ဘောလုံးရာသီကို ငါးပွဲဆက် အနိုင်နဲ့ ပိတ်သိမ်းနိုင်မယ် ထင်ပါတယ်။

အိုဝင်ဂိုး ခန့်မှန်းရလဒ်- အာဆင်နယ် 1-0 ဘရိုက်တန်

အက်စတွန်ဗီလာ Vs ချဲလ်ဆီး – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။

ချဲလ်ဆီး ပရိတ်သတ်တွေဟာ လာမယ့် တစ်ပတ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရင်ခုန်ရအုံးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲမတိုင်မီ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် သေချာအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။

ချဲလ်ဆီးဟာဗီလာပက်မှာ အကောင်းဆုံး ပုံစံနဲ့ ထွက်လာနိုင်ခဲ့မယ် ဆိုရင် ချဲလ်ဆီးတို့ ဒီပွဲကို နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

အိုဝင် ဂိုးခန့်မှန်းရလဒ်- အက်စတွန်ဗီလာ 0-2 ချဲလ်ဆီး

လီဗာပူး Vs ခရစ္စတယ်ပဲလေ့စ် – မေ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ။

လီဗာပူးအသင်းက ဒီနောက်ဆုံးပွဲအပြီး အဆင့် ၄ အတွင်း သေချာဖို့ ဆိုရင် လက်စတာနဲ့ ရလဒ် တူနေဖို့သာ လိုပါတယ်။

ဒါ့ထက် ပိုချင်ရင်တော့ ချဲလ်ဆီးထက် ရလဒ်ပိုကောင်းရင် အဆင့် ၃ ရနိုင်ပါတယ်။

အမှတ်မလိုတော့တဲ့ ပဲလေ့စ်လို အသင်းကို ရင်ဆိုင် ကစားရတာကြောင့် လီဗာပူးတို့ အလုပ် ပြီးမြောက်နိုင်မယ် ထင်ပါတယ်။

ဆာလက် ဂိုးသွင်းနိုင်ပါလိမ့်မယ်။

အိုဝင်ဂိုး ခန့်မှန်းရလဒ်- လီဗာပူး 2-1 ခရစ္စတယ်ပဲလေ့စ်

အခြားပွဲစဉ်များ အတွက် အိုဝင် ရဲ့ ခန့်မှန်းရလဒ်များ

West Ham United 2-1 Southampton

Sheffield United 1-1 Burnley

Fulham 1-2 Newcastle United

Leeds United 3-1 West Brom

zawgyi

ပရီးမီးယားလိဂ္ ေနာက္ဆုံးပြဲစဥ္အတြက္ အို၀င္ရဲ႕ခန္႔မွန္းခ်က္

ပရီးမီးယားလိဂ္ ၿပိဳင္ပြဲကေတာ့ ေနာက္ဆုံးပြဲ ပြဲစဥ္ ၃၈ ကို ေရာက္ရွိလို႔ လာၿပီ ျဖစ္ပါတယ္။

မနက္ျဖန္တနဂၤေႏြမွာ တၿပိဳင္နက္ ကစားၾကမယ့္ ေနာက္ဆုံးပြဲေတြ အတြက္ မိုက္ကယ္ အိုဝင္တစ္ေယာက္ ခန႔္မွန္းထားတာ ဘယ္ေလာက္အထိမွန္မလဲဆိုတာ ၾကည့္ၾကရေအာင္ပါ။

ဝုဗ္ Vs ယူႏိုက္တက္ – ေမ ၂၃ ရက္၊ တနဂၤေႏြေန႔၊ ည ၉း၃၀ နာရီ။

ဝုဗ္ဟာ ဒီရာသီရဲ႕ ကာလအမ်ားစုမွာ လုံေလာက္တဲ့ စြမ္းေဆာင္မႈ ရွိခဲ့ပါတယ္။

တကယ္လို႔မ်ား ရာအူးဂ်ီနီနက္သာ ရာသီအစမွာ ဆိုး႐ြားတဲ့ ဦးေခါင္းဒဏ္ရာ မရခဲ့ဘူးဆိုရင္ ဝုဗ္ဟာ ဒီထက္ အမ်ားႀကီး ပိုေကာင္းေနမွာပါ။

သရဲနီေတြရဲ႕ ဒီရာသီ အေဝးကြင္း ပုံစံေကာင္းက ေဘာလုံးရာသီမွာ အားသာခ်က္ႀကီး ျဖစ္ခဲ့ပါတယ္။

သူတို႔ရဲ႕ အေဝးကြင္းပြဲေတြကို ျပန္ေတြးမိရင္ ဒီပြဲမွာလည္း ေနာက္ထပ္ သုံးမွတ္ ယူမယ္ထင္ပါတယ္။

