Hannibal ကို အခွင့်အရေးပေးသင့်တဲ့ ဖူလ်ဟမ်နဲ့ပွဲစဉ်

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ အပတ် လက်စတာနဲ့ ပွဲစဉ်မှာ လူငယ် တောင်ပံကစားသမား အန်သိုနီ အီလန်ဂါကို ပထမဆုံးအကြိမ် ပွဲကစားခွင့်ပေးခဲ့ပါတယ်။

အီလန်ဂါက ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် ( ၂ ) ပွဲမှာပါ ကစားရနိုင်ပြီး Hannibal Mejbri ကိုလည်း သူနဲ့အတူ အခွင့်အရေးပေးဖို့ စဉ်းစားသင့်ပါတယ်။

Hannibalက ဒီရာသီယူနိုက်တက် ယူ – ၂၃ အသင်းအတွက် ခြေစွမ်းပြကစားထားပြီး ( ၄ ) ဂိုးသွင်းယူကာ ( ၇ ) ဂိုး ဖန်တီးပေးထားပါတယ်။

သူက မတ်လကတည်းက အသင်းကြီးနဲ့အတူ လေ့ကျင့်နေပြီး နောက်ဆုံး ( ၂ ) ပွဲမှာ ပါဝင်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

အီလန်ဂါဟာ ဒါဘီအသင်းနဲ့ ယူ -၂၃ နောက်ဆုံးပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရပေမယ့် ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ ကစားခွင့်ရှိကြောင့် အသင်းဝက်ဆိုဒ်ကနေ ထုတ်ပြန်ထားပါတယ်။

( ၁ ) အဓိက ကစားသမားတွေကို အနားပေး

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေကို ဗီလာရီးရဲနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အနားပေးထားပြီး လူငယ်ကစားသမားတွေကို အခါင့်အ‌ရေးပေးသင့်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ အပတ်က ( ၂ ) ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်အနေနဲ့ ဗိုလ်လုပွဲစဉ်မတိုင်မီ ရလာဒ်ကောင်း ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားလာမှာပါ ။

ဒါကြောင့် ဖူလ်ဟမ်နဲ့ ကစားမယ့် ပွဲထွက်ကစားသမားစာရင်းမှာ ဘရူနို ဖာနန်ဒက်စ် နှင့် ပေါ့ဘာတို့ ပါဝင်လာနိုင်ပါတယ်။

ဒါပေမယ့် သူတို့ ဒဏ်ရာရသွားပါက စွန့်စားမှုက ထိုက်တန်သလားဆိုတာ ပြန်လည်သုံးသပ်ရပါမယ်။

( ၂ ) မျှော်လင့်ချက်မဲ့နေတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ်က တန်းဆင်းသွားပြီဖြစ်တဲ့အတွက် ယခုပွဲစဉ်က ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် Hannibal ကို အခွင့်အရေး ပေးသင့်တာဖြစ်ပါတယ်။

ဖူလ်ဟမ်ကလည်း လာမယ့်ရာသီအတွက် ရည်ရွယ်ပြီး လူငယ်ကစားသမားတွေကို အသုံးပြုလာနိုင်ပါတယ်။

ယခုပွဲစဉ်က အသက်ကင်းမဲ့နေပြီး Hannibal ကိုအခွင့်အရေးပေးတာက ပိုအပြီး အဓိပ္ပာယ်ရှိပါလိမ့်မယ်။

ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင်ထားပြီးဖြစ်တဲ့အတွက် စွန့်စားမှုတွေ ပြုလုပ်နိုင်ပါတယ်။

( ၃ ) အိုးထရတ်ဖို့ဒ် ပရိသတ်ရှေ့မှာ ကစားရမယ်

ဖူလ်ဟမ်နဲ့ ပွဲစဉ်က ( ၂၀၂၀ ) မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရိသတ်တွေ အိုးထရတ်ဖို့ဒ်ကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်တဲ့အတွက် ထူးခြားတဲ့ အခိုက်အတန့်ပါ ။

ဒါကြောင့် Hannibal အနေနဲ့ ပွဲပြီးခါနီး ( ၁၅ ) မိနစ်ဝန်းကျင်သာ ပါဝင်ခွင့်ရမယ်ဆိုရင်တောင် ပရိသတ်တွေ ‌ရှေ့မှောက်မှာဖြစ်တဲ့အတွက် ကြီးမားတဲ့အခွင့်အရေး တစ်ရပ်ပါ ။

ပရိသတ် ( ၁၀၀၀၀ ) ရှေ့မှာ ပရော်ဖက်ရှင်နယ် debut ပွဲစဉ် ကစားခွင့်ရတာက Hannibal အတွက် အလှည့်အပြောင်းဖြစ်စေနိုင်ပါတယ်။

zawgyi

Hannibal ကို အခြင့္အေရးေပးသင့္တဲ့ ဖူလ္ဟမ္နဲ႔ပြဲစဥ္

မန္ခ်က္စတာ ယူႏိုက္တက္က ၿပီးခဲ့တဲ့ အပတ္ လက္စတာနဲ႔ ပြဲစဥ္မွာ လူငယ္ ေတာင္ပံကစားသမား အန္သိုနီ အီလန္ဂါကို ပထမဆုံးအႀကိမ္ ပြဲကစားခြင့္ေပးခဲ့ပါတယ္။

အီလန္ဂါက ပရီးမီးယားလိဂ္ ေနာက္ဆုံး ပြဲစဥ္ ( ၂ ) ပြဲမွာပါ ကစားရႏိုင္ၿပီး Hannibal Mejbri ကိုလည္း သူနဲ႔အတူ အခြင့္အေရးေပးဖို႔ စဥ္းစားသင့္ပါတယ္။

Hannibalက ဒီရာသီယူႏိုက္တက္ ယူ – ၂၃ အသင္းအတြက္ ေျခစြမ္းျပကစားထားၿပီး ( ၄ ) ဂိုးသြင္းယူကာ ( ၇ ) ဂိုး ဖန္တီးေပးထားပါတယ္။

သူက မတ္လကတည္းက အသင္းႀကီးနဲ႔အတူ ေလ့က်င့္ေနၿပီး ေနာက္ဆုံး ( ၂ ) ပြဲမွာ ပါဝင္ႏိုင္မယ့္ အခြင့္အေရး ရွိေနပါတယ္။

အီလန္ဂါဟာ ဒါဘီအသင္းနဲ႔ ယူ -၂၃ ေနာက္ဆုံးပြဲစဥ္မွာ အနီကတ္ျပခံခဲ့ရေပမယ့္ ဖူလ္ဟမ္အသင္းနဲ႔ ပြဲစဥ္မွာ ကစားခြင့္ရွိေၾကာင့္ အသင္းဝက္ဆိုဒ္ကေန ထုတ္ျပန္ထားပါတယ္။

( ၁ ) အဓိက ကစားသမားေတြကို အနားေပး

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အဓိက ကစားသမားေတြကို ဗီလာရီးရဲနဲ႔ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲအတြက္ အနားေပးထားၿပီး လူငယ္ကစားသမားေတြကို အခါင့္အ‌ေရးေပးသင့္တယ္လို႔ ေျပာဆိုမႈေတြ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ အပတ္က ( ၂ ) ပြဲဆက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယူႏိုက္တက္အေနနဲ႔ ဗိုလ္လုပြဲစဥ္မတိုင္မီ ရလာဒ္ေကာင္း ျပန္လည္ပိုင္ဆိုင္ႏိုင္ဖို႔ ႀကိဳးစားလာမွာပါ ။

ဒါေၾကာင့္ ဖူလ္ဟမ္နဲ႔ ကစားမယ့္ ပြဲထြက္ကစားသမားစာရင္းမွာ ဘ႐ူႏို ဖာနန္ဒက္စ္ ႏွင့္ ေပါ့ဘာတို႔ ပါဝင္လာႏိုင္ပါတယ္။

ဒါေပမယ့္ သူတို႔ ဒဏ္ရာရသြားပါက စြန႔္စားမႈက ထိုက္တန္သလားဆိုတာ ျပန္လည္သုံးသပ္ရပါမယ္။

( ၂ ) ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ ဖူလ္ဟမ္

ဖူလ္ဟမ္က တန္းဆင္းသြားၿပီျဖစ္တဲ့အတြက္ ယခုပြဲစဥ္က ဂုဏ္သိကၡာအတြက္ပဲ ျဖစ္ပါလိမ့္မယ္။

ဒါေၾကာင့္ Hannibal ကို အခြင့္အေရး ေပးသင့္တာျဖစ္ပါတယ္။

ဖူလ္ဟမ္ကလည္း လာမယ့္ရာသီအတြက္ ရည္႐ြယ္ၿပီး လူငယ္ကစားသမားေတြကို အသုံးျပဳလာႏိုင္ပါတယ္။

ယခုပြဲစဥ္က အသက္ကင္းမဲ့ေနၿပီး Hannibal ကိုအခြင့္အေရးေပးတာက ပိုအၿပီး အဓိပၸာယ္ရွိပါလိမ့္မယ္။

ယူႏိုက္တက္ကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ပိုင္ဆိုင္ထားၿပီးျဖစ္တဲ့အတြက္ စြန႔္စားမႈေတြ ျပဳလုပ္ႏိုင္ပါတယ္။

( ၃ ) အိုးထရတ္ဖို႔ဒ္ ပရိသတ္ေရွ႕မွာ ကစားရမယ္

ဖူလ္ဟမ္နဲ႔ ပြဲစဥ္က ( ၂၀၂၀ ) မတ္လေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ပရိသတ္ေတြ အိုးထရတ္ဖို႔ဒ္ကြင္းထဲ ဝင္ေရာက္ၾကည့္ရႈခြင့္ရမွာျဖစ္တဲ့အတြက္ ထူးျခားတဲ့ အခိုက္အတန႔္ပါ ။

ဒါေၾကာင့္ Hannibal အေနနဲ႔ ပြဲၿပီးခါနီး ( ၁၅ ) မိနစ္ဝန္းက်င္သာ ပါဝင္ခြင့္ရမယ္ဆိုရင္ေတာင္ ပရိသတ္ေတြ ‌ေရွ႕ေမွာက္မွာျဖစ္တဲ့အတြက္ ႀကီးမားတဲ့အခြင့္အေရး တစ္ရပ္ပါ ။

ပရိသတ္ ( ၁၀၀၀၀ ) ေရွ႕မွာ ပေရာ္ဖက္ရွင္နယ္ debut ပြဲစဥ္ ကစားခြင့္ရတာက Hannibal အတြက္ အလွည့္အေျပာင္းျဖစ္ေစႏိုင္ပါတယ္။