ကာဗာနီနဲ့ ယူနိုက်တက်အတွက် စံချိန်မှတ်တမ်းကောင်းများ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ကြားရက်က ဖူလ်ဟမ်နဲ့(၁)ဂိုးစီသရေကျခဲ့ပြီး အဲဒီပွဲအပြီးမှာ တိုက်စစ်မှူးကာဗာနီနဲ့ ယူနိုက်တက်အသင်းတို့ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်၊ မတ်လတုန်းက မန်ချက်စတာဒါဘီပွဲအဖြစ် ပရိသတ်တွေရဲ့ရှေ့မှာ တွမ်မီနေးဂိုးသွင်းခဲ့ပြီး (၁၄)လအကြာ ပထမဆုံးအကြိမ် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ကိုယ့်အသင်းပရိသတ်တွေ့ရှေ့မှောက်မှာ ကာဗာနီ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်း နိုင်ပွဲမရခဲ့ဘဲ ဒီရာသီအိမ်ကွင်းနောက်ဆုံးပွဲကို သရေနဲ့သာကျေနပ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ကာဗာနီဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ (၁၀)ဂိုးမြောက်သွင်းယူခဲ့ပြီး ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း(၁၀)ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ (၂၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ဒီရာသီ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ (၁၀)နဲ့အထက်သွင်းယူခဲ့တဲ့ကစားသမား(၃)ဦးအထိရှိတာက ယူနိုက်တက်တစ်သင်းသာရှိပြီး အဲဒီသူတွေက ကာဗာနီ(၁၀ဂိုး)၊ ဘရူနိုဖာနန်ဒက်စ်(၁၈ဂိုး)နဲ့ ရပ်ရှ်ဖို့ဒ်(၁၁ဂိုး)တို့ပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီကို (၁၀)ဂိုးနဲ့အထက်အရေအတွက်ကို အကြိမ်အများဆုံးသွင်းယူခဲ့တာက ဂန္ထဝင်တိုက်စစ်မှူးရွန်နီဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝအစ ၂၀၀၄-၀၅ ရာသီကနေ ၂၀၁၄-၁၅ ရာသီအထိ (၁၁)ကြိမ်ဆက်တိုက်သွင်းယူခဲ့တာပါ။

ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၁၀)ဂိုးနဲ့အထက်သွင်းဂိုးအရေအတွက်ကို အကြိမ်အများဆုံးသွင်းယူခဲ့တဲ့စံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ရွန်နီရဲ့နောက်မှာ နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ အန်ဒီကိုးလ်နဲ့ ဆိုးလ်ရှားတို့က (၅)ကြိမ်၊ နစ္စတယ်ရွိုင်း၊ ကန်တိုနာတို့က (၄)ကြိမ်စီနဲ့ ရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်းရဲ့ လက်ရှိကစားသမားတွေထဲမှာ တစ်ရာသီကို (၁၀)ဂိုးနဲ့အထက်သွင်းယူခဲ့တဲ့အကြိမ်အများဆုံးအဖြစ် ရပ်တည်နေတာက ရပ်ရှ်ဖို့ဒ်နဲ့ မာစီယဲလ်တို့ဖြစ်ပြီး (၃)ကြိမ်စီသွင်းခဲ့ကြတာပါ။

ဖူလ်ဟမ်နဲ့ပွဲမှာ ကာဗာနီဟာ ယူနိုက်တက်ကစားသမားဘ၀ ပရီးမီးယားလိဂ်(၁၀)ဂိုးမြောက်သွင်းယူခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း (၁၀)ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအရေအတွက်အများဆုံးကလပ်အသင်းအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

အဲဒီမတိုင်ခင်က ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ကစားသမား(၂၄)ဦးစီနဲ့အရေအတွက်ချင်းတူညီနေပြီး အခု ကာဗာနီက ယူနိုက်တက်အသင်းအတွက် တစ်ရာသီအတွင်း(၁၀)ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ (၂၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို တစ်ဦးအသာနဲ့ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်(၁၀)ဂိုးနဲ့အထက် အကြိမ်အများဆုံးသွင်းခဲ့တဲ့ ယူနိုက်တက်ကစားသမားများ

11: Wayne Rooney

5: Andy Cole, Ole Gunnar Solskjaer

4: Eric Cantona, Ruud van Nistelrooy

3: Cristiano Ronaldo, Javier Hernandez, Robin van Persie, Anthony Martial, Marcus Rashford

2: Mark Hughes, Ryan Giggs, Paul Scholes, Dwight Yorke, Dimitar Berbatov, Romelu Lukaku

1: Andrei Kanchelskis, Teddy Sheringham, David Beckham, Carlos Tevez, Zlatan Ibrahimovic, Paul Pogba, Mason Greenwood, Bruno Fernandes, Edinson Cavani.

zawgyi

ကာဗာနီနဲ႔ ယူႏိုက္တက္အတြက္ စံခ်ိန္မွတ္တမ္းေကာင္းမ်ား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ၾကားရက္က ဖူလ္ဟမ္နဲ႔(၁)ဂိုးစီသေရက်ခဲ့ၿပီး အဲဒီပြဲအၿပီးမွာ တိုက္စစ္မႉးကာဗာနီနဲ႔ ယူႏိုက္တက္အသင္းတို႔ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ မတ္လတုန္းက မန္ခ်က္စတာဒါဘီပြဲအျဖစ္ ပရိသတ္ေတြရဲ႕ေရွ႕မွာ တြမ္မီေနးဂိုးသြင္းခဲ့ၿပီး (၁၄)လအၾကာ ပထမဆုံးအႀကိမ္ အိုးလ္ထရက္ဖို႔ဒ္ကြင္းအတြင္း ကိုယ့္အသင္းပရိသတ္ေတြ႕ေရွ႕ေမွာက္မွာ ကာဗာနီ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္း ႏိုင္ပြဲမရခဲ့ဘဲ ဒီရာသီအိမ္ကြင္းေနာက္ဆုံးပြဲကို သေရနဲ႔သာေက်နပ္ခဲ့ရပါတယ္။

ဒါေပမဲ့လည္း ကာဗာနီဟာ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ယူႏိုက္တက္ကစားသမားဘ၀ (၁၀)ဂိုးေျမာက္သြင္းယူခဲ့ၿပီး ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္မွာ တစ္ရာသီအတြင္း(၁၀)ဂိုးနဲ႔အထက္ သြင္းယူခဲ့တဲ့ (၂၅)ဦးေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

ဒီရာသီ ပရီးမီးယားလိဂ္အသင္းေတြထဲမွာ (၁၀)နဲ႔အထက္သြင္းယူခဲ့တဲ့ကစားသမား(၃)ဦးအထိရွိတာက ယူႏိုက္တက္တစ္သင္းသာရွိၿပီး အဲဒီသူေတြက ကာဗာနီ(၁၀ဂိုး)၊ ဘ႐ူႏိုဖာနန္ဒက္စ္(၁၈ဂိုး)နဲ႔ ရပ္ရွ္ဖို႔ဒ္(၁၁ဂိုး)တို႔ပဲျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ရာသီကို (၁၀)ဂိုးနဲ႔အထက္အေရအတြက္ကို အႀကိမ္အမ်ားဆုံးသြင္းယူခဲ့တာက ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီျဖစ္ၿပီး ယူႏိုက္တက္ကစားသမားဘဝအစ ၂၀၀၄-၀၅ ရာသီကေန ၂၀၁၄-၁၅ ရာသီအထိ (၁၁)ႀကိမ္ဆက္တိုက္သြင္းယူခဲ့တာပါ။

ဒါဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ (၁၀)ဂိုးနဲ႔အထက္သြင္းဂိုးအေရအတြက္ကို အႀကိမ္အမ်ားဆုံးသြင္းယူခဲ့တဲ့စံခ်ိန္အျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး ႐ြန္နီရဲ႕ေနာက္မွာ နာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့ အန္ဒီကိုးလ္နဲ႔ ဆိုးလ္ရွားတို႔က (၅)ႀကိမ္၊ နစၥတယ္႐ြိဳင္း၊ ကန္တိုနာတို႔က (၄)ႀကိမ္စီနဲ႔ ရပ္တည္ေနပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ လက္ရွိကစားသမားေတြထဲမွာ တစ္ရာသီကို (၁၀)ဂိုးနဲ႔အထက္သြင္းယူခဲ့တဲ့အႀကိမ္အမ်ားဆုံးအျဖစ္ ရပ္တည္ေနတာက ရပ္ရွ္ဖို႔ဒ္နဲ႔ မာစီယဲလ္တို႔ျဖစ္ၿပီး (၃)ႀကိမ္စီသြင္းခဲ့ၾကတာပါ။

ဖူလ္ဟမ္နဲ႔ပြဲမွာ ကာဗာနီဟာ ယူႏိုက္တက္ကစားသမားဘ၀ ပရီးမီးယားလိဂ္(၁၀)ဂိုးေျမာက္သြင္းယူခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း (၁၀)ဂိုးနဲ႔အထက္သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားအေရအတြက္အမ်ားဆုံးကလပ္အသင္းအျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။

အဲဒီမတိုင္ခင္က ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ဟာ ကစားသမား(၂၄)ဦးစီနဲ႔အေရအတြက္ခ်င္းတူညီေနၿပီး အခု ကာဗာနီက ယူႏိုက္တက္အသင္းအတြက္ တစ္ရာသီအတြင္း(၁၀)ဂိုးနဲ႔အထက္ သြင္းယူခဲ့တဲ့ (၂၅)ဦးေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းက အာဆင္နယ္အသင္းကို တစ္ဦးအသာနဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္(၁၀)ဂိုးနဲ႔အထက္ အႀကိမ္အမ်ားဆုံးသြင္းခဲ့တဲ့ ယူႏိုက္တက္ကစားသမားမ်ား

11: Wayne Rooney

5: Andy Cole, Ole Gunnar Solskjaer

4: Eric Cantona, Ruud van Nistelrooy

3: Cristiano Ronaldo, Javier Hernandez, Robin van Persie, Anthony Martial, Marcus Rashford

2: Mark Hughes, Ryan Giggs, Paul Scholes, Dwight Yorke, Dimitar Berbatov, Romelu Lukaku

1: Andrei Kanchelskis, Teddy Sheringham, David Beckham, Carlos Tevez, Zlatan Ibrahimovic, Paul Pogba, Mason Greenwood, Bruno Fernandes, Edinson Cavani.