ဒီယက်စ်က သူ့ရဲ့ မန်စီးတီးကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ FWA အကောင်းဆုံးကစားသမားဆုရရှိ

မန်စီးတီးအသင်းနောက်ခံလူ ရူဘင်ဒီယက်စ်ဟာ မန်စီးတီးအသင်းအတွက် ပွဲဦးထွက်ရာသီမှာပဲ ဘောလုံးကလောင်ရှင်အဖွဲ့အစည်း(FWA)က ရွေးချယ်ချီးမြှင့်တဲ့ (၁)နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ဘင်ဖီကာအသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်းနဲ့ မန်စီးတီးအသင်းဆီပြောင်းရွှေ့ခဲ့သူ ဒီယက်စ်ဟာ အသင်းခံစစ်အတွက် ပုံမှန်ပွဲထွက်ခွင့်ရနေသလို ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ (၃၁)ပွဲပါဝင်ကစားခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒီယက်စ်ဟာ ဂျွန်စတုန်းစ်နဲ့တွဲဖက်ပြီး အကောင်းဆုံးကစားနိုင်ခဲ့သလို သူတို့နှစ်ဦးတွဲဖက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ပေးဂိုးက(၂၁)ဂိုးသာရှိခဲ့ပါတယ်။

အဲဒါကြောင့် FWA အဖွဲ့ဝင်(၇၀၀)နီးပါးက ဒီယက်စ်ကို ၂၀၂၀-၂၀၂၁ရာသီအတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ကြတဲ့အတွက် ဒီယက်စ်ဟာ မနှစ်က ဆုရရှိခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆင်၊ အသင်းဖော် ဒီဘရိုင်းနားနဲ့ စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆု ရရှိခဲ့တာဖြစ်ပါတယ်။

အခုနှစ်အပါအဝင် (၁၀)နှစ်အတွင်း FWA အကောင်းဆုံးဆုကို ၂၀၁၈-၁၉ ရာသီတုန်းက စတာလင်ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း ဒီယက်စ်ဟာ ဒီဆုရရှိခဲ့တဲ့ ဒုတိယမြောက်မန်စီးတီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ဒါ့အပြင် ဒီယက်စ်ဟာ ၁၉၈၉ ခုနှစ်တုန်းက FWA (၁)နှစ်တာအကောင်းဆုံးဆုရရှိခဲ့တဲ့ လီဗာပူးလ်ညာနောက်ခံလူစတိဗ်နီကိုးလ်နောက်ပိုင်း နှစ်ပေါင်း(၃၀)ကျော်အတွင်း အခုအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးနောက်ခံလူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

FWA က ချီးမြှင့်တဲ့အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့အတွက် ဒီယက်စ်က “ခြေစွမ်းပြကစားနိုင်တဲ့ကစားသမားတွေထဲက အကောင်းဆုံးဖြစ်မယ့်သူကို ရွေးချယ်ချီးမြှင့်တာဖြစ်လို့ ဒီဆုဟာ ကျွန်တော့်အတွက် အရမ်းအဓိပ္ပါယ်ရှိပါတယ်။

ဒါပေမဲ့ ဒီဆုရရှိခဲ့တာက အသင်းဖော်တွေရဲ့ကူညီမှုကြောင့်လည်းပါပါတယ်။

ကျွန်တော်တို့တွေဟာ ပွဲတိုင်းကို အကောင်းဆုံးဖြစ်အောင် ညီညီညွတ်ညွတ်နဲ့ ကစားနိုင်ခဲ့ကြပြီး ကစားသမားတစ်ဦးနဲ့တစ်ဦးဟာ မိသားစုတွေလို အပြန်အလှန်နားလည်မှုနဲ့ ကစားခဲ့ကြတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

FWA အကောင်းဆုံးကစားသမားဆုကို ၁၉၄၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ကလပ်အသင်းအလိုက် ဆုရရှိမှုအများဆုံးဖြစ်နေတာက လီဗာပူးလ်အသင်း(၁၄ကြိမ်)ပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ အသင်းသမိုင်းတစ်လျှောက် FWA အကောင်းဆုံးဆုရရှိခဲ့ဖူးသူက (၅)ဦးသာရှိခဲ့ပြီး ဒီယက်စ်၊ စတာလင်တို့မတိုင်ခင် ဒွန်ရီဗီ(၁၉၅၄-၅၅)၊ ဘတ်ထရော့တ်မန်း (၁၉၅၅-၅၆)နဲ့ ၁၉၆၈-၆၉ ရာသီမှာ မန်စီးတီးနောက်ခံလူ တိုနီဘွတ်ခ်က ဒါဘီအသင်းကစားသမားဒေ့ဗ်မက်ကေးနဲ့ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်

zawgyi

ဒီယက္စ္က သူ့ရဲ့ မန္စီးတီးကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ FWA အေကာင္းဆုံးကစားသမားဆုရရှိ

