ကွင်းထဲမှာ မက်ဆီရောက်နေသလားလို၌ ထင်ရလောက်တဲ့ ဖိုဒန်

မန်စီးတီးအသင်းကွင်းလယ်ကြယ်ပွင့် ဖိုဒန်ဟာ ယမန်နေ့ညက ဘရိုက်တန်ကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အံ့အားသင့်ဖွယ်ဂိုးသွင်းယူပြီး သူ့ရဲ့ခြေစွမ်းကောင်းကို ဆက်ထိန်းထားပါတယ်။

အသက် ၂၀ပဲရှိသေးတဲ့ ဖိုဒန်ဟာ ပီအက်စ်ဂျီကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ မက်ဆီစတိုင် တစ်ဦးချင်းကျော်ဖြတ်မှုပြုလုပ်နိုင်ခဲ့ပြီးနောက် ဒီတစ်ခါလည်း ကွင်းထဲမှာ မက်ဆီရောက်နေသလားလို့ ထင်ရစေလောက်တဲ့သွင်းဂိုးပါ ရယူပြသွားပါတယ်။

အင်္ဂလန်လက်ရွေးစင် ဖိုဒန်ဟာ ပွဲချိန် ၄၈မိနစ်မှာ ကိုယ့်ကွင်းတစ်ဝက်လောက်ကနေ ဘောလုံးရယူလိုက်ပြီးနောက် ဘယ်တောင်ပံတစ်လျှောက် ဆွဲပြေးသွားပါတယ်။

ဖိုဒန်ဟာ လူကောင်ကြီးတဲ့ဘရိုက်တန်နောက်ခံလူတွေရဲ့ဖိအားပေးမှုကို အကောင်းဆုံးကျော်ဖြတ်ကာ ပင်နယ်တီဧရိယာထဲအရောက် ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ထဲ ဘယ်ခြေနဲ့ အသာလေးကန်သွင်းသွားတာပါ။

”သူတို့နှစ်ယောက်ကို နှိုင်းယှဉ်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဖိုဒန် ဘောလုံးလက်ခံရယူတာ၊ ဆွဲပြေးတာ၊ ဂိုးသွင်းတာတွေက မက်ဆီပုံစံစစ်စစ်ပါပဲ”

”ပက်ဂွါဒီယိုလာရဲ့လက်အောက်မှာ နောက်ထပ်မက်ဆီတစ်ယောက် မွေးဖွားလာတာပါ။ ဖိုဒန်ရဲ့အကောင်းဆုံးခြေစွမ်းက လာပါဦးမယ်”

”ကစားသမားအများစုက ဖိုဒန်လိုမျိုး တွန်းတွန်းတိုက်တိုက်ကာစားခံရရင် မြက်ခင်းပေါ် လှဲချပြီး ပြစ်ဒဏ်ဘောတောင်းတတ်ကြပေမယ့် ဖိုဒန်ကတော့ သူ့အလုပ်သူ အကောင်းဆုံးလုပ်ပြသွားပါတယ်”လို့ ပရိသတ်တွေက ချီးကျူးသွားပါတယ်။

zawgyi

ကြင္းထဲမွာ မက္ဆီေရာက္ေနသလားလို၌ ထင္ရေလာက္တဲ့ ဖိုဒန္

မန္စီးတီးအသင္းကြင္းလယ္ၾကယ္ပြင့္ ဖိုဒန္ဟာ ယမန္ေန႔ညက ဘ႐ိုက္တန္ကို ၃-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ အံ့အားသင့္ဖြယ္ဂိုးသြင္းယူၿပီး သူ႕ရဲ႕ေျခစြမ္းေကာင္းကို ဆက္ထိန္းထားပါတယ္။

အသက္ ၂၀ပဲရွိေသးတဲ့ ဖိုဒန္ဟာ ပီအက္စ္ဂ်ီကိုအႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ မက္ဆီစတိုင္ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ဒီတစ္ခါလည္း ကြင္းထဲမွာ မက္ဆီေရာက္ေနသလားလို႔ ထင္ရေစေလာက္တဲ့သြင္းဂိုးပါ ရယူျပသြားပါတယ္။

အဂၤလန္လက္ေရြးစင္ ဖိုဒန္ဟာ ပြဲခ်ိန္ ၄၈မိနစ္မွာ ကိုယ့္ကြင္းတစ္၀က္ေလာက္ကေန ေဘာလုံးရယူလိုက္ၿပီးေနာက္ ဘယ္ေတာင္ပံတစ္ေလွ်ာက္ ဆြဲေျပးသြားပါတယ္။

ဖိုဒန္ဟာ လူေကာင္ႀကီးတဲ့ဘ႐ိုက္တန္ေနာက္ခံလူေတြရဲ႕ဖိအားေပးမႈကို အေကာင္းဆုံးေက်ာ္ျဖတ္ကာ ပင္နယ္တီဧရိယာထဲအေရာက္ ဂိုးသမားရဲ႕ဘယ္ဘက္ေထာင့္ထဲ ဘယ္ေျခနဲ႔ အသာေလးကန္သြင္းသြားတာပါ။

”သူတို႔ႏွစ္ေယာက္ကို ႏႈိင္းယွဥ္ေနတာမဟုတ္ပါဘူး။ ဒါေပမဲ့ ဖိုဒန္ ေဘာလုံးလက္ခံရယူတာ၊ ဆြဲေျပးတာ၊ ဂိုးသြင္းတာေတြက မက္ဆီပုံစံစစ္စစ္ပါပဲ”

”ပက္ဂြါဒီယိုလာရဲ႕လက္ေအာက္မွာ ေနာက္ထပ္မက္ဆီတစ္ေယာက္ ေမြးဖြားလာတာပါ။ ဖိုဒန္ရဲ႕အေကာင္းဆုံးေျခစြမ္းက လာပါဦးမယ္”

”ကစားသမားအမ်ားစုက ဖိုဒန္လိုမ်ိဳး တြန္းတြန္းတိုက္တိုက္ကာစားခံရရင္ ျမက္ခင္းေပၚ လွဲခ်ၿပီး ျပစ္ဒဏ္ေဘာေတာင္းတတ္ၾကေပမယ့္ ဖိုဒန္ကေတာ့ သူ႕အလုပ္သူ အေကာင္းဆုံးလုပ္ျပသြားပါတယ္”လို႔ ပရိသတ္ေတြက ခ်ီးက်ဴးသြားပါတယ္။