အိုဝင္ ဂိုးခန႔္မွန္းရလဒ္ – ဝုဗ္ 0-1 ယူႏိုက္တက္

-လက္စတာ Vs ေတာ့တင္ဟမ္ – ေမ ၂၃ ရက္၊ တနဂၤေႏြေန႔၊ ည ၉း၃၀ နာရီ။

ေျမေခြးျပာတို႔ဟာ top 4 တစ္ေနရာစာ အ တြက္ ေတာ့တင္ဟမ္ကို အႏိုင္ရဖို႔ လိုအပ္တဲ့ အျပင္ လီဗာပူး ဒါမွမဟုတ္ ခ်ဲလ္ဆီး တစ္သင္းသင္း အမွတ္ေလ်ာ့ဖို႔ ေမွ်ာ္လင့္ရတဲ့ အေနအထား ျဖစ္ေနပါတယ္။

ကြၽန္ေတာ္ကေတာ့ စပါးဟာ အေဝးကြင္းေနာက္ဆုံး ပြဲစဥ္မွာ ရမွတ္ေတြ စုေဆာင္းသြားလိမ့္မယ္လို႔ ထင္ပါတယ္။

အိုဝင္ဂိုး ခန႔္မွန္းရလဒ္ – လက္စတာ 1-2ေတာ့တင္ဟမ္

အာဆင္နယ္ Vs ဘ႐ိုက္တန္ – ေမ ၂၃ ရက္၊ တနဂၤေႏြေန႔၊ ည ၉း၃၀ နာရီ။

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ေလးပြဲမွာေတာ့ အာဆင္နယ္က ႏိုင္ပြဲ ရထားပါတယ္။

ဒါ့အျပင္ ဒီပြဲမွာ အနည္းငယ္ ပြဲပန္းေနဟန္ ရွိမယ့္ ဘ႐ိုက္တန္နဲ႔ ေတြ႕ရမွာ ျဖစ္လို႔ ဂန္းနားေတြက ေဘာလုံးရာသီကို ငါးပြဲဆက္ အႏိုင္နဲ႔ ပိတ္သိမ္းႏိုင္မယ္ ထင္ပါတယ္။

အိုဝင္ဂိုး ခန႔္မွန္းရလဒ္- အာဆင္နယ္ 1-0 ဘ႐ိုက္တန္

အက္စတြန္ဗီလာ Vs ခ်ဲလ္ဆီး – ေမ ၂၃ ရက္၊ တနဂၤေႏြေန႔၊ ည ၉း၃၀ နာရီ။

ခ်ဲလ္ဆီး ပရိတ္သတ္ေတြဟာ လာမယ့္ တစ္ပတ္မွာ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ရင္ခုန္ရအုံးမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီပြဲမတိုင္မီ ခ်န္ပီယံလိဂ္ဝင္ခြင့္ အတြက္ ေသခ်ာေအာင္ လုပ္ထားဖို႔ လိုအပ္ပါတယ္။

ခ်ဲလ္ဆီးဟာဗီလာပက္မွာ အေကာင္းဆုံး ပုံစံနဲ႔ ထြက္လာႏိုင္ခဲ့မယ္ ဆိုရင္ ခ်ဲလ္ဆီးတို႔ ဒီပြဲကို ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။

အိုဝင္ ဂိုးခန႔္မွန္းရလဒ္- အက္စတြန္ဗီလာ 0-2 ခ်ဲလ္ဆီး

လီဗာပူး Vs ခရစၥတယ္ပဲေလ့စ္ – ေမ ၂၃ ရက္၊ တနဂၤေႏြေန႔၊ ည ၉း၃၀ နာရီ။

လီဗာပူးအသင္းက ဒီေနာက္ဆုံးပြဲအၿပီး အဆင့္ ၄ အတြင္း ေသခ်ာဖို႔ ဆိုရင္ လက္စတာနဲ႔ ရလဒ္ တူေနဖို႔သာ လိုပါတယ္။

ဒါ့ထက္ ပိုခ်င္ရင္ေတာ့ ခ်ဲလ္ဆီးထက္ ရလဒ္ပိုေကာင္းရင္ အဆင့္ ၃ ရႏိုင္ပါတယ္

။အမွတ္မလိုေတာ့တဲ့ ပဲေလ့စ္လို အသင္းကို ရင္ဆိုင္ ကစားရတာေၾကာင့္ လီဗာပူးတို႔ အလုပ္ ၿပီးေျမာက္ႏိုင္မယ္ ထင္ပါတယ္။

ဆာလက္ ဂိုးသြင္းႏိုင္ပါလိမ့္မယ္။

အိုဝင္ဂိုး ခန႔္မွန္းရလဒ္- လီဗာပူး 2-1 ခရစၥတယ္ပဲေလ့စ္

အျခားပြဲစဥ္မ်ား အတြက္ အိုဝင္ ရဲ့ ခန႔္မွန္းရလဒ္မ်ား

West Ham United 2-1 Southampton

Sheffield United 1-1 Burnley

Fulham 1-2 Newcastle United

Leeds United 3-1 West Brom