မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘဝကhttps://theonesportsjournal.com/wp-content/uploads/2021/05/2-14.jpg အဆုံးသတ်ဖို့သေချာသွားပြီလား

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့အဓိက ကစားသမား မက်ဆီကို အခုနွေရာသီမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် ပြင်ဆင်ချိန်ပိုရအောင် အီဘာနဲ့ကစားမယ့် လာလီဂါရာသီပိတ်ပွဲမတိုင်ခင်ကတည်းက အားလပ်ရက်ပေးခဲ့တာကြောင့် မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘဝက အဆုံးသတ်ဖို့သေချာသွားပြီလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်နေပါပြီ။

မက်ဆီဟာ အီဘာနဲ့ပွဲမှာ ဘာစီလိုနာကစားသမားဘ၀ နောက်ဆုံးပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းဟာ အီဘာနဲ့ပွဲမတိုင်ခင်ကတည်းက အနားယူဖို့ ခွင့်ပြုခဲ့တာကြောင့် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲတောင် ကစားခွင့်မရတော့ဘူးလို့ စပိန်မီဒီယာတွေက ဖော်ပြနေကြတာပါ။

ဘာစီလိုနာအသင်းဟာ လာလီဂါချန်ပီယံဆုမျှော်လင့်ချက်မရှိတော့တာကြောင့် အီဘာနဲ့ပွဲမှာ မက်ဆီကို အနားပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် မက်ဆီနဲ့ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်သက်တမ်းတိုးရေးကိစ္စ ပြေလည်မှုမရှိသေးတဲ့အချိန်ဖြစ်နေတဲ့အတွက် ဘာစီလိုနာအသင်းကနေ မက်ဆီ ထွက်ခွာဖို့သေချာနေပြီဆိုပြီး မီဒီယာတွေက သုံးသပ်နေကြတာလည်းဖြစ်ပါတယ်။

မက်ဆီရဲ့လက်ရှိစာချုပ်က အခုလာမယ့်ဇွန်လ(၃၀)မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အခုအချိန်အထိ စာချုပ်သက်တမ်းမတိုးရသေးလို့ တခြားအသင်းတစ်သင်းကို အလွတ်နဲ့ပြောင်းရွှေ့ခွင့်ရှိနေပါပြီ။

ပြီးခဲ့တဲ့မတ်လတုန်းက ဘာစီလိုနာအသင်းဥက္ကဌသစ်အဖြစ် လာပေါ်တာ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး လာပေါ်တာဟာ မက်ဆီကလေးဘဝတုန်းက လာမာစီယာအကယ်ဒမီအတွက် ခေါ်ယူခဲ့သူဖြစ်လို့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် မက်ဆီကို ဆက်ထိန်းနိုင်မယ်လို့ ပရိသတ်တွေက ယုံကြည်ခဲ့ကြပါတယ်။

လာပေါ်တာကလည်း အသင်းမှာ မက်ဆီ ဆက်ရှိနေဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပေမယ့်လည်း အခုအချိန်အထိ စာချုပ်သစ်ကိစ္စက အထမမြောက်သေးပါဘူး။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ကြွေးမြီပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် အသင်းရဲ့လစာငွေအများဆုံးကစားသမားဖြစ်နေတဲ့ မက်ဆီကို ဆက်ထိန်းထားနိုင်ဖို့က မသေမချာဖြစ်နေပါပြီ။

မက်ဆီဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက စပိန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ La Sexta နဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း သူ့အနာဂတ်နဲ့ပတ်သက်လို့ မီဒီယာတွေကို ဖွင့်ဟပြောဆိုတာမျိုး မရှိတော့ဘဲ လာမယ့်စနေနေ့မှာတော့ အာဂျင်တီးနားသတင်းစာ Ole နဲ့ အင်တာဗျူးလုပ်သွားဖို့ရှိနေပါတယ်။

၂၀၀၄-၀၅ ရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာကစားသမားဘ၀ (၁၇)ရာသီအတွင်း လာလီဂါ၊ ချန်ပီယံလိဂ်၊ စပိန်ဘုရင့်ဖလားအပါအဝင် ဆုဖလားပေါင်း(၃၅)ခုအထိရရှိခဲ့သူပါ။

အခုအချိန်မှာတော့ မက်ဆီနဲ့ဘာစီလိုနာအသင်းရဲ့ အနေအထားကို မန်စီးတီး၊ PSG အသင်းတို့က စောင့်ကြည့်နေပြီး မက်ဆီအနေနဲ့ လာမယ့်ရာသီကျရင် ဘာစီလိုနာမှာပဲ ဆက်ရှိနေမလား၊ ဒါမှမဟုတ် တခြားထိပ်သီးအသင်းတစ်သင်းကိုပဲ ပြောင်းရွှေ့မှာလားဆိုတာကတော့ . .

zawgyi

မက္ဆီရဲ႕ ဘာစီလိုနာကစားသမားဘဝ အဆုံးသတ္ၿပီလား
ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕အဓိက ကစားသမား မက္ဆီကို အခုေႏြရာသီမွာ က်င္းပမယ့္ ကိုပါအေမရိကဖလားၿပိဳင္ပြဲအတြက္ ျပင္ဆင္ခ်ိန္ပိုရေအာင္ အီဘာနဲ႔ကစားမယ့္ လာလီဂါရာသီပိတ္ပြဲမတိုင္ခင္ကတည္းက အားလပ္ရက္ေပးခဲ့တာေၾကာင့္ မက္ဆီရဲ႕ ဘာစီလိုနာကစားသမားဘဝက အဆုံးသတ္ဖို႔ေသခ်ာသြားၿပီလားဆိုတဲ့ ေမးခြန္းေတြထြက္ေပၚေနပါၿပီ။

မက္ဆီဟာ အီဘာနဲ႔ပြဲမွာ ဘာစီလိုနာကစားသမားဘ၀ ေနာက္ဆုံးပြဲအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ဖို႔ရွိတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနၿပီး ဘာစီလိုနာအသင္းဟာ အီဘာနဲ႔ပြဲမတိုင္ခင္ကတည္းက အနားယူဖို႔ ခြင့္ျပဳခဲ့တာေၾကာင့္ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းအတြက္ ေနာက္ဆုံးႏႈတ္ဆက္ပြဲေတာင္ ကစားခြင့္မရေတာ့ဘူးလို႔ စပိန္မီဒီယာေတြက ေဖာ္ျပေနၾကတာပါ။

ဘာစီလိုနာအသင္းဟာ လာလီဂါခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္မရွိေတာ့တာေၾကာင့္ အီဘာနဲ႔ပြဲမွာ မက္ဆီကို အနားေပးဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ေပမယ့္ မက္ဆီနဲ႔ဘာစီလိုနာအသင္းတို႔ရဲ႕ စာခ်ဳပ္သက္တမ္းတိုးေရးကိစၥ ေျပလည္မႈမရွိေသးတဲ့အခ်ိန္ျဖစ္ေနတဲ့အတြက္ ဘာစီလိုနာအသင္းကေန မက္ဆီ ထြက္ခြာဖို႔ေသခ်ာေနၿပီဆိုၿပီး မီဒီယာေတြက သုံးသပ္ေနၾကတာလည္းျဖစ္ပါတယ္။

မက္ဆီရဲ႕လက္ရွိစာခ်ဳပ္က အခုလာမယ့္ဇြန္လ(၃၀)မွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အခုအခ်ိန္အထိ စာခ်ဳပ္သက္တမ္းမတိုးရေသးလို႔ တျခားအသင္းတစ္သင္းကို အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခြင့္ရွိေနပါၿပီ။

ၿပီးခဲ့တဲ့မတ္လတုန္းက ဘာစီလိုနာအသင္းဥကၠဌသစ္အျဖစ္ လာေပၚတာ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရၿပီး လာေပၚတာဟာ မက္ဆီကေလးဘဝတုန္းက လာမာစီယာအကယ္ဒမီအတြက္ ေခၚယူခဲ့သူျဖစ္လို႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိတာေၾကာင့္ မက္ဆီကို ဆက္ထိန္းႏိုင္မယ္လို႔ ပရိသတ္ေတြက ယုံၾကည္ခဲ့ၾကပါတယ္။

လာေပၚတာကလည္း အသင္းမွာ မက္ဆီ ဆက္ရွိေနဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားသြားမယ္လို႔ ကတိေပးခဲ့ေပမယ့္လည္း အခုအခ်ိန္အထိ စာခ်ဳပ္သစ္ကိစၥက အထမေျမာက္ေသးပါဘူး။

ဒါ့အျပင္ ဘာစီလိုနာအသင္းဟာ ေႂကြးၿမီျပႆနာေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ အသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမားျဖစ္ေနတဲ့ မက္ဆီကို ဆက္ထိန္းထားႏိုင္ဖို႔က မေသမခ်ာျဖစ္ေနပါၿပီ။

မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္၊ ဒီဇင္ဘာလတုန္းက စပိန္႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ La Sexta နဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ပိုင္း သူ႔အနာဂတ္နဲ႔ပတ္သက္လို႔ မီဒီယာေတြကို ဖြင့္ဟေျပာဆိုတာမ်ိဳး မရွိေတာ့ဘဲ လာမယ့္စေနေန႔မွာေတာ့ အာဂ်င္တီးနားသတင္းစာ Ole နဲ႔ အင္တာဗ်ဴးလုပ္သြားဖို႔ရွိေနပါတယ္။

၂၀၀၄-၀၅ ရာသီမွာ ဘာစီလိုနာအသင္းအတြက္ ပြဲဦးထြက္ခြင့္ရခဲ့တဲ့ မက္ဆီဟာ ဘာစီလိုနာကစားသမားဘ၀ (၁၇)ရာသီအတြင္း လာလီဂါ၊ ခ်န္ပီယံလိဂ္၊ စပိန္ဘုရင့္ဖလားအပါအဝင္ ဆုဖလားေပါင္း(၃၅)ခုအထိရရွိခဲ့သူပါ။

အခုအခ်ိန္မွာေတာ့ မက္ဆီနဲ႔ဘာစီလိုနာအသင္းရဲ႕ အေနအထားကို မန္စီးတီး၊ PSG အသင္းတို႔က ေစာင့္ၾကည့္ေနၿပီး မက္ဆီအေနနဲ႔ လာမယ့္ရာသီက်ရင္ ဘာစီလိုနာမွာပဲ ဆက္ရွိေနမလား၊ ဒါမွမဟုတ္ တျခားထိပ္သီးအသင္းတစ္သင္းကိုပဲ ေျပာင္းေ႐ႊ႕မွာလားဆိုတာကေတာ့ . .