ဂယ်ရီ နဗီးလ် ခန့်မှန်းလိုက်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ပွဲထွက်လူစာရင်း

ဂယ်ရီ နဗီးလ်က ဖူလ်ဟမ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် အိုလေ ဂန်းနား ဆိုးရှား ရွေးချယ်ခဲ့တဲ့ ပွဲထွက်ကစားသမားစာရင်းကို ဗီလာရီးရဲအသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာပါ ထပ်မံအသုံးပြုမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မန်ယူနိုက်တက်က အိုးထရတ်ဖို့ဒ်မှာ ဖူလ်ဟမ်အသင်းကို လက်ခံကစားခဲ့ပြီး ဒီရာသီမှာ ပထမဆုံးအကြိမ်ပရိသတ် ( ၁ ) သောင်း ဝင်‌ရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။

အက်ဒီဆင် ကာဗာနီက ပွဲကစားချိန် မိနစ် ( ၂၀ ) မတိုင်မီ ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ယခုပွဲစဉ် အနိုင်ရရှိပါက ရာသီမကုန်ခင် အဆင့် ( ၂ ) နေရာကို သိမ်းပိုက်နိုင်မှာဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို အာရုံစိုက်နိုင်မှာဖြစ်ပေမယ့် ချေပဂိုးပေးခဲ့ရပြီး ( ၁-၁) သရေရလာဒ်ထွက်ပေါ်ခဲ့ပါတယ်။

နဗီးလ်က ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ ပွဲထွက်စားသမားစာရင်းကို ဗီလာရီးရဲအသင်းနဲ့ ဗိုလ်လုပွဲမှာပါ ထပ်မံအသုံးပြုသွားမယ်လို့ ယုံကြည်နေပါတယ်။

နဗီးလ်က Sky Sports နဲ့တွေ့ဆုံရာမှာ “ တကယ်လို့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဒီလူစာရင်းကို အသုံးပြုမယ်ဆိုရင် အံ့သြမိမှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

“ ဒါက ကျွန်တော့်ကို အံ့သြစေမှာ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ ရက်ဖို့ဒ်က ညာခြမ်းမှာ အလုပ်မဖြစ်လို့ပါ ။

ပေါ့ဘာကစားမယ်လို့ ထင်ပါတယ်။

ထိပ်မှာတော့ ကာဗာနီကစားပြီး ကွင်းလယ် ( ၃ ) ဦးကတော့ ရွေးချယ်ပြီးဖြစ်ပါလိမ့်မယ်။”

“ အိုလေ ဂန်းနား ဆိုးရှားက ဗဟိုခံစစ်ကစားသမားနေရာမှာ ဗစ်တာ လင်ဒီလော့နှင့် ဟယ်ရီ မက်ဂွဲယားအစား ထရန်ဇီဘီကို အသုံးပြုမယ်လို့ထင်ပါတယ်။

သူဝန်မခံသေးပေမယ့် ဒါက ဗိုလ်လုပွဲမှာ အသုံးပြုမယ့်အသင်းလို့ ထင်ပါတယ်။”

“ ဂိုးသမားနေရာမှာတော့ ဒီဂီယာ ပွဲထွက်ခွင့်ရပါလိမ့်မယ်။

ဂရင်းဝုဒ်က ညာခြမ်းမှာ ကစားပါလိမ့်မယ်။ ရက်ဖို့ဒ်က ညာဘက်မှာ အလုပ်မဖြစ်ပါဘူး။

ရက်ဖို့ဒ်နဲ့ ပတ်သက်လို့ စိုးရိမ်မိပါတယ်။

သူ့ကို ချန်ထားမှာလား ? ပေါ့ဘာကို ချန်ထားမယ်လို့တော့ မထင်ပါဘူး။”

zawgyi

ဂယ္ရီ နဗီးလ္ ခန႔္မွန္းလိုက္တဲ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲ ပြဲထြက္လူစာရင္း

ဂယ္ရီ နဗီးလ္က ဖူလ္ဟမ္ အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္အတြက္ အိုေလ ဂန္းနား ဆိုးရွား ေ႐ြးခ်ယ္ခဲ့တဲ့ ပြဲထြက္ကစားသမားစာရင္းကို ဗီလာရီးရဲအသင္းနဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာပါ ထပ္မံအသုံးျပဳမယ္လို႔ ခန႔္မွန္းလိုက္ပါတယ္။

မန္ယူႏိုက္တက္က အိုးထရတ္ဖို႔ဒ္မွာ ဖူလ္ဟမ္အသင္းကို လက္ခံကစားခဲ့ၿပီး ဒီရာသီမွာ ပထမဆုံးအႀကိမ္ပရိသတ္ ( ၁ ) ေသာင္း ဝင္‌ေရာက္ၾကည့္ရႈခြင့္ရခဲ့ပါတယ္။

အက္ဒီဆင္ ကာဗာနီက ပြဲကစားခ်ိန္ မိနစ္ ( ၂၀ ) မတိုင္မီ ယူႏိုက္တက္အတြက္ အဖြင့္ဂိုးသြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ယခုပြဲစဥ္ အႏိုင္ရရွိပါက ရာသီမကုန္ခင္ အဆင့္ ( ၂ ) ေနရာကို သိမ္းပိုက္ႏိုင္မွာျဖစ္ၿပီး ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို အာ႐ုံစိုက္ႏိုင္မွာျဖစ္ေပမယ့္ ေခ်ပဂိုးေပးခဲ့ရၿပီး ( ၁-၁) သေရရလာဒ္ထြက္ေပၚခဲ့ပါတယ္။

နဗီးလ္က ဖူလ္ဟမ္အသင္းနဲ႔ ပြဲစဥ္မွာ အသုံးျပဳခဲ့တဲ့ ပြဲထြက္စားသမားစာရင္းကို ဗီလာရီးရဲအသင္းနဲ႔ ဗိုလ္လုပြဲမွာပါ ထပ္မံအသုံးျပဳသြားမယ္လို႔ ယုံၾကည္ေနပါတယ္။

နဗီးလ္က Sky Sports နဲ႔ေတြ႕ဆုံရာမွာ “ တကယ္လို႔ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ဒီလူစာရင္းကို အသုံးျပဳမယ္ဆိုရင္ အံ့ၾသမိမွာ မဟုတ္ပါဘူး။” လို႔ ေျပာၾကားခဲ့ပါတယ္။

“ ဒါက ကြၽန္ေတာ့္ကို အံ့ၾသေစမွာ မဟုတ္ပါဘူး။

ဘာလို႔လဲဆိုေတာ့ ရက္ဖို႔ဒ္က ညာျခမ္းမွာ အလုပ္မျဖစ္လို႔ပါ ။

ေပါ့ဘာကစားမယ္လို႔ ထင္ပါတယ္။

ထိပ္မွာေတာ့ ကာဗာနီကစားၿပီး ကြင္းလယ္ ( ၃ ) ဦးကေတာ့ ေ႐ြးခ်ယ္ၿပီးျဖစ္ပါလိမ့္မယ္။”

“ အိုေလ ဂန္းနား ဆိုးရွားက ဗဟိုခံစစ္ကစားသမားေနရာမွာ ဗစ္တာ လင္ဒီေလာ့ႏွင့္ ဟယ္ရီ မက္ဂြဲယားအစား ထရန္ဇီဘီကို အသုံးျပဳမယ္လို႔ထင္ပါတယ္။

သူဝန္မခံေသးေပမယ့္ ဒါက ဗိုလ္လုပြဲမွာ အသုံးျပဳမယ့္အသင္းလို႔ ထင္ပါတယ္။”

“ ဂိုးသမားေနရာမွာေတာ့ ဒီဂီယာ ပြဲထြက္ခြင့္ရပါလိမ့္မယ္။

ဂရင္းဝုဒ္က ညာျခမ္းမွာ ကစားပါလိမ့္မယ္။ ရက္ဖို႔ဒ္က ညာဘက္မွာ အလုပ္မျဖစ္ပါဘူး။

ရက္ဖို႔ဒ္နဲ႔ ပတ္သက္လို႔ စိုးရိမ္မိပါတယ္။

သူ႔ကို ခ်န္ထားမွာလား ? ေပါ့ဘာကို ခ်န္ထားမယ္လို႔ေတာ့ မထင္ပါဘူး။”