ဖလား၂လုံးရဖို့ ၃၃ ပွဲသာ နည်းပြလုပ်ခဲ့ရတဲ့ ပိုချက်တီနို

ပီအက်စ်ဂျီနည်းပြပိုချက်တီနိုဟာ သူ့ရဲ့နည်းပြဘဝမှာ ဒုတိယမြောက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
မိုနာကိုနဲ့ကစားခဲ့တဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် တိုက်စစ်မှုးနေမာ မပါနိုင်ခဲပဘဲ အမ်ဘတ်ပီ၊ အိုင်ကာဒီတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ဂိုးပြတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး

အမှတ်ပေးဖလားရယူနိုင်ဖို့ မသေမချာဖြစ်နေချိန်မှာ ရတဲ့ဆုဖလားကို အရင်ယူနိုင်ခဲ့ပြီး နောက်ဆုံး ၇ နှစ်မှာ ၆ ကြိမ်မြောက်အဖြစ် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ပိုချက်တီနိုဟာ စပါးအသင်းနည်းပြအဖြစ်နဲ့ ၂၉၃ ပွဲအထိ ကိုင်တွယ်ခဲ့ပေမယ့်အောင်မြင်မှုတစ်စုံတစ်ရာမရရှိခဲ့ဘဲ ချန်ပီယံလိ၈်မှာ ဒုတိယသာ အမြင့်ဆုံး စွမ်းဆောင်နိုင်ခဲ့တာပါ။


ဒါပေမယ့် ပီအက်စ်ဂျီအသင်းမှာတော့ ၃၃ ပွဲသာ ကိုင်တွယ်အပြီးမှာ
ဆုဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြင်သစ်စူပါဖလားပွဲမှာ အသင်းအနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့နည်းပြဘဝ ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု ၁ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဒီမာရီယာကလည်း သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘဝမှာ ဂိုးဖန်တီးမှု ၁၀၄ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ကာ ကစားသမားဟောင်း ဆူဆစ်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး အသင်းသမိုင်းမှာ ဖန်တီးမှုအများဆုံး

ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီရာသီ ပြင်သစ်လီဂူးကတော့ ပွဲစဉ် ၁ ပွဲသာကျန်ရှိတော့ပြီး လိုင်လီက ရမှတ် ၈၀ နဲ့ ဦးဆောင်နေပြီး ပီအက်စ်ဂျီက ၇၉ မှတ်၊ မိုနာကိုက ၇၇ မှတ်နဲ့ အပြိုင်အဆိုင်ဖြစ်နေပါတယ်။


ဒါပေမယ့် မိုနာကိုဟာ လိုင်လီအရေးနိမ့်ပြီး သူတို့အနိုင်ရခဲ့ရင်တောင်မှ
ဂိုးကွာဟချက်ကများပြားနေလို့ ဂိုးပြတ်အနိုင်ရဖို့ လိုအပ်နေတာကြောင့် လိုင်လီနဲ့ ပီအက်စ်ဂျီတို့ပဲ အဓိကထားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးပွဲမှာ လိုင်လီက အန်ဂါစ်၊ ပီအက်စ်ဂျီက ဘရက်စ်တို့နဲ့ အဝေးကွင်းတွေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

zawgyi

ဖလား၂လုံးရဖို့ ၃၃ ပြဲသာ နည္းျပလုပ္ခဲ့ရတဲ့ ပိုခ်က္တီႏို

ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုဟာ သူ႔ရဲ႕နည္းျပဘဝမွာ ဒုတိယေျမာက္ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

မိုနာကိုနဲ႔ကစားခဲ့တဲ့ ျပင္သစ္ဖလားဗိုလ္လုပြဲမွာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ တိုက္စစ္မႈးေနမာ မပါႏိုင္ခဲပဘဲ အမ္ဘတ္ပီ၊ အိုင္ကာဒီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ၂ဂိုးျပတ္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီးအမွတ္ေပးဖလားရယူႏိုင္ဖို႔ မေသမခ်ာျဖစ္ေနခ်ိန္မွာ ရတဲ့ဆုဖလားကို အရင္ယူႏိုင္ခဲ့ၿပီး ေနာက္ဆုံး ၇ ႏွစ္မွာ ၆ ႀကိမ္ေျမာက္အျဖစ္ ဗိုလ္စြဲႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၄၉ ႏွစ္ရွိၿပီျဖစ္တဲ့ ပိုခ်က္တီႏိုဟာ စပါးအသင္းနည္းျပအျဖစ္နဲ႔ ၂၉၃ ပြဲအထိ ကိုင္တြယ္ခဲ့ေပမယ့္ေအာင္ျမင္မႈတစ္စုံတစ္ရာမရရွိခဲ့ဘဲ ခ်န္ပီယံလိ၈္မွာ ဒုတိယသာ အျမင့္ဆုံး စြမ္းေဆာင္ႏိုင္ခဲ့တာပါ။

ဒါေပမယ့္ ပီအက္စ္ဂ်ီအသင္းမွာေတာ့ ၃၃ ပြဲသာ ကိုင္တြယ္အၿပီးမွာဆုဖလား ၂ လုံး ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပိုခ်က္တီႏိုဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္းက ျပင္သစ္စူပါဖလားပြဲမွာ အသင္းအႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕နည္းျပဘဝ ပထမဆုံးဆုဖလားကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ အသင္းေဖာ္ေတြအတြက္ ဂိုးဖန္တီးမႈ ၁ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ဒီမာရီယာကလည္း သူ႔ရဲ႕ပီအက္စ္ဂ်ီကစားသမားဘဝမွာ ဂိုးဖန္တီးမႈ ၁၀၄ ႀကိမ္အထိ ဖန္တီးေပးႏိုင္ခဲ့ၿပီျဖစ္ကာ ကစားသမားေဟာင္း ဆူဆစ္ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ၿပီး အသင္းသမိုင္းမွာ ဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ဒီရာသီ ျပင္သစ္လီဂူးကေတာ့ ပြဲစဥ္ ၁ ပြဲသာက်န္ရွိေတာ့ၿပီး လိုင္လီက ရမွတ္ ၈၀ နဲ႔ ဦးေဆာင္ေနၿပီး ပီအက္စ္ဂ်ီက ၇၉ မွတ္၊ မိုနာကိုက ၇၇ မွတ္နဲ႔ အၿပိဳင္အဆိုင္ျဖစ္ေနပါတယ္။

ဒါေပမယ့္ မိုနာကိုဟာ လိုင္လီအေရးနိမ့္ၿပီး သူတို႔အႏိုင္ရခဲ့ရင္ေတာင္မွဂိုးကြာဟခ်က္ကမ်ားျပားေနလို႔ ဂိုးျပတ္အႏိုင္ရဖို႔ လိုအပ္ေနတာေၾကာင့္ လိုင္လီနဲ႔ ပီအက္စ္ဂ်ီတို႔ပဲ အဓိကထားယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။
ေနာက္ဆုံးပြဲမွာ လိုင္လီက အန္ဂါစ္၊ ပီအက္စ္ဂ်ီက ဘရက္စ္တို႔နဲ႔ အေဝးကြင္းေတြမွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။