အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီးနောက် အဝတ်လဲခန်းထဲမှာ ချယ်လ်ဆီး အလံကိုလွှင့်ပစ် အောင်ပွဲခံခဲ့

 

လက်စတာ ကစားသမား အမာတေးဟာ ပြီးခဲ့တဲ့ အပတ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီးနောက် အဝတ်လဲခန်းထဲမှာ ချယ်လ်ဆီး အလံကိုလွှင့်ပစ် အောင်ပွဲခံခဲ့ပါတယ်။

ရက်ပိုင်းအကြာမှာပဲ ချယ်လ်ဆီးနဲ့ လက်စတာ နှစ်သင်းဟာ ပရီးမီးယားလိဂ်မှာ ထပ်မံ တွေ့ဆုံကြပြီး ဒီတစ်ကြိမ်မှာတော့ ချယ်လ်ဆီးက ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေ ပိုကောင်းလာခဲ့ပါတယ်။

ညက ပွဲ ပွဲပြီးခါနီးမှာ လက်စတာ အရန်ခုံမှာ ရှိနေတဲ့ အမာတေးနဲ့ ချယ်လ်ဆီး ကစားသမားတွေ ဖြစ်တဲ့ ရူဒီဂါ၊ မန်ဒီနဲ့ သီယေဂို ဆေးဗားတို့ အပါအဝင် ချယ်လ်ဆီး ကစားသမားများ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ကွင်းဘေးက ဆူညံနှောင့်ယှက်မှုတွေ ပြုလုပ်တဲ့ အမာတေးက အဝါကတ် ပြသ သတိပေးခံခဲ့ရပြီး ချယ်လ်ဆီးအသင်းသားတွေကတော့ အလံလွှင့်ပစ်တဲ့ လုပ်ရပ်ကြောင့် အခဲမကြေ ဖြစ်နေပုံ ရခဲ့ပါတယ်။

တကယ်ကတော့ အလံကိစ္စကို လက်စတာအသင်းဘက်က တောင်းပန်ထားပါတယ်။ လက်စတာအသင်းက သူတို့အနေနဲ့ ပြိုင်ဘက်အသင်းကို မလေးမစားပြုမူခဲ့ခြင်းမဟုတ်ဘဲ မတော်တဆဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်း တောင်းပန်ခဲ့ပြီး ချယ်လ်ဆီးအသင်းဘက်ကလည်း လက်ခံခဲ့ကြောင်း သိရပါတယ်။

နည်းပြ တူချယ်လ်ကတော့ ” အဲဒီအလံကိစ္စကို ကျွန်တော်တို့ ထူးထွေ မပြောခဲ့ပါဘူး။ ဒါမျိုး ဖြစ်ခဲ့တယ် ဆိုတာ သိပေမယ့် ပွဲမတိုင်ခင်တို့ ပွဲကြိုဆွေးနွေးမှုတွေတို့မှာ ထည့် မပြောပါဘူး။ ကစားသမားတွေလည်း ဒါကို သိပါတယ်။”

“ဘာဖြစ်လို့လဲ ဆိုတော့ လက်စားချေမယ် ပြန်လုပ်ချင်တယ် ဆိုတာတွေက လိုတာထက်ပိုပြီး စွမ်းအင်တွေ ကုန်ပါတယ်။ အဲဒါမျိုး ကျွန်တော် မကြိုက်ပါဘူး။ကျွန်တော်တို့ လုပ်တာက ဘောလုံးကို အဆင့် မြင့်နိုင်သမျှ မြင့်မြင့် အကောင်းဆုံး ကစားမယ်။”

“အဲဒါကပဲ အသင်းကို ပြိုင်ဆိုင်ရ ခက်ခဲတဲ့ အသင်း ဖြစ်စေတယ်။ ဒါထက်ပိုတဲ့ အကြောင်းတွေကိုတော့ ကျွန်တော် မှတ်ချက်ပြုစရာ မရှိပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ အႏိုင္ရ ဗိုလ္စြဲၿပီးေနာက္ အဝတ္လဲခန္းထဲမွာ ခ်ယ္လ္ဆီး အလံကိုလႊင့္ပစ္ ေအာင္ပြဲခံခဲ့

လက္စတာ ကစားသမား အမာေတးဟာ ၿပီးခဲ့တဲ့ အပတ္ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ အႏိုင္ရ ဗိုလ္စြဲၿပီးေနာက္ အဝတ္လဲခန္းထဲမွာ ခ်ယ္လ္ဆီး အလံကိုလႊင့္ပစ္ ေအာင္ပြဲခံခဲ့ပါတယ္။

ရက္ပိုင္းအၾကာမွာပဲ ခ်ယ္လ္ဆီးနဲ႔ လက္စတာ ႏွစ္သင္းဟာ ပရီးမီးယားလိဂ္မွာ ထပ္မံ ေတြ႕ဆုံၾကၿပီး ဒီတစ္ႀကိမ္မွာေတာ့ ခ်ယ္လ္ဆီးက ၂-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ အေျခအေန ပိုေကာင္းလာခဲ့ပါတယ္။

ညက ပြဲ ပြဲၿပီးခါနီးမွာ လက္စတာ အရန္ခုံမွာ ရွိေနတဲ့ အမာေတးနဲ႔ ခ်ယ္လ္ဆီး ကစားသမားေတြ ျဖစ္တဲ့ ႐ူဒီဂါ၊ မန္ဒီနဲ႔ သီေယဂို ေဆးဗားတို႔ အပါအဝင္ ခ်ယ္လ္ဆီး ကစားသမားမ်ား ထိပ္တိုက္ေတြ႕ခဲ့ၾကပါတယ္။ ကြင္းေဘးက ဆူညံေႏွာင့္ယွက္မႈေတြ ျပဳလုပ္တဲ့ အမာေတးက အဝါကတ္ ျပသ သတိေပးခံခဲ့ရၿပီး ခ်ယ္လ္ဆီးအသင္းသားေတြကေတာ့ အလံလႊင့္ပစ္တဲ့ လုပ္ရပ္ေၾကာင့္ အခဲမေၾက ျဖစ္ေနပုံ ရခဲ့ပါတယ္။

တကယ္ကေတာ့ အလံကိစၥကို လက္စတာအသင္းဘက္က ေတာင္းပန္ထားပါတယ္။ လက္စတာအသင္းက သူတို႔အေနနဲ႔ ၿပိဳင္ဘက္အသင္းကို မေလးမစားျပဳမူခဲ့ျခင္းမဟုတ္ဘဲ မေတာ္တဆျဖစ္ပြားခဲ့ျခင္းသာျဖစ္ေၾကာင္း ေတာင္းပန္ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းဘက္ကလည္း လက္ခံခဲ့ေၾကာင္း သိရပါတယ္။

နည္းျပ တူခ်ယ္လ္ကေတာ့ ” အဲဒီအလံကိစၥကို ကြၽန္ေတာ္တို႔ ထူးေထြ မေျပာခဲ့ပါဘူး။ ဒါမ်ိဳး ျဖစ္ခဲ့တယ္ ဆိုတာ သိေပမယ့္ ပြဲမတိုင္ခင္တို႔ ပြဲႀကိဳေဆြးေႏြးမႈေတြတို႔မွာ ထည့္ မေျပာပါဘူး။ ကစားသမားေတြလည္း ဒါကို သိပါတယ္။”

“ဘာျဖစ္လို႔လဲ ဆိုေတာ့ လက္စားေခ်မယ္ ျပန္လုပ္ခ်င္တယ္ ဆိုတာေတြက လိုတာထက္ပိုၿပီး စြမ္းအင္ေတြ ကုန္ပါတယ္။ အဲဒါမ်ိဳး ကြၽန္ေတာ္ မႀကိဳက္ပါဘူး။ကြၽန္ေတာ္တို႔ လုပ္တာက ေဘာလုံးကို အဆင့္ ျမင့္ႏိုင္သမွ် ျမင့္ျမင့္ အေကာင္းဆုံး ကစားမယ္။”

“အဲဒါကပဲ အသင္းကို ၿပိဳင္ဆိုင္ရ ခက္ခဲတဲ့ အသင္း ျဖစ္ေစတယ္။ ဒါထက္ပိုတဲ့ အေၾကာင္းေတြကိုေတာ့ ကြၽန္ေတာ္ မွတ္ခ်က္ျပဳစရာ မရွိပါဘူး။” လို႔ ေျပာဆိုခဲ့ပါတယ္။