ဖာနန်ဒက်စ်ရဲ့ တည်ငြိမ်မှုနှင့် ယုံကြည်မှု ဆိုင်ရာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတယ်လို့ ဖာဂူဆန် ထောက်ပြ

ဆာအဲလက် ဖာဂူဆန်က ( ၂၀၂၀ ) ဇန်နဝါရီ အပြောင်းအရွေ့အတွင်း အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာတဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တည်ငြိမ်မှု နှင့် ယုံကြည်မှု ဆိုင်ရာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဖာနန်ဒက်စ်က ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မှာ စပို့တင်း လစ္စဘွန်းကနေ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် Sir Matt Bubsy player of the year ဆုကို ( ၂ ) ရာသီဆက် ရရှိခဲ့ပါတယ်။

အသက် ( ၂၆ ) နှစ်အရွယ် ကွင်းလယ်ကစားသမားက အိုလေ ဂန်းနား ဆိုးရှားရဲ့ အသင်းမှာ အဓိက ကစားသမားတစ်ဦးအနေနဲ့ ပါဝင်လျက်ရှိပြီး ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုးပါဝင်ပတ်သက်မှု ( ၄၃ ) ကြိမ်ထိ ပြုလုပ်ထားပါတယ်။

ယူနိုက်တက်နည်းပြဟောင်း နှင့် ဆိုးရှားရဲ့ ဆရာဖြစ်သူ ဖာဂူဆန်က ပင်နယ်တီ နှင့် ဂိုးသွင်းရာမှာ ယုံကြည်မှုရှိခြင်း ၊ final third ထဲမှာ တည်တည်ငြိမ်ငြိမ် ကစားနိုင်ခြင်းတို့ကို ‌ ပေါ်တူဂီ ကြယ်ပွင့်ရဲ့ အဓိက စွမ်းဆောင်ရည်တွေအဖြစ် မှတ်ချက်ပေးလိုက်ပါတယ်။

ဖာဂူဆန်က ဘီဘီစီသတင်းဌာနနဲ့တွေ့ဆုံရာမှာ ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး “ သူက အရေးကြီးတဲ့ သွင်းဂိုးတွေ ရယူပေးထားပါတယ်။ ပင်နယ်တီ ကန်သွင်းတဲ့အချိန်မှာတောင် အရမ်းယုံကြည်မှု ရှိပါတယ်။” လို့ ဆိုပါတယ်။

“ သူက တည်ငြိမ်မှုရှိပါတယ်။ ဧရိယာအပြင်က သူ့ရဲ့ ကန်သွင်းမှု‌တွေ အားလုံးဟာ ကြောက်စရာကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ယူနိုက်တက်လိုအပ်နေတဲ့ အရာကို ဖာနန်ဒက်စ်က ပေးစွမ်းနိုင်ပါတယ်။ သူ့မှာ final third ထဲကို ပေးပို့နိုင်တဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်ထားပါတယ်။ ဒါက ပြိုင်ဘက် ခံစစ်ကို ဖောက်ထွက်နိုင်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။”

zawgyi

ဖာနန္ဒက္စ္ရဲ႕ တည္ၿငိမ္မႈႏွင့္ ယုံၾကည္မႈ ဆိုင္ရာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားတယ္လို႔ ဖာဂူဆန္ ေထာက္ျပ ။

ဆာအဲလက္ ဖာဂူဆန္က ( ၂၀၂၀ ) ဇန္နဝါရီ အေျပာင္းအေရြ႕အတြင္း အိုးထရတ္ဖို႔ဒ္ကို ေရာက္ရွိလာတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ တည္ၿငိမ္မႈ ႏွင့္ ယုံၾကည္မႈ ဆိုင္ရာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဖာနန္ဒက္စ္က ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ေစ်းကြက္မွာ စပို႔တင္း လစၥဘြန္းကေန အိုးထရတ္ဖို႔ဒ္ကို ေရာက္ရွိလာၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ Sir Matt Bubsy player of the year ဆုကို ( ၂ ) ရာသီဆက္ ရရွိခဲ့ပါတယ္။

အသက္ ( ၂၆ ) ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားက အိုေလ ဂန္းနား ဆိုးရွားရဲ႕ အသင္းမွာ အဓိက ကစားသမားတစ္ဦးအေနနဲ႔ ပါဝင္လ်က္ရွိၿပီး ဒီရာသီ ၿပိဳင္ပြဲစုံ သြင္းဂိုးပါဝင္ပတ္သက္မႈ ( ၄၃ ) ႀကိမ္ထိ ျပဳလုပ္ထားပါတယ္။

ယူႏိုက္တက္နည္းျပေဟာင္း ႏွင့္ ဆိုးရွားရဲ႕ ဆရာျဖစ္သူ ဖာဂူဆန္က ပင္နယ္တီ ႏွင့္ ဂိုးသြင္းရာမွာ ယုံၾကည္မႈရွိျခင္း ၊ final third ထဲမွာ တည္တည္ၿငိမ္ၿငိမ္ ကစားႏိုင္ျခင္းတို႔ကို ‌ ေပၚတူဂီ ၾကယ္ပြင့္ရဲ႕ အဓိက စြမ္းေဆာင္ရည္ေတြအျဖစ္ မွတ္ခ်က္ေပးလိုက္ပါတယ္။

ဖာဂူဆန္က ဘီဘီစီသတင္းဌာနနဲ႔ေတြ႕ဆုံရာမွာ ဖာနန္ဒက္စ္နဲ႔ ပတ္သက္ၿပီး “ သူက အေရးႀကီးတဲ့ သြင္းဂိုးေတြ ရယူေပးထားပါတယ္။ ပင္နယ္တီ ကန္သြင္းတဲ့အခ်ိန္မွာေတာင္ အရမ္းယုံၾကည္မႈ ရွိပါတယ္။” လို႔ ဆိုပါတယ္။

“ သူက တည္ၿငိမ္မႈရွိပါတယ္။ ဧရိယာအျပင္က သူ႔ရဲ႕ ကန္သြင္းမႈ‌ေတြ အားလုံးဟာ ေၾကာက္စရာေကာင္းပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ ယူႏိုက္တက္လိုအပ္ေနတဲ့ အရာကို ဖာနန္ဒက္စ္က ေပးစြမ္းႏိုင္ပါတယ္။ သူ႔မွာ final third ထဲကို ေပးပို႔ႏိုင္တဲ့ စြမ္းေဆာင္ရည္ ပိုင္ဆိုင္ထားပါတယ္။ ဒါက ၿပိဳင္ဘက္ ခံစစ္ကို ေဖာက္ထြက္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ထင္ပါတယ္။”