မန္စီးတီးအသင္းေနာက္ခံလူ ႐ူဘင္ဒီယက္စ္ဟာ မန္စီးတီးအသင္းအတြက္ ပြဲဦးထြက္ရာသီမွာပဲ ေဘာလုံးကေလာင္ရွင္အဖြဲ႕အစည္း(FWA)က ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ (၁)ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ စက္တင္ဘာလတုန္းက ဘင္ဖီကာအသင္းကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၆၅)သန္းနဲ႔ မန္စီးတီးအသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ ဒီယက္စ္ဟာ အသင္းခံစစ္အတြက္ ပုံမွန္ပြဲထြက္ခြင့္ရေနသလို ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ (၃၁)ပြဲပါဝင္ကစားခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ ဒီယက္စ္ဟာ ဂြၽန္စတုန္းစ္နဲ႔တြဲဖက္ၿပီး အေကာင္းဆုံးကစားႏိုင္ခဲ့သလို သူတို႔ႏွစ္ဦးတြဲဖက္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ ေပးဂိုးက(၂၁)ဂိုးသာရွိခဲ့ပါတယ္။

အဲဒါေၾကာင့္ FWA အဖြဲ႕ဝင္(၇၀၀)နီးပါးက ဒီယက္စ္ကို ၂၀၂၀-၂၀၂၁ရာသီအတြက္ အေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ၾကတဲ့အတြက္ ဒီယက္စ္ဟာ မႏွစ္က ဆုရရွိခဲ့တဲ့ လီဗာပူးလ္ကြင္းလယ္လူ ဟန္ဒါဆင္၊ အသင္းေဖာ္ ဒီဘ႐ိုင္းနားနဲ႔ စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းတို႔ကို ေက်ာ္ျဖတ္ၿပီး အေကာင္းဆုံးဆု ရရွိခဲ့တာျဖစ္ပါတယ္။

အခုႏွစ္အပါအဝင္ (၁၀)ႏွစ္အတြင္း FWA အေကာင္းဆုံးဆုကို ၂၀၁၈-၁၉ ရာသီတုန္းက စတာလင္ဆြတ္ခူးခဲ့ၿပီးေနာက္ပိုင္း ဒီယက္စ္ဟာ ဒီဆုရရွိခဲ့တဲ့ ဒုတိယေျမာက္မန္စီးတီးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

ဒါ့အျပင္ ဒီယက္စ္ဟာ ၁၉၈၉ ခုႏွစ္တုန္းက FWA (၁)ႏွစ္တာအေကာင္းဆုံးဆုရရွိခဲ့တဲ့ လီဗာပူးလ္ညာေနာက္ခံလူစတိဗ္နီကိုးလ္ေနာက္ပိုင္း ႏွစ္ေပါင္း(၃၀)ေက်ာ္အတြင္း အခုအေကာင္းဆုံးဆုကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ပထမဆုံးေနာက္ခံလူအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

FWA က ခ်ီးျမႇင့္တဲ့အေကာင္းဆုံးကစားသမားဆု ရရွိခဲ့တဲ့အတြက္ ဒီယက္စ္က “ေျခစြမ္းျပကစားႏိုင္တဲ့ကစားသမားေတြထဲက အေကာင္းဆုံးျဖစ္မယ့္သူကို ေ႐ြးခ်ယ္ခ်ီးျမႇင့္တာျဖစ္လို႔ ဒီဆုဟာ ကြၽန္ေတာ့္အတြက္ အရမ္းအဓိပၸါယ္ရွိပါတယ္။

ဒါေပမဲ့ ဒီဆုရရွိခဲ့တာက အသင္းေဖာ္ေတြရဲ႕ကူညီမႈေၾကာင့္လည္းပါပါတယ္။

ကြၽန္ေတာ္တို႔ေတြဟာ ပြဲတိုင္းကို အေကာင္းဆုံးျဖစ္ေအာင္ ညီညီၫြတ္ၫြတ္နဲ႔ ကစားႏိုင္ခဲ့ၾကၿပီး ကစားသမားတစ္ဦးနဲ႔တစ္ဦးဟာ မိသားစုေတြလို အျပန္အလွန္နားလည္မႈနဲ႔ ကစားခဲ့ၾကတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

FWA အေကာင္းဆုံးကစားသမားဆုကို ၁၉၄၈ ခုႏွစ္က စတင္ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး ကလပ္အသင္းအလိုက္ ဆုရရွိမႈအမ်ားဆုံးျဖစ္ေနတာက လီဗာပူးလ္အသင္း(၁၄ႀကိမ္)ပဲျဖစ္ပါတယ္။

မန္စီးတီးအသင္းကေတာ့ အသင္းသမိုင္းတစ္ေလွ်ာက္ FWA အေကာင္းဆုံးဆုရရွိခဲ့ဖူးသူက (၅)ဦးသာရွိခဲ့ၿပီး ဒီယက္စ္၊ စတာလင္တို႔မတိုင္ခင္ ဒြန္ရီဗီ(၁၉၅၄-၅၅)၊ ဘတ္ထေရာ့တ္မန္း (၁၉၅၅-၅၆)နဲ႔ ၁၉၆၈-၆၉ ရာသီမွာ မန္စီးတီးေနာက္ခံလူ တိုနီဘြတ္ခ္က ဒါဘီအသင္းကစားသမားေဒ့ဗ္မက္ေကးနဲ႔ပူးတြဲရရွိခဲ့တာျဖစ္ပါတယ္