နိုင်ငံအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာဖို့ (၆)နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဘန်ဇီမာ 

ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် အသင်းလူစာရင်းမှာ ရီးယဲလ်တိုက်စစ်မှူးဘန်ဇီမာကို အံ့အားသင့်စရာကောင်းလောက်အောင် ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ လာမယ့်ဇွန်လအစပိုင်းမှာ ယူရိုပြိုင်ပွဲမတိုင်ခင်အကြိုခြေစမ်းပွဲအဖြစ် ဝေးလ်စ်၊ ဘူလ်ဂေးရီးယားတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး

အဲဒီပွဲတွေအတွက် ကစားသမား(၂၆)ဦးစာရင်းမှာ ဒက်စ်ချမ့်က ပြင်သစ်အသင်းနဲ့(၆)နှစ်ကြာဝေးကွာနေတဲ့ တိုက်စစ်မှူးဘန်ဇီမာကို ပြန်လည်ထည့်သွင်းခဲ့တာပါ။

၂၀၁၅ ခုနှစ်တုန်းက ဘန်ဇီမာဟာ လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ဗယ်လ်ဘွေနာကို လူတစ်စုက လိင်ပိုင်းဆိုင်ရာဗီဒီယိုဖိုင်နဲ့ ခြိမ်းခြောက်ငွေညှစ်တဲ့အဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့တာကြောင့်

ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပြီး ပြင်သစ်ဝန်ကြီးချုပ်(ဟောင်း)မန်နူရယ်ဗဲလ်က ဘန်ဇီမာလိုကစားသမားမျိုးကို နိုင်ငံအသင်းမှာ နေရာမပေးသင့်ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အဲဒီအမှုကိစ္စက အခုအချိန်အထိမပြီးဆုံးသေးဘဲ ဘန်ဇီမာဟာ လာမယ့်အောက်တိုဘာလအတွင်း တခြားလူ(၄)ဦးနဲ့အတူ တရားရုံးမှာအမှုရင်ဆိုင်ရဦးမှာဖြစ်ပြီး သူကတော့ ဘာမှအမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

အဲဒီလိုအရှုပ်အထွေးတွေကြောင့် ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်က ဘန်ဇီမာကို ၂၀၁၅ ခုနှစ်ကတည်းက လက်ရွေးစင်အသင်းအတွက် မရွေးချယ်တော့တဲ့အတွက်

ဘန်ဇီမာဟာ ယူရို-၂၀၁၆၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို လွဲချော်ခဲ့ပြီး အခုအချိန်မှာတော့ သူတို့နှစ်ဦး တွေ့ဆုံစကားပြောဆိုပြီးတဲ့နောက်မှာ ယူရိုပြိုင်ပွဲအတွက် အသင်းလူစာရင်းမှာ ဘန်ဇီမာကို ပြန်လည်ထည့်သွင်းခဲ့တာပါ။

ဒက်စ်ချမ့်က “ဘဝမှာအရေးကြီးဆုံးက ဒီနေ့နဲ့ မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ရမလဲဆိုတာပါပဲ။

ကျွန်တော်နဲ့ ဘန်ဇီမာတို့ တွေ့ဆုံခဲ့ပြီး အချိန်အတော်ကြာစကားပြောဆိုခဲ့ပြီးနောက်မှာတော့ သူ့ကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘာတွေပြောခဲ့လဲဆိုတာတော့ ကျွန်တော် ဖွင့်မပြောတော့ပါဘူး။

ဒါက ကျွန်တော်တို့နှစ်ယောက်အတွက် အရေးပါတဲ့ကိစ္စဖြစ်ပြီး သူ့အတွက်ရော၊ ကျွန်တော်အတွက်ပါ အခုလိုတွေ့ဆုံစကားပြောဖို့လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဘန်ဇီမာဟာ ပြင်သစ်အသင်းမှာ ၂၀၀၇ ခုနှစ်ကစတင်ရွေးချယ်ခံခဲ့ရပြီး (၈၁)ပွဲကစား၊ (၂၇)ဂိုးသွင်းယူခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဗယ်လ်ဘွေနာနဲ့ ပြဿနာဖြစ်ခဲ့တဲ့နောက်ပိုင်း လက်ရွေးစင်အသင်းအတွက် ထပ်မံအရွေးမခံရတော့လို့ ဘန်ဇီမာအနေနဲ့ နိုင်ငံအသင်းကနေ အနားယူတော့မယ်ဆိုတဲ့သတင်းတွေ

မကြာခဏထွက်ပေါ်ခဲ့ပေမယ့်လည်း သူကတော့ လက်ရွေးစင်အသင်းမှာ ပြန်ကစားခွင့်ရဖို့ မျှော်လင့်ချက်ထားခဲ့တာဖြစ်ပါတယ်။

(၆)နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်အသင်းလူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့အတွက် ဘန်ဇီမာက

“ပြင်သစ်အသင်းမှာ ကျွန်တော့်ကို ပြန်ရွေးခဲ့တဲ့အတွက်သာမက ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့လို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

နေ့စဉ်နေ့တိုင်း ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ကျွန်တော့်မိသားစု၊ သူငယ်ချင်းတွေ၊ ကလပ်အသင်းတွေအပါအဝင် ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့

သူ့ Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

zawgyi

ႏိုင္ငံအသင္းလူစာရင္းမွာ ျပန္လည္ပါ၀င္လာဖုိ႔ (၆)ႏွစ္ၾကာ ေစာင့္ဆုိင္းခဲ့ရတဲ့ ဘန္ဇီမာ

ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအတြက္ အသင္းလူစာရင္းမွာ ရီးယဲလ္တိုက္စစ္မႉးဘန္ဇီမာကို အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ျပန္လည္ေခၚယူခဲ့ပါတယ္။

ျပင္သစ္အသင္းဟာ လာမယ့္ဇြန္လအစပိုင္းမွာ ယူ႐ိုၿပိဳင္ပြဲမတိုင္ခင္အႀကိဳေျခစမ္းပြဲအျဖစ္ ေဝးလ္စ္၊ ဘူလ္ေဂးရီးယားတို႔နဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး

အဲဒီပြဲေတြအတြက္ ကစားသမား(၂၆)ဦးစာရင္းမွာ ဒက္စ္ခ်မ့္က ျပင္သစ္အသင္းနဲ႔(၆)ႏွစ္ၾကာေဝးကြာေနတဲ့ တိုက္စစ္မႉးဘန္ဇီမာကို ျပန္လည္ထည့္သြင္းခဲ့တာပါ။

၂၀၁၅ ခုႏွစ္တုန္းက ဘန္ဇီမာဟာ လက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ ဗယ္လ္ေဘြနာကို လူတစ္စုက လိင္ပိုင္းဆိုင္ရာဗီဒီယိုဖိုင္နဲ႔ ၿခိမ္းေျခာက္ေငြညႇစ္တဲ့အျဖစ္အပ်က္မွာ ပါဝင္ပတ္သက္ခဲ့တာေၾကာင့္

ျပင္းျပင္းထန္ထန္ေဝဖန္ခံခဲ့ရၿပီး ျပင္သစ္ဝန္ႀကီးခ်ဳပ္(ေဟာင္း)မန္ႏူရယ္ဗဲလ္က ဘန္ဇီမာလိုကစားသမားမ်ိဳးကို ႏိုင္ငံအသင္းမွာ ေနရာမေပးသင့္ဘူးလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

အဲဒီအမႈကိစၥက အခုအခ်ိန္အထိမၿပီးဆုံးေသးဘဲ ဘန္ဇီမာဟာ လာမယ့္ေအာက္တိုဘာလအတြင္း တျခားလူ(၄)ဦးနဲ႔အတူ တရား႐ုံးမွာအမႈရင္ဆိုင္ရဦးမွာျဖစ္ၿပီး သူကေတာ့ ဘာမွအမွားမလုပ္ခဲ့ဘူးလို႔ ျငင္းဆန္ခဲ့ပါတယ္။

အဲဒီလိုအရႈပ္အေထြးေတြေၾကာင့္ ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္က ဘန္ဇီမာကို ၂၀၁၅ ခုႏွစ္ကတည္းက လက္ေ႐ြးစင္အသင္းအတြက္ မေ႐ြးခ်ယ္ေတာ့တဲ့အတြက္ ဘန္ဇီမာဟာ ယူ႐ို-၂၀၁၆၊ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲေတြကို လြဲေခ်ာ္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦး ေတြ႕ဆုံစကားေျပာဆိုၿပီးတဲ့ေနာက္မွာ ယူ႐ိုၿပိဳင္ပြဲအတြက္ အသင္းလူစာရင္းမွာ ဘန္ဇီမာကို ျပန္လည္ထည့္သြင္းခဲ့တာပါ။

ဒက္စ္ခ်မ့္က “ဘဝမွာအေရးႀကီးဆုံးက ဒီေန႔နဲ႔ မနက္ျဖန္မွာ ဘယ္လိုအေကာင္းဆုံးျဖစ္ေအာင္ျပင္ဆင္ရမလဲဆိုတာပါပဲ။

ကြၽန္ေတာ္နဲ႔ ဘန္ဇီမာတို႔ ေတြ႕ဆုံခဲ့ၿပီး အခ်ိန္အေတာ္ၾကာစကားေျပာဆိုခဲ့ၿပီးေနာက္မွာေတာ့ သူ႔ကို လက္ေ႐ြးစင္အသင္းမွာ ျပန္လည္ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဘာေတြေျပာခဲ့လဲဆိုတာေတာ့ ကြၽန္ေတာ္ ဖြင့္မေျပာေတာ့ပါဘူး။

ဒါက ကြၽန္ေတာ္တို႔ႏွစ္ေယာက္အတြက္ အေရးပါတဲ့ကိစၥျဖစ္ၿပီး သူ႔အတြက္ေရာ၊ ကြၽန္ေတာ္အတြက္ပါ အခုလိုေတြ႕ဆုံစကားေျပာဖို႔လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘန္ဇီမာဟာ ျပင္သစ္အသင္းမွာ ၂၀၀၇ ခုႏွစ္ကစတင္ေ႐ြးခ်ယ္ခံခဲ့ရၿပီး (၈၁)ပြဲကစား၊ (၂၇)ဂိုးသြင္းယူခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္မွာ ဗယ္လ္ေဘြနာနဲ႔ ျပႆနာျဖစ္ခဲ့တဲ့ေနာက္ပိုင္း လက္ေ႐ြးစင္အသင္းအတြက္ ထပ္မံအေ႐ြးမခံရေတာ့လို႔ ဘန္ဇီမာအေနနဲ႔ ႏိုင္ငံအသင္းကေန အနားယူေတာ့မယ္ဆိုတဲ့သတင္းေတြ မၾကာခဏထြက္ေပၚခဲ့ေပမယ့္လည္း သူကေတာ့ လက္ေ႐ြးစင္အသင္းမွာ ျပန္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ထားခဲ့တာျဖစ္ပါတယ္။

(၆)ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္အျဖစ္ ျပင္သစ္အသင္းလူစာရင္းမွာ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရတဲ့အတြက္ ဘန္ဇီမာက

“ျပင္သစ္အသင္းမွာ ကြၽန္ေတာ့္ကို ျပန္ေ႐ြးခဲ့တဲ့အတြက္သာမက ကြၽန္ေတာ့္ကို ယုံၾကည္မႈေပးခဲ့လို႔ ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္။

ေန႔စဥ္ေန႔တိုင္း ကြၽန္ေတာ့္ကို အားေပးခဲ့ၾကတဲ့ ကြၽန္ေတာ့္မိသားစု၊ သူငယ္ခ်င္းေတြ၊ ကလပ္အသင္းေတြအပါအဝင္ ပရိသတ္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္”လို႔

သူ႔ Twitter မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။