Premier League´s Hall of Fame အတွက် ရွေးချယ်ခံရသူ ၆ ဦးရှိလာ

Premier League´s Hall of Fame အတွက် ထပ်မံရွေးချယ်ခံရသူများစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။


အခုအချိန်မှာဆိုရင် ရွေးချယ်ခံရသူ ခြောက်ဦးရှိလာပြီ ဖြစ်ပါတယ်။


ယခုနှစ်အတွက် Premier League´s Hall of Fame မှာ စုစုပေါင်းကစားသမားရှစ်ဦး ရွေးချယ်သွားမှာဖြစ်ပါတယ်။

လက်ရှိရွေးချယ်ခံထားရတဲ့ ခြောက်ဦးကတော့ အာဆင်နယ်တိုက်စစ်မှူးဟောင်းအွန်နရီ၊ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယား၊

မန်ယူတိုက်စစ်မှူးဟောင်း ကန်တိုနာနဲ့ ကွင်းလယ်လူဟောင်း ရွိုင်ကင်း၊ ချယ်လ်ဆီးနဲ့မန်စီးတီးကွင်းလယ်လူဟောင်း လမ်းပတ်၊ အာဆင်နယ်တိုက်စစ်က စားသမားဟောင်း ဘားကင့်တို့ ဖြစ်ပါတယ်။

အလန်ရှီးယားနဲ့ အွန်နရီကလွဲလို့ ကျန်တဲ့ခြောက်ဦးကိုတော့ ဆန်ခါတင် ၂၃ ဦးထဲကမှတစ်ဆင့် မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျန်ခြောက်ဦးစာရင်းကို ဧပြီ ၂၆ ရက်ကနေ မေ ၉ ရက် အထိ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်နဲ့ App ကနေ ပရိသတ်များက ဝင်ရောက်မဲပေးခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ လက်ကျန် နှစ်နေရာသာ ကျန်တော့ပြီး အဲဒီလက်ကျန်နှစ်နေရာအတွက် ဆန်ခါတင်စာရင်းမှာ ကစားသမား ၁၉ ဦးအထိ ကျန်ရှိနေပါသေးတယ်။

zawgyi

Premier League’s Hall of Fame အတြက္ ေရြးခ်ယ္ခံရသူ ၆ ဦးရွိလာ

Premier League’s Hall of Fame အတြက္ ထပ္မံေရြးခ်ယ္ခံရသူမ်ားစာရင္းကို ထုတ္ျပန္ခဲ့ပါတယ္။

အခုအခ်ိန္မွာဆိုရင္ ေရြးခ်ယ္ခံရသူ ေျခာက္ဦးရွိလာၿပီ ျဖစ္ပါတယ္။

ယခုႏွစ္အတြက္ Premier League’s Hall of Fame မွာ စုစုေပါင္းကစားသမားရွစ္ဦး ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။
လက္ရွိေရြးခ်ယ္ခံထားရတဲ့ ေျခာက္ဦးကေတာ့ အာဆင္နယ္တုိက္စစ္မွဴးေဟာင္းအြန္နရီ၊ အဂၤလန္တုိက္စစ္မွဴးေဟာင္း အလန္ရွီးယား၊

မန္ယူတိုက္စစ္မွဴးေဟာင္း ကန္တိုနာနဲ႔ ကြင္းလယ္လူေဟာင္း ႐ြိဳင္ကင္း၊ ခ်ယ္လ္ဆီးနဲ႔မန္စီးတီးကြင္းလယ္လူေဟာင္း လမ္းပတ္၊ အာဆင္နယ္တိုက္စစ္က စားသမားေဟာင္း ဘားကင့္တို႔ ျဖစ္ပါတယ္။
အလန္ရွီးယားနဲ႔ အြန္နရီကလြဲလို႔ က်န္တဲ့ေျခာက္ဦးကိုေတာ့ ဆန္ခါတင္ ၂၃ ဦးထဲကမွတစ္ဆင့္ မဲေပးေရြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။

က်န္ေျခာက္ဦးစာရင္းကို ဧၿပီ ၂၆ ရက္ကေန ေမ ၉ ရက္ အထိ ပရီးမီးယားလိဂ္၀က္ဘ္ဆိုက္နဲ႔ App ကေန ပရိသတ္မ်ားက ၀င္ေရာက္မဲေပးခဲ့ၾကျခင္းလည္း ျဖစ္ပါတယ္။

အခုအခ်ိန္မွာ လက္က်န္ ႏွစ္ေနရာသာ က်န္ေတာ့ၿပီး အဲဒီလက္က်န္ႏွစ္ေနရာအတြက္ ဆန္ခါတင္စာရင္းမွာ ကစားသမား ၁၉ ဦးအထိ က်န္ရွိေနပါေသးတယ္။