မျှော်လင့်ချက်အပြည့်နဲ့ လီဗာပူး၊ လမ်းပျောက်နေဆဲ အာဆင်နယ်

လီဗာပူး အသင်းဟာ ဖာမီနိုစ့်၊ ဖိလစ် ၊ ချိန်ဘာလိန်တို့သွင်းယူတဲ့ ဂိုးတွေကြောင့် ဘန် လေကို အနိုင်ရခဲ့ပါတယ်။

လီဗာပူး အသင်းဟာ အဲဒီအနိုင်ရရှိမှုကြောင့် အမှတ်ပေးဇယား အဆင့် ၄နေရာမှာ လက်စတာကို ဂိုးကွာခြားချက် အသာရကာ ချန်ပီယံဝင်ခွင့် နေရာမှာရပ်တည်နေပါတယ်။

ဘန်လေကိုအနိုင်ရတဲ့ပွဲစဉ်ကိုလီဗာပူးအသင်းအိမ်ကွင်းပရိသတ်ပေါင်း ၁၀၀၀၀ကျော်လာရောက်အားပေးကြည့်ရှုခဲ့ပြီးအခုဆိုရင် လီဗာပူးအသင်းဟာဖေဖော်ဝါရီလနောက်ပိုင်းချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုပထမဆုံးအကြိမ်ပြန်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး လီဗာပူးတို့ဟာ အန်ဖီးလ်ကွင်းထဲက ပရိတ်သတ်(10000)ရဲ့ရှေ့မှာ အမှတ်လုံးဝမလိုတော့တဲ့ ပဲလေ့နဲ့ရင်ဆိုင်ရမယ်။အနိုင်ရဖို့ရာခိုင်နှုန်းများပါတယ်။

နိုင်ပြီဆိုတာနဲ့လက်စတာနဲ့စပါးပွဲအဖြေကိုစောင့်ကြည့်စရာမလိုဘဲ UCLဝင်ခွင့်ကြီးကိုရရှိသွားမှာဖြစ်ပါတယ်။

အာဆင်နယ်ဘက် တစ်ချက်ကြည့်မယ်ဆိုရင် ပဲလေစ့်ကို အနိုင်ရမှုကြောင့် အာဆင်နယ်က အဆင့် ၈နေရာက အဲဗာတန်နဲ့ ပွဲတူ ၁ မှတ်လျော့အနေအထား ပဲရှိကာ၊ အာတီတာရဲ့ အသင်းက လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် လုံးဝ မရနိုင်တော့တဲ့ အနေအထားမျိုးပါ။

ရာသီကုန်မှာ အာဆင်နယ်ရဲ့ အဆင့်ရပ်တည်ချက်က အမြင့်ဆုံး အနေနဲ့ အဆင့် ၇ ပဲ ရောက်နိုင်မှာဖြစ်ကာ အမြင့်ဆုံးအနေနဲ့တောင် ဥရောပ တတိယတန်းစား ပြိုင်ပွဲအဖြစ် ယူအီးအက်ဖ်အေက အသစ် ကျင်းပမယ့် Europa Conference League ပြိုင်ပွဲမှာပဲ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

လက်ရှိမှာ အဆင့် ၇နေရာ အတွက် စပါးအသင်း ၊ အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အပြိုင်အဆိုင် ဖြစ်နေတာပါ။

စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ပွဲစဉ် ၃၈မှာ လက်စတာအသင်း ၊ မန်စီးတီးအသင်းတို့ကို အဝေးကွင်းတွေမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်တာကြောင့် ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် အာဆင်နယ်အသင်းအတွက် မျှော်လင့်နိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။

zawgyi

ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ လီဗာပူး၊ လမ္းေပ်ာက္ေနဆဲ အာဆင္နယ္

လီဗာပူး အသင္းဟာ ဖာမီႏိုစ့္၊ ဖိလစ္ ၊ ခ်ိန္ဘာလိန္တို႔သြင္းယူတဲ့ ဂိုးေတြေၾကာင့္ ဘန္ ေလကို အႏိုင္ရခဲ့ပါတယ္။

လီဗာပူး အသင္းဟာ အဲဒီအႏိုင္ရရွိမႈေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၄ေနရာမွာ လက္စတာကို ဂိုးကြာျခားခ်က္ အသာရကာ ခ်န္ပီယံဝင္ခြင့္ ေနရာမွာရပ္တည္ေနပါတယ္။

ဘန္ေလကိုအႏိုင္ရတဲ့ပြဲစဥ္ကိုလီဗာပူးအသင္းအိမ္ကြင္းပရိသတ္ေပါင္း ၁၀၀၀၀ေက်ာ္လာေရာက္အားေပးၾကည့္ရႈခဲ့ၿပီး

အခုဆိုရင္ လီဗာပူးအသင္းဟာေဖေဖာ္ဝါရီလေနာက္ပိုင္းခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကိုပထမဆုံးအႀကိမ္ျပန္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီး လီဗာပူးတို႔ဟာ အန္ဖီးလ္ကြင္းထဲက ပရိတ္သတ္(10000)ရဲ႕ေရွ႕မွာ အမွတ္လုံးဝမလိုေတာ့တဲ့ ပဲေလ့နဲ႔ရင္ဆိုင္ရမယ္။

အႏိုင္ရဖို႔ရာခိုင္ႏႈန္းမ်ားပါတယ္။ႏိုင္ၿပီဆိုတာနဲ႔လက္စတာနဲ႔စပါးပြဲအေျဖကိုေစာင့္ၾကည့္စရာမလိုဘဲ UCLဝင္ခြင့္ႀကီးကိုရရွိသြားမွာျဖစ္ပါတယ္။

အာဆင္နယ္ဘက္ တစ္ခ်က္ၾကည့္မယ္ဆိုရင္ ပဲေလစ့္ကို အႏိုင္ရမႈေၾကာင့္ အာဆင္နယ္က အဆင့္ ၈ေနရာက အဲဗာတန္နဲ႔ ပြဲတူ ၁ မွတ္ေလ်ာ့အေနအထား ပဲရွိကာ၊ အာတီတာရဲ႕ အသင္းက လာမယ့္ရာသီ ယူ႐ိုပါလိဂ္ဝင္ခြင့္ လုံးဝ မရႏိုင္ေတာ့တဲ့ အေနအထားမ်ိဳးပါ။

ရာသီကုန္မွာ အာဆင္နယ္ရဲ႕ အဆင့္ရပ္တည္ခ်က္က အျမင့္ဆုံး အေနနဲ႔ အဆင့္ ၇ ပဲ ေရာက္ႏိုင္မွာျဖစ္ကာ အျမင့္ဆုံးအေနနဲ႔ေတာင္ ဥေရာပ တတိယတန္းစား ၿပိဳင္ပြဲအျဖစ္ ယူအီးအက္ဖ္ေအက အသစ္ က်င္းပမယ့္ Europa Conference League ၿပိဳင္ပြဲမွာပဲ ပါဝင္ခြင့္ရမွာျဖစ္ပါတယ္။

လက္ရွိမွာ အဆင့္ ၇ေနရာ အတြက္ စပါးအသင္း ၊ အဲဗာတန္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ အၿပိဳင္အဆိုင္ ျဖစ္ေနတာပါ။

စပါးအသင္းနဲ႔ အဲဗာတန္အသင္းတို႔ဟာ ပြဲစဥ္ ၃၈မွာ လက္စတာအသင္း ၊ မန္စီးတီးအသင္းတို႔ကို အေဝးကြင္းေတြမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္တာေၾကာင့္ ဘ႐ိုက္တန္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမယ့္ အာဆင္နယ္အသင္းအတြက္ ​ေမွ်ာ္လင့္ႏိုင္တဲ့ အခြင့္အေရး ရွိေနပါတယ္။