လေဗာကူဆင်ကြယ်ပွင့် မော့ဆက်ဒီယာဘီကို အပြိုင်လိုက်နေတဲ့ ယူနိုက်တက်နဲ့ အာဆင်နယ် 

နည်းပြဆိုးလ်ရှားဟာ အသင်းကို လူငယ်ကြယ်ပွင့်တွေနဲ့ပဲ တည်ဆောက် မောင်းနှင်ချင်တာပါ။ ဒါကြောင့်လည်း ယူနိုက်တက်ကတာဝန်ရှိသူတွေဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လူငယ်ကစားသမားကြယ်ပွင့်တွေကို လိုက်ရှာနေပါတယ်။

ယူနိုက်တက် ကမ်းလှမ်းနေတဲ့ လူငယ်ကစားသမားတွေအားလုံးဟာ အသက် ၂၀ကျော် ဝန်းကျင်တွေကအများဆုံးဖြစ်ပါတယ်။ လူငယ်ကစားသမား တစ်ယောက်ရဲ့ အပြောင်း အရွှေ့ကိစ္စပြောရရင် ယူနိက်တက်ဟာ လေဗာကူဆင် လူငယ်တောင်ပံကြယ်ပွင့်ကို အာဆင်နယ်ကင်းထောက်တွေနဲ့ အပြိုင်လိုက်စောင့်ကြည့်နေတယ်လို့ သတင်းထွက်ထားပါတယ်။

ယူနိက်တက်ဟာလေဗာကူဆင် ကစားသမား မော့ဆက်ဒီယာဘီ အတွက် ယူရို ၃၈ သန်း ဝန်းကျင် အသုံးပြုသွားမယ်လို့ သတင်းထွက်ထားတာပါ။

အဲဒီကစားသမားဟာ အသက် ၂၁ နှစ် အရွယ်သာရှိသေးကာ ဘယ်တောင်ပံမှာ အဓိကကစားပြီး လိုအပ်ပါက ညာတောင်ပံသို့ထွက်ခါ ကစားနိုင်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

ယူနိုက်တက်၊ အာဆင်နယ် တို့သာမက ဒေါ့မွန် အသင်းကလည်း လေဗာကူဆင် အသင်း ရဲ့ တောင်ပံကြယ်ပွင့်ကို အပြိုင် စောင့်ကြည့် နေတယ် လို့ သိရ ပါတယ် ။

အချို့ ခန့်မှန်း သူတွေကတော့ ပြင်သစ် သားလေး ရဲ့ အေးဂျင့် နဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ ဖူးတဲ့ အာဆင်နယ် က အသာရ နိုင်ချေ ရှိတယ် လို့ ပြောဆိုနေကြပါတယ်။

Bayer Leverkusen’s French forward Moussa Diaby celebrates scoring during the UEFA Europa League Group C football match between Bayer 04 Leverkusen and SK Slavia Prague in Leverkusen, western Germany on December 10, 2020. (Photo by Ina Fassbender / AFP) (Photo by INA FASSBENDER/AFP via Getty Images)

ဂိုးတွေသွင်းယူ၊ ဂိုးတွေဖန်တီးနိုင်တဲ့ လူငယ်ခြေတက်တစ်ယောက် ယူနိုက်တက်ဆီ ရောက်လာနိုင်မှာလား၊ ရောက်လာခဲ့ရင်ရော အံဝင်ခွင်ကျ ဖြစ်နိုင်ပါ့မလား။ ယူနိုက်တက်ဟာ လူငယ်ကစားသမား အချို့ အတွက်တော့ အောင်မြေပါပဲ။

zawgyi

ေလဗာကူဆင္ၾကယ္ပြင့္ ေမာ့ဆက္ဒီယာဘီကို အၿပိဳင္လုိက္ေနတဲ့ ယူႏိုက္တက္နဲ႔ အာဆင္နယ္

နည္းျပဆိုးလ္ရွားဟာ အသင္းကို လူငယ္ၾကယ္ပြင့္​ေတြနဲ႔ပဲ တည္​ေဆာက္ ​​ေမာင္းႏွင္ခ်င္တာပါ။ ဒါ​ေၾကာင့္လည္း ယူႏိုက္တက္ကတာ၀န္ရွိသူ​ေတြဟာ အေျပာင္းအ​ေ႐ႊ႕ေဈးကြက္ထဲမွာ လူငယ္ကစားသမားၾကယ္ပြင့္ေတြကို လိုက္ရွာေနပါတယ္။

ယူႏိုက္တက္ ကမ္းလွမ္းေနတဲ့ လူငယ္ကစားသမားေတြအားလုံးဟာ အသက္ ၂၀​ေက်ာ္ ဝန္းက်င္ေတြကအမ်ားဆုံးျဖစ္ပါတယ္။ ​လူငယ္ကစားသမား တစ္​ေယာက္ရဲ႕ အ​ေျပာင္း အ​ေ႐ႊ႕ကိစၥ​ေျပာရရင္ ယူနိက္တက္ဟာ ေလဗာကူဆင္ လူငယ္ေတာင္ပံၾကယ္ပြင့္ကို အာဆင္နယ္ကင္းေထာက္ေတြနဲ႔ အၿပိဳင္လိုက္ေစာင့္ၾကည့္ေနတယ္လို႔ သတင္းထြက္ထားပါတယ္။

ယူနိက္တက္ဟာေလဗာကူဆင္ ကစားသမား ေမာ့ဆက္ဒီယာဘီ အတြက္ ယူ႐ို ၃၈ သန္း ၀န္းက်င္ အသုံးျပဳသြားမယ္လို႔ သတင္းထြက္ထားတာပါ။

အဲဒီကစားသမားဟာ အသက္ ၂၁ ႏွစ္ အ႐ြယ္သာရွိေသးကာ ဘယ္ေတာင္ပံမွာ အဓိကကစားၿပီး လိုအပ္ပါက ညာေတာင္ပံသို႔ထြက္ခါ ကစားႏိုင္တဲ့ကစားသမားတစ္ဦးျဖစ္ပါတယ္။

ယူႏိုက္တက္၊ အာဆင္နယ္ တို႔သာမက ေဒါ့မြန္ အသင္းကလည္း ေလဗာကူဆင္ အသင္း ရဲ႕ ​ေတာင္ပံၾကယ