အဖေ့ခြေရာနင်းဖို့ အသင့်ဖြစ်နေတဲ့ ကိုင်းရွန်နီ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီရဲ့သားဖြစ်တဲ့ ကိုင်းရွန်နီဟာ စတုတ်စီးတီးယူ-၁၁ အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ

ယူနိုက်တက်ယူ-၁၁ အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့တဲ့အပြင် ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့ပြီး အဖေ့ခြေရာကို လိုက်နင်းနိုင်မယ့်သားတစ်ယောက်ဖြစ်လာမယ်ဆိုတာ သက်သေပြလိုက်ပါပြီ။

အသက်(၁၁)နှစ်သာရှိသေးတဲ့ ကိုင်းရွန်နီဟာ မနှစ်က၊ ဒီဇင်ဘာလမှာ ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိခဲ့ပြီး တစ်ချိန်ကျရင် သူ့အဖေလိုပဲ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးစာရင်းဝင်ဖြစ်လာမယ့်သူအဖြစ် သတ်မှတ်ခံထားရသူပါ။

ရွန်နီဟာ ယူနိုက်တက်ကစားသမားဘ၀ (၁၃)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားပေါင်း(၁၂)ခုအထိရရှိခဲ့ပြီး အသင်းအတွက် (၂၅၃)ဂိုးသွင်းယူခဲ့တာကြောင့် ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ရွန်နီရဲ့ သား(၄)ဦးထဲမှာအကြီးဆုံးဖြစ်တဲ့ ကိုင်းရွန်နီဟာ သူ့ဖခင်လိုမျိုး ယူနိုက်တက်အသင်းအတွက် အောင်မြင်မှုတွေရယူပေးနိုင်မယ့်ကစားသမားအဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြတာပါ။

ယူနိုက်တက်အကယ်ဒမီနဲ့စာချုပ်ချုပ်ခဲ့တုန်းက ရွန်နီဟာ သားဖြစ်သူအတွက် ဂုဏ်ယူတဲ့အနေနဲ့ “ဒီနေ့ဟာ ဂုဏ်ယူစရာအကောင်းဆုံးနေ့ဖြစ်ပြီး ယူနိုက်တက်နဲ့ ကိုင်းတို့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါပြီ။

ဆက်ပြီးကြိုးစားပါ၊ သားရေ’လို့ Instagram မှာ ရေးသားခဲ့သလို ကောလင်းကလည်း “သားရေ၊ မင်းအတွက်ဂုဏ်ယူမိသလို အရမ်းလည်းချစ်တယ်၊ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ”လို့ ရေးသားခဲ့ပါတယ်။

ကိုင်းရွန်နီဟာ ယူနိုက်တက်ယူ-၁၁ အသင်းမှာ ရွန်နီဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၀)ဂျာစီကိုပဲ ဝတ်ဆင်ခဲ့ပြီး စတုတ်စီးတီးကို (၆-၃)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ ယူနိုက်တက်ပရိသတ်တွေက သူ့ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးက “အဖေတူသားလေး(: “Like father, like son.”)”လို့ ချီးကျူးခဲ့သလို နောက်တစ်ဦးကလည်း “၂၀၃၅ လောက်ဆိုရင် ငါတို့အသင်းဖလားတွေ အားလုံးယူနိုင်လိမ့်မယ်”လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

zawgyi

အေဖ့ေျခရာနင္းဖို႔ အသင့္ျဖစ္ေနတဲ့ ကိုင္း႐ြန္နီ

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး ႐ြန္နီရဲ႕သားျဖစ္တဲ့ ကိုင္း႐ြန္နီဟာ စတုတ္စီးတီးယူ-၁၁ အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ

ယူႏိုက္တက္ယူ-၁၁ အသင္းအတြက္ ဟက္ထရစ္သြင္းယူခဲ့တဲ့အျပင္ ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့ၿပီး အေဖ့ေျခရာကို လိုက္နင္းႏိုင္မယ့္သားတစ္ေယာက္ျဖစ္လာမယ္ဆိုတာ သက္ေသျပလိုက္ပါၿပီ။

အသက္(၁၁)ႏွစ္သာရွိေသးတဲ့ ကိုင္း႐ြန္နီဟာ မႏွစ္က၊ ဒီဇင္ဘာလမွာ ယူႏိုက္တက္အကယ္ဒမီကို ေရာက္ရွိခဲ့ၿပီး တစ္ခ်ိန္က်ရင္ သူ႔အေဖလိုပဲ ယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးစာရင္းဝင္ျဖစ္လာမယ့္သူအျဖစ္ သတ္မွတ္ခံထားရသူပါ။

႐ြန္နီဟာ ယူႏိုက္တက္ကစားသမားဘ၀ (၁၃)ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္အပါအဝင္ ဆုဖလားေပါင္း(၁၂)ခုအထိရရွိခဲ့ၿပီး အသင္းအတြက္ (၂၅၃)ဂိုးသြင္းယူခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ ႐ြန္နီရဲ႕ သား(၄)ဦးထဲမွာအႀကီးဆုံးျဖစ္တဲ့ ကိုင္း႐ြန္နီဟာ သူ႔ဖခင္လိုမ်ိဳး ယူႏိုက္တက္အသင္းအတြက္ ေအာင္ျမင္မႈေတြရယူေပးႏိုင္မယ့္ကစားသမားအျဖစ္ ပရိသတ္ေတြက သတ္မွတ္ထားၾကတာပါ။

ယူႏိုက္တက္အကယ္ဒမီနဲ႔စာခ်ဳပ္ခ်ဳပ္ခဲ့တုန္းက ႐ြန္နီဟာ သားျဖစ္သူအတြက္ ဂုဏ္ယူတဲ့အေနနဲ႔ “ဒီေန႔ဟာ ဂုဏ္ယူစရာအေကာင္းဆုံးေန႔ျဖစ္ၿပီး ယူႏိုက္တက္နဲ႔ ကိုင္းတို႔စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါၿပီ။

ဆက္ၿပီးႀကိဳးစားပါ၊ သားေရ’လို႔ Instagram မွာ ေရးသားခဲ့သလို ေကာလင္းကလည္း “သားေရ၊ မင္းအတြက္ဂုဏ္ယူမိသလို အရမ္းလည္းခ်စ္တယ္၊ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားပါ”လို႔ ေရးသားခဲ့ပါတယ္။

ကိုင္း႐ြန္နီဟာ ယူႏိုက္တက္ယူ-၁၁ အသင္းမွာ ႐ြန္နီဝတ္ဆင္ခဲ့တဲ့ နံပါတ္(၁၀)ဂ်ာစီကိုပဲ ဝတ္ဆင္ခဲ့ၿပီး စတုတ္စီးတီးကို (၆-၃)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့လို႔ ယူႏိုက္တက္ပရိသတ္ေတြက သူ႔ကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကပါတယ္။

ယူႏိုက္တက္ပရိသတ္တစ္ဦးက “အေဖတူသားေလး(: “Like father, like son.”)”လို႔ ခ်ီးက်ဴးခဲ့သလို ေနာက္တစ္ဦးကလည္း “၂၀၃၅ ေလာက္ဆိုရင္ ငါတို႔အသင္းဖလားေတြ အားလုံးယူႏိုင္လိမ့္မယ္”လို႔ Twitter မွာ ေရးသားခဲ့ပါတယ္။