ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံးသွင်းဂိုးတွေထဲကတစ်ဂိုးအပါအဝင်ဖြစ်မယ့် ဂိုးကို မသွင်းယူနိုင်ခဲ့တဲ့ ဒီကလန်ရိုက်စ်

ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဘရွန်းအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲအစပိုင်းမှာပဲရရှိတဲ့ ပယ်နယ်တီလွဲချော်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းဝင်မယ့်စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပွဲစလို့ (၂)မိနစ်နဲ့(၄)စက္ကန့်အကြာမှာပဲ ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုကို ပယ်နယ်တီဧရိယာအတွင်း ဝက်စ်ဘရွန်းဂိုးသမားဆမ်ဂျွန်စတုန်းစ်က ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပယ်နယ်တီပေးခဲ့ရပြီး အဲဒီပယ်နယ်တီကို ဒီရာသီမှာ ဝက်စ်ဟမ်းအသင်းအတွက် (၄)ဂိုးသွင်းထားတဲ့ ဒီကလန်ရိုက်စ်က ကန်ခဲ့တာပါ။ ဒါပေမဲ့ ဒီကလန်ရိုက်စ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံးသွင်းဂိုးတွေထဲကတစ်ဂိုးအပါအဝင်ဖြစ်မယ့် ဂိုးကို မသွင်းယူနိုင်ခဲ့ဘဲ သူ့ကန်ချက်က ဂိုးတိုင်နဲ့ထိထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်အနေနဲ့ ပရီးမီးယားလိဂ်အမြန်ဆုံးသွင်းဂိုးစာရင်းမှာ မပါဝင်ခဲ့ပေမယ့် သမိုင်းတစ်လျှောက် အမြန်ဆုံးပယ်နယ်တီကို လွဲချော်ခဲ့သူအဖြစ် ပို့စ်မောက်ကွင်းလယ်ကစားသမားဟောင်း ကရန်ကာကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။

ကရန်ကာဟာ ၂၀၀၈၊ ဇန်နဝါရီလတုန်းက ပွဲအစ(၄)မိနစ်မှာရရှိခဲ့တဲ့ ပယ်နယ်တီကို လွဲချော်ခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းမှာ အမြန်ဆုံးပယ်နယ်တီလွဲချော်သူအဖြစ် ရပ်တည်ခဲ့ပေမယ့် အခုတော့ သူ့စံချိန်ကို ဒီကလန်ရိုက်စ်က ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်ရဲ့ ပယ်နယ်တီလွဲချော်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းဟာ ဝက်စ်ဘရွန်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး လာမယ့်ရာသီယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာရဖို့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနိုင်ဆဲပါပဲ။

ဝက်စ်ဟမ်းအသင်းဟာ လာမယ့်တစ်ပတ်တနင်္ဂနွေမှာ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲအဖြစ် ဆောက်သမ်တန်နဲ့ အိမ်ကွင်းပွဲစဉ်ကစားရမှာဖြစ်ပြီး သရေတစ်မှတ်ရယူနိုင်မယ်ဆိုရင်တော့ ယူရိုပါလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

zawgyi

ပရီးမီးယားလိဂ္သမိုင္းမွာ အျမန္ဆုံးသြင္းဂိုးေတြထဲကတစ္ဂိုးအပါအဝင္ျဖစ္မယ့္ ဂိုးကို မသြင္းယူႏိုင္ခဲ့တဲ့ ဒီကလန္႐ိုက္စ္

ဝက္စ္ဟမ္းအသင္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ဟာ ဝက္စ္ဘ႐ြန္းအသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲအစပိုင္းမွာပဲရရွိတဲ့ ပယ္နယ္တီလြဲေခ်ာ္ခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲ သမိုင္းဝင္မယ့္စံခ်ိန္တစ္ခုကို ပိုင္ဆိုင္ခဲ့ပါတယ္။

ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ပြဲစလို႔ (၂)မိနစ္နဲ႔(၄)စကၠန႔္အၾကာမွာပဲ ဝက္စ္ဟမ္းတိုက္စစ္မႉးအန္တိုနီယိုကို ပယ္နယ္တီဧရိယာအတြင္း ဝက္စ္ဘ႐ြန္းဂိုးသမားဆမ္ဂြၽန္စတုန္းစ္က ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ပယ္နယ္တီေပးခဲ့ရၿပီး အဲဒီပယ္နယ္တီကို ဒီရာသီမွာ ဝက္စ္ဟမ္းအသင္းအတြက္ (၄)ဂိုးသြင္းထားတဲ့ ဒီကလန္႐ိုက္စ္က ကန္ခဲ့တာပါ။ ဒါေပမဲ့ ဒီကလန္႐ိုက္စ္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အျမန္ဆုံးသြင္းဂိုးေတြထဲကတစ္ဂိုးအပါအဝင္ျဖစ္မယ့္ ဂိုးကို မသြင္းယူႏိုင္ခဲ့ဘဲ သူ႔ကန္ခ်က္က ဂိုးတိုင္နဲ႔ထိထြက္သြားခဲ့တာျဖစ္ပါတယ္။

ဒီကလန္႐ိုက္စ္အေနနဲ႔ ပရီးမီးယားလိဂ္အျမန္ဆုံးသြင္းဂိုးစာရင္းမွာ မပါဝင္ခဲ့ေပမယ့္ သမိုင္းတစ္ေလွ်ာက္ အျမန္ဆုံးပယ္နယ္တီကို လြဲေခ်ာ္ခဲ့သူအျဖစ္ ပို႔စ္ေမာက္ကြင္းလယ္ကစားသမားေဟာင္း ကရန္ကာကို ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါၿပီ။

ကရန္ကာဟာ ၂၀၀၈၊ ဇန္နဝါရီလတုန္းက ပြဲအစ(၄)မိနစ္မွာရရွိခဲ့တဲ့ ပယ္နယ္တီကို လြဲေခ်ာ္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲသမိုင္းမွာ အျမန္ဆုံးပယ္နယ္တီလြဲေခ်ာ္သူအျဖစ္ ရပ္တည္ခဲ့ေပမယ့္ အခုေတာ့ သူ႔စံခ်ိန္ကို ဒီကလန္႐ိုက္စ္က ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီကလန္႐ိုက္စ္ရဲ႕ ပယ္နယ္တီလြဲေခ်ာ္ခဲ့ေပမယ့္ ဝက္စ္ဟမ္းအသင္းဟာ ဝက္စ္ဘ႐ြန္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး လာမယ့္ရာသီယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေနရာရဖို႔ ေမွ်ာ္လင့္ခ်က္ကို ဆုပ္ကိုင္ထားႏိုင္ဆဲပါပဲ။

ဝက္စ္ဟမ္းအသင္းဟာ လာမယ့္တစ္ပတ္တနဂၤေႏြမွာ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲအျဖစ္ ေဆာက္သမ္တန္နဲ႔ အိမ္ကြင္းပြဲစဥ္ကစားရမွာျဖစ္ၿပီး သေရတစ္မွတ္ရယူႏိုင္မယ္ဆိုရင္ေတာ့ ယူ႐ိုပါလိဂ္ဝင္ခြင့္ကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။