ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ဂျူဗင်တပ်စ်အသင်းဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ဆုံးရှုံးရတော့မှာလား?

စီးရီးအေချန်ပီယံဆုကို (၉)နှစ်ဆက်၊ စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးအသင်း၊ စီရော်နယ်လ်ဒိုလို ကမ္ဘာ့အဆင့်ကစားသမားမျိုး ပါဝင်ကစားနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာတဲ့အနေအထားနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။

သူတို့ရဲ့ လက်ရှိချန်ပီယံဂုဏ်ပုဒ်ကို အဓိကပြိုင်ဘက်တစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းဆီ လွှဲပြောင်းပေးခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့မယ်ဆိုရင်တော့ ဂျူဗင်တပ်စ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာမယ်ဆိုတာ အသေအချာပဲ။

ကစားသမားဘဝတုန်းက ဂျူဗင်တပ်စ်အသင်းအတွက် အောင်မြင်မှုအလီလီရယူပေးခဲ့တဲ့ ပီယာလိုကတော့ နည်းပြဘဝအဖွင့်မှာပဲ ရိုလာကိုစတာခရီးစဉ်ကို ကျော်ဖြတ်နေရပြီး သူ့လက်ထက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် မစွမ်းဆောင်နိုင်ခဲ့ရင်တော့ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ဂျူဗင်တပ်စ်အသင်းဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ဆုံးရှုံးရတော့မှာလည်းဖြစ်တယ်။

အဲဒါကြောင့် နဂိုကတည်းကမှ ထိုင်ခုံလှုပ်နေတဲ့ ပီယာလိုအတွက် စီးရီးအေရာသီပိတ်ပွဲဖြစ်တဲ့ ဘိုလော့ဂ်နာနဲ့ပွဲဟာ သူ့ရဲ့နည်းပြဘဝအဆုံးအဖြတ်ပွဲဖြစ်လာနိုင်သလို နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိ၊ မရှိဆိုတာကို အဆုံးအဖြတ်ပေးမယ့်ပွဲလို့လည်းပြောရမယ်။

စီရော်နယ်လ်ဒိုဆိုတာက အောင်မြင်မှုတွေကို အမြဲဆာလောင်နေတဲ့သူဖြစ်တဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမကစားရရင် အသင်းနဲ့လမ်းခွဲဖို့က ရာနှုန်းပြည့်သေချာနေပါပြီ။

အခုအချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ (၇၅)မှတ်နဲ့ အဆင့်(၅)နေရာမှာရပ်တည်နေပြီး သူ့အပေါ်က နာပိုလီ၊ အေစီမီလန်တို့နဲ့ (၁)မှတ်သာကွာဟနေလို့ မျှော်လင့်ချက်ခပ်ပါးပါးတော့ရှိနေသေးတယ်။

ဒီအချိန်မှာ နာပိုလီအသင်းက အမှတ်ပေးဇယားအလယ်အလတ်မှာ ရပ်တည်နေတဲ့ ဗီရိုနာကို အိမ်ကွင်းပွဲကစားရမှာဖြစ်လို့ အမှားအယွင်းမရှိနိုင်ပေမယ့် အေစီမီလန်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေတဲ့ အတ္တလန်တာကို အဝေးကွင်းမှာသွားကစားရမှာဖြစ်တာကြောင့် အေစီမီလန်သာခြေချော်ခဲ့ရင် ဂျူဗင်တပ်စ်တို့ အခြေအနေကောင်းသွားဖို့ရှိတယ်။

တစ်ခုရှိတာကတော့ စီးရီးအေမှာက Head To Head ကို အရင်ကြည့်ပြီး ရလဒ်တူနေမှ Goal Difference နဲ့ဆုံးဖြတ်တာဖြစ်လို့ အတ္တလန်တာအသင်း အေစီမီလန်ကို ရှုံးပြီး၊ နာပိုလီက ဗီရိုနာကို နိုင်၊ ဂျူဗင်တပ်စ်က ဘိုလော့ဂ်နာကို အနိုင်ကစားခဲ့ရင်တောင် အတ္တလန်တာနဲ့ဂျူဗင်တပ်စ် (၇၈)မှတ်ချင်းတူသွားမှာဖြစ်ပေမယ့် Head To Head မှာ ဂျူဗင်တပ်စ်က အတ္တလန်တာကို အသာမရခဲ့တဲ့အတွက် အဆင့်(၅)နဲ့သာ ကျေနပ်ရမှာပဲ။

ဂျူဗင်တပ်စ်အသင်းဟာ အတ္တလန်တာကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ရှုံး၊ အိမ်ကွင်းမှာ(၁)ဂိုးစီသရေသာကစားနိုင်ခဲ့တာကြောင့် အတ္တလန်တာအသင်းက Head To Head မှာ ဂျူဗင်တပ်စ်ကို အသာရနေတယ်။

ဂျူဗင်တပ်စ်တို့ မျှော်လင့်ရမှာက နာပိုလီ၊ အေစီမီလန်တို့ထဲကတစ်သင်းခြေချော်ဖို့ပဲဖြစ်ပြီး ကိုယ်တိုင်ကလည်း ဘိုလော့ဂ်နာကို အမှားအယွင်းမရှိအနိုင်ယူဖို့ လိုနေသေးတယ်။

ဘာပဲဖြစ်ဖြစ် ဂျူဗင်တပ်စ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်တဲ့ ဘိုလော့ဂ်နာနဲ့ပွဲကို မဖြစ်မနေအနိုင်ကစားဖို့ကြိုးစားမှာပဲ။

အဲဒါကြောင့် စီရော်နယ်လ်ဒိုနဲ့ ပီယာလိုတို့ရဲ့အနာဂတ်၊ ဂျူဗင်တပ်စ်အသင်းရဲ့ဂုဏ်သိက္ခာကို အဆုံးအဖြတ်ပေးမယ့် စီးရီးအေဇာတ်သိမ်းပွဲမှာ ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာမလဲဆိုတာကတော့ . . .

zawgyi

ဆယ္စုႏွစ္တစ္ခုနီးပါးအတြင္း ဂ်ဴဗင္တပ္စ္အသင္းဟာ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားခြင့္ဆုံးရႈံးရေတာ့မွာလား?

စီးရီးေအခ်န္ပီယံဆုကို (၉)ႏွစ္ဆက္၊ စီးရီးေအၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံးအသင္း၊ စီေရာ္နယ္လ္ဒိုလို ကမာၻ႔အဆင့္ကစားသမားမ်ိဳး ပါဝင္ကစားေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မေသခ်ာတဲ့အေနအထားနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ ဘယ္သူကထင္မိမွာလဲ။

သူတို႔ရဲ႕ လက္ရွိခ်န္ပီယံဂုဏ္ပုဒ္ကို အဓိကၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ အင္တာမီလန္အသင္းဆီ လႊဲေျပာင္းေပးခဲ့ရသလို ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ပါ လြဲေခ်ာ္ခဲ့မယ္ဆိုရင္ေတာ့ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္လာမယ္ဆိုတာ အေသအခ်ာပဲ။

ကစားသမားဘဝတုန္းက ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေအာင္ျမင္မႈအလီလီရယူေပးခဲ့တဲ့ ပီယာလိုကေတာ့ နည္းျပဘဝအဖြင့္မွာပဲ ႐ိုလာကိုစတာခရီးစဥ္ကို ေက်ာ္ျဖတ္ေနရၿပီး သူ႔လက္ထက္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ရင္ေတာ့ ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ဆယ္စုႏွစ္တစ္ခုနီးပါးအတြင္း ဂ်ဴဗင္တပ္စ္အသင္းဟာ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားခြင့္ဆုံးရႈံးရေတာ့မွာလည္းျဖစ္တယ္။

အဲဒါေၾကာင့္ နဂိုကတည္းကမွ ထိုင္ခုံလႈပ္ေနတဲ့ ပီယာလိုအတြက္ စီးရီးေအရာသီပိတ္ပြဲျဖစ္တဲ့ ဘိုေလာ့ဂ္နာနဲ႔ပြဲဟာ သူ႔ရဲ႕နည္းျပဘဝအဆုံးအျဖတ္ပြဲျဖစ္လာႏိုင္သလို နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒို ဂ်ဴဗင္တပ္စ္အသင္းမွာ ဆက္ရွိ၊ မရွိဆိုတာကို အဆုံးအျဖတ္ေပးမယ့္ပြဲလို႔လည္းေျပာရမယ္။

စီေရာ္နယ္လ္ဒိုဆိုတာက ေအာင္ျမင္မႈေတြကို အၿမဲဆာေလာင္ေနတဲ့သူျဖစ္တဲ့အတြက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမကစားရရင္ အသင္းနဲ႔လမ္းခြဲဖို႔က ရာႏႈန္းျပည့္ေသခ်ာေနပါၿပီ။

အခုအခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္စ္အသင္းဟာ (၇၅)မွတ္နဲ႔ အဆင့္(၅)ေနရာမွာရပ္တည္ေနၿပီး သူ႔အေပၚက နာပိုလီ၊ ေအစီမီလန္တို႔နဲ႔ (၁)မွတ္သာကြာဟေနလို႔ ေမွ်ာ္လင့္ခ်က္ခပ္ပါးပါးေတာ့ရွိေနေသးတယ္။

ဒီအခ်ိန္မွာ နာပိုလီအသင္းက အမွတ္ေပးဇယားအလယ္အလတ္မွာ ရပ္တည္ေနတဲ့ ဗီ႐ိုနာကို အိမ္ကြင္းပြဲကစားရမွာျဖစ္လို႔ အမွားအယြင္းမရွိႏိုင္ေပမယ့္ ေအစီမီလန္အသင္းကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အေျခအေနေကာင္းေနတဲ့ အတၱလန္တာကို အေဝးကြင္းမွာသြားကစားရမွာျဖစ္တာေၾကာင့္ ေအစီမီလန္သာေျခေခ်ာ္ခဲ့ရင္ ဂ်ဴဗင္တပ္စ္တို႔ အေျခအေနေကာင္းသြားဖို႔ရွိတယ္။

တစ္ခုရွိတာကေတာ့ စီးရီးေအမွာက Head To Head ကို အရင္ၾကည့္ၿပီး ရလဒ္တူေနမွ Goal Difference နဲ႔ဆုံးျဖတ္တာျဖစ္လို႔ အတၱလန္တာအသင္း ေအစီမီလန္ကို ရႈံးၿပီး၊ နာပိုလီက ဗီ႐ိုနာကို ႏိုင္၊ ဂ်ဴဗင္တပ္စ္က ဘိုေလာ့ဂ္နာကို အႏိုင္ကစားခဲ့ရင္ေတာင္ အတၱလန္တာနဲ႔ဂ်ဴဗင္တပ္စ္ (၇၈)မွတ္ခ်င္းတူသြားမွာျဖစ္ေပမယ့္ Head To Head မွာ ဂ်ဴဗင္တပ္စ္က အတၱလန္တာကို အသာမရခဲ့တဲ့အတြက္ အဆင့္(၅)နဲ႔သာ ေက်နပ္ရမွာပဲ။

ဂ်ဴဗင္တပ္စ္အသင္းဟာ အတၱလန္တာကို အေဝးကြင္းမွာ (၁-ဝ)ဂိုးနဲ႔ရႈံး၊ အိမ္ကြင္းမွာ(၁)ဂိုးစီသေရသာကစားႏိုင္ခဲ့တာေၾကာင့္ အတၱလန္တာအသင္းက Head To Head မွာ ဂ်ဴဗင္တပ္စ္ကို အသာရေနတယ္။

ဂ်ဴဗင္တပ္စ္တို႔ ေမွ်ာ္လင့္ရမွာက နာပိုလီ၊ ေအစီမီလန္တို႔ထဲကတစ္သင္းေျခေခ်ာ္ဖို႔ပဲျဖစ္ၿပီး ကိုယ္တိုင္ကလည္း ဘိုေလာ့ဂ္နာကို အမွားအယြင္းမရွိအႏိုင္ယူဖို႔ လိုေနေသးတယ္။

ဘာပဲျဖစ္ျဖစ္ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ေနာက္ဆုံးေကာက္႐ိုးတစ္မွ်င္ျဖစ္တဲ့ ဘိုေလာ့ဂ္နာနဲ႔ပြဲကို မျဖစ္မေနအႏိုင္ကစားဖို႔ႀကိဳးစားမွာပဲ။

အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုနဲ႔ ပီယာလိုတို႔ရဲ႕အနာဂတ္၊ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ဂုဏ္သိကၡာကို အဆုံးအျဖတ္ေပးမယ့္ စီးရီးေအဇာတ္သိမ္းပြဲမွာ ဘယ္လိုရလဒ္မ်ိဳးထြက္ေပၚလာမလဲဆိုတာကေတာ့ . . .