ယူနိုက်တက်(၁)နှစ်တာအကောင်းဆုံးဆုဟာ ဘရူနိုအတွက် သေချာရဲ့လား

ဒီညမှာကစားမယ့် ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင်ထုတ်ပြန်ကြေညာသွားမယ့် ၂၀၂၀-၂၁ ရာသီ မန်ချက်စတာယူနိုက်တက်(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ်ကို အသင်းဖော်တချို့က မဲပေးဖို့ဆန္ဒမရှိဖြစ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်နဲ့ပွဲမတိုင်ခင်မှာ ဆာမတ်ဘက်စ်ဘီ(၁)နှစ်တာအကောင်းဆုံးကစားသမား၊ အသင်းဖော်တွေကရွေးချယ်တဲ့ (၁)နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုတွေကို ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး

မနှစ်ကတော့ ဘရူနိုဖာနန်ဒက်စ်က ဆာမတ်ဘက်စ်ဘီအကောင်းဆုံးဆု၊ အသင်းဖော်တွေက ရွေးချယ်တဲ့အကောင်းဆုံးဆုကို မာစီယဲလ်တို့ရရှိခဲ့သလို အကောင်းဆုံးသွင်းဂိုးအဖြစ် ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့လိဂ်ဖလားပွဲမှာ ဖရီးကစ်ကနေလှလှပပကန်သွင်းခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ဂိုးက ရွေးချယ်ခံခဲ့ရပါတယ်။

ဆာမတ်ဘက်စ်ဘီဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုတွေကို မန်ချက်စတာယူနိုက်တက်တရားဝင်ဝက်ဘ်ဆိုက်ဒ်က နိုင်ငံပေါင်း(၂၀၀)ကျော်မှာရှိတဲ့ ပရိသတ်တွေဆီကနေ မဲဆန္ဒကောက်ခံသွားမှာဖြစ်ပြီး အသင်းဖော်တွေကရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကတော့ ယူနိုက်တက်ကစားသမားတွေ မဲပေးရွေးချယ်ကြမှာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို စတင်ပြောင်းရွှေ့ခဲ့ချိန်ကတည်းက တောက်လျှောက်ခြေစွမ်းပြကစားနေပြီ

း ဒီရာသီမှာလည်း ပြိုင်ပွဲစုံ(၂၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းဖော်တချို့က Players’ Player Of The Year ဆုအတွက် ဘရူနိုဖာနန်ဒက်စ်ထက် လုခ်ရှောကိုသာ မဲပေးဖို့ရှိနေပါပြီ။

ယူနိုက်တက်ဝက်ဘ်ဆိုက်က Players’ Player Of The Year ဆုအတွက် ဘယ်သူ့ကိုမဲပေးမလဲဆိုတာ ကစားသမား(၆)ဦးကို မေးမြန်းခဲ့တာမှာတော့ တွမ်မီနေး၊ ဘရန်ဒန်ဝီလီယံစ်နဲ့ ဘစ်ဆာကာတို့က လုခ်ရှောကို မဲပေးမယ်လို့ဖြေကြားခဲ့ပြီး လင်ဒီလော့ဖ်က ဘရူနိုဖာနန်ဒက်စ်ကို မဲပေးမယ့်အနေအထားရှိပေမယ့် မာတာနဲ့ ဘာယီတို့ကတော့ ကစားသမားတွေအကုန်လုံး ဒီဆုနဲ့ထိုက်တန်တယ်လို့ မတင်မကျဖြေခဲ့ပါတယ်။

လုခ်ရှောဟာ ၂၀၁၈-၁၉ ရာသီတုန်းက ဆာမက်ဘတ်စ်ဘီအကောင်းဆုံးဆုနဲ့ Players’ Player Of The Year နှစ်ဆုစလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်(၁)နှစ်တာအကောင်းဆုံးကစားသမားဆုအဖြစ် သတ်မှတ်ရမယ့် ဆာမတ်ဘက်စ်ဘီဆုကို ၁၉၈၇-၈၈ ရာသီကနေစတင်ချီးမြှင့်ခဲ့ပြီး အဲဒီမတိုင်ခင်က Sharp Manchester United Player of the Year ၊ Manchester United Supporters’ Club Player of the Year နာမည်နဲ့ချီးမြှင့်ခဲ့ပါတယ်။

ဆာမတ်ဘက်စ်ဘီဆုကို အကြိမ်အများဆုံးရရှိခဲ့တာက ဂိုးသမားဒီဂီယာဖြစ်ပြီး (၄)ကြိမ်အထိရရှိခဲ့တာပါ။

သူ့နောက်မှာတော့ ယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်း စီရော်နယ်လ်ဒိုက (၃)ကြိမ်(၂၀၀၄၊ ၂၀၀၇၊ ၂၀၀၈)နဲ့ ဒုတိယအများဆုံးဖြစ်နေပြီး တခြားနာမည်ကျော်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ မက်ကလဲ၊ ကန်တိုနာ၊ ရွိုင်ကိန်း၊ နစ္စတယ်ရွိုင်း၊ ရွန်နီတို့က (၂)ကြိမ်စီဆွတ်ခူးခဲ့ကြပါတယ်။

zawgyi

ယူႏိုက္တက္(၁)ႏွစ္တာအေကာင္းဆုံးဆုဟာ ဘ႐ူႏိုအတြက္ ေသခ်ာရဲ႕လား

ဒီညမွာကစားမယ့္ ဖူလ္ဟမ္နဲ႔ပြဲမတိုင္ခင္ထုတ္ျပန္ေၾကညာသြားမယ့္ ၂၀၂၀-၂၁ ရာသီ မန္ခ်က္စတာယူႏိုက္တက္(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဘ႐ူႏိုဖာနန္ဒက္စ္ကို အသင္းေဖာ္တခ်ိဳ႕က မဲေပးဖို႔ဆႏၵမရွိျဖစ္ေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ဖူလ္ဟမ္နဲ႔ပြဲမတိုင္ခင္မွာ ဆာမတ္ဘက္စ္ဘီ(၁)ႏွစ္တာအေကာင္းဆုံးကစားသမား၊ အသင္းေဖာ္ေတြကေ႐ြးခ်ယ္တဲ့ (၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုနဲ႔ အေကာင္းဆုံးသြင္းဂိုးဆုေတြကို ထုတ္ျပန္ေၾကညာသြားမွာျဖစ္ၿပီး

မႏွစ္ကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္က ဆာမတ္ဘက္စ္ဘီအေကာင္းဆုံးဆု၊ အသင္းေဖာ္ေတြက ေ႐ြးခ်ယ္တဲ့အေကာင္းဆုံးဆုကို မာစီယဲလ္တို႔ရရွိခဲ့သလို အေကာင္းဆုံးသြင္းဂိုးအျဖစ္ ခ်ယ္လ္ဆီးနဲ႔ကစားခဲ့တဲ့လိဂ္ဖလားပြဲမွာ ဖရီးကစ္ကေနလွလွပပကန္သြင္းခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ရဲ႕ဂိုးက ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ဆာမတ္ဘက္စ္ဘီဆုနဲ႔ အေကာင္းဆုံးသြင္းဂိုးဆုေတြကို မန္ခ်က္စတာယူႏိုက္တက္တရားဝင္ဝက္ဘ္ဆိုက္ဒ္က ႏိုင္ငံေပါင္း(၂၀၀)ေက်ာ္မွာရွိတဲ့ ပရိသတ္ေတြဆီကေန မဲဆႏၵေကာက္ခံသြားမွာျဖစ္ၿပီး အသင္းေဖာ္ေတြကေ႐ြးခ်ယ္တဲ့ အေကာင္းဆုံးကစားသမားဆုကေတာ့ ယူႏိုက္တက္ကစားသမားေတြ မဲေပးေ႐ြးခ်ယ္ၾကမွာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းကို စတင္ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ကတည္းက ေတာက္ေလွ်ာက္ေျခစြမ္းျပကစားေနၿပီး

ဒီရာသီမွာလည္း ၿပိဳင္ပြဲစုံ(၂၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၇)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ ယူႏိုက္တက္အသင္းေဖာ္တခ်ိဳ႕က Players’ Player Of The Year ဆုအတြက္ ဘ႐ူႏိုဖာနန္ဒက္စ္ထက္ လုခ္ေရွာကိုသာ မဲေပးဖို႔ရွိေနပါၿပီ။

ယူႏိုက္တက္ဝက္ဘ္ဆိုက္က Players’ Player Of The Year ဆုအတြက္ ဘယ္သူ႔ကိုမဲေပးမလဲဆိုတာ ကစားသမား(၆)ဦးကို ေမးျမန္းခဲ့တာမွာေတာ့

တြမ္မီေနး၊ ဘရန္ဒန္ဝီလီယံစ္နဲ႔ ဘစ္ဆာကာတို႔က လုခ္ေရွာကို မဲေပးမယ္လို႔ေျဖၾကားခဲ့ၿပီး

လင္ဒီေလာ့ဖ္က ဘ႐ူႏိုဖာနန္ဒက္စ္ကို မဲေပးမယ့္အေနအထားရွိေပမယ့္ မာတာနဲ႔ ဘာယီတို႔ကေတာ့ ကစားသမားေတြအကုန္လုံး ဒီဆုနဲ႔ထိုက္တန္တယ္လို႔ မတင္မက်ေျဖခဲ့ပါတယ္။

လုခ္ေရွာဟာ ၂၀၁၈-၁၉ ရာသီတုန္းက ဆာမက္ဘတ္စ္ဘီအေကာင္းဆုံးဆုနဲ႔ Players’ Player Of The Year ႏွစ္ဆုစလုံး ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုအျဖစ္ သတ္မွတ္ရမယ့္ ဆာမတ္ဘက္စ္ဘီဆုကို ၁၉၈၇-၈၈ ရာသီကေနစတင္ခ်ီးျမႇင့္ခဲ့ၿပီး

အဲဒီမတိုင္ခင္က Sharp Manchester United Player of the Year ၊ Manchester United Supporters’ Club Player of the Year နာမည္နဲ႔ခ်ီးျမႇင့္ခဲ့ပါတယ္။

ဆာမတ္ဘက္စ္ဘီဆုကို အႀကိမ္အမ်ားဆုံးရရွိခဲ့တာက ဂိုးသမားဒီဂီယာျဖစ္ၿပီး (၄)ႀကိမ္အထိရရွိခဲ့တာပါ။

သူ႔ေနာက္မွာေတာ့ ယူႏိုက္တက္နာမည္ေက်ာ္ကစားသမားေဟာင္း စီေရာ္နယ္လ္ဒိုက (၃)ႀကိမ္(၂၀၀၄၊ ၂၀၀၇၊ ၂၀၀၈)နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး

တျခားနာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ မက္ကလဲ၊ ကန္တိုနာ၊ ႐ြိဳင္ကိန္း၊ နစၥတယ္႐ြိဳင္း၊ ႐ြန္နီတို႔က (၂)ႀကိမ္စီဆြတ္ခူးခဲ့ၾကပါတယ္။