အိုးထရတ်ဖို့ဒ်ကို စွန့်ခွာမှာလား ဟန်ဒါဆန်

ဘိုရပ်ရှား ဒေါ့မွန် နှင့် တော့တင်ဟမ်တို့ဟာ ယခုနွေရာသီအပြောင်းအရွေ့မှာ ဒီး ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Sky Sports သတင်းဌာနအရ ဥရောပ အသင်းကြီးတစ်ချို့ဟာ အသက် ( ၂၄ ) နှစ်အရွယ် ဂိုးသမားကို လေ့လာနေပြီး

ဒေါ့မွန် ၊ တော့တင်ဟမ် ၊ ချဲလ်ဆီး နှင့် အေစီမီလန်အသင်းတွေဟာ ယူနိုက်တက်မှာ နံပါတ် ( ၁ ) နေရာအတွက် ဒီဂီယာနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့ ဟန်ဒါဆန်ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြပါတယ်။

အိုလေ ဂန်းနား ဆိုးရှားအနေနဲ့ လာမယ့်ရာသီမှာ နံပါတ် ( ၁ ) နေရာအတွက် ဆုံးဖြတ်ရဖို့ ရှိနေစဉ် အခြေအနေတွေက ပြီးခဲ့တဲ့အပတ်တွေမှာ ပိုမိုထင်ရှားလာခဲ့တာတွေ့ရပြီး ဒေးဗစ် ဒီဂီယာက လက်စတာ ၊ဖူလ်ဟမ်တို့နဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

Gdansk မှာ ဗီလာရီးရဲအသင်းနဲ့ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း ဒေးဗစ် ဒီဂီယာက ပွဲထွက်ခွင့်ရဖို့ ရှိနေတယ်လို့ မန်ချက်စတာ ညနေခင်းသတင်းစာက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

နောက်ပြီး ဒီး ဟန်ဒါဆန်က လာမယ့်ရာသီမှာ ယူနိုက်တက်ရဲ့ နံပါတ် ( ၁ ) ဂိုးသမားနေရာမရပါက အိုးထရတ်ဖို့ဒ်ကို စွန့်ခွာဖွယ်ရှိနေပါတယ်။

zawgyi

အိုးထရတ္ဖို႔ဒ္ကို စြန႔္ခြာမှာလား ဟန္ဒါဆန္

ဘိုရပ္ရွား ေဒါ့မြန္ ႏွင့္ ေတာ့တင္ဟမ္တို႔ဟာ ယခုေႏြရာသီအေျပာင္းအေ႐ြ႕မွာ ဒီး ဟန္ဒါဆန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

Sky Sports သတင္းဌာနအရ ဥေရာပ အသင္းႀကီးတစ္ခ်ိဳ႕ဟာ အသက္ ( ၂၄ ) ႏွစ္အ႐ြယ္ ဂိုးသမားကို ေလ့လာေနၿပီး ေဒါ့မြန္ ၊ ေတာ့တင္ဟမ္ ၊ ခ်ဲလ္ဆီး ႏွင့္ ေအစီမီလန္အသင္းေတြဟာ ယူႏိုက္တက္မွာ နံပါတ္ ( ၁ ) ေနရာအတြက္ ဒီဂီယာနဲ႔ အၿပိဳင္အဆိုင္ျဖစ္ေနတဲ့ ဟန္ဒါဆန္ရဲ႕ အေျခအေနေတြကို ေစာင့္ၾကည့္ေနၾကပါတယ္။

အိုေလ ဂန္းနား ဆိုးရွားအေနနဲ႔ လာမယ့္ရာသီမွာ နံပါတ္ ( ၁ ) ေနရာအတြက္ ဆုံးျဖတ္ရဖို႔ ရွိေနစဥ္ အေျခအေနေတြက ၿပီးခဲ့တဲ့အပတ္ေတြမွာ ပိုမိုထင္ရွားလာခဲ့တာေတြ႕ရၿပီး ေဒးဗစ္ ဒီဂီယာက လက္စတာ ၊ဖူလ္ဟမ္တို႔နဲ႔ ပြဲစဥ္မွာ ပြဲထြက္ခြင့္ရခဲ့ပါတယ္။

Gdansk မွာ ဗီလာရီးရဲအသင္းနဲ႔ကစားရမယ့္ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲမွာလည္း ေဒးဗစ္ ဒီဂီယာက ပြဲထြက္ခြင့္ရဖို႔ ရွိေနတယ္လို႔ မန္ခ်က္စတာ ညေနခင္းသတင္းစာက ဗုဒၶဟူးေန႔မွာ ထုတ္ေဖာ္ေရးသားခဲ့ပါတယ္။ ေနာက္ၿပီး ဒီး ဟန္ဒါဆန္က လာမယ့္ရာသီမွာ ယူႏိုက္တက္ရဲ႕ နံပါတ္ ( ၁ ) ဂိုးသမားေနရာမရပါက အိုးထရတ္ဖို႔ဒ္ကို စြန႔္ခြာဖြယ္ရွိေနပါတယ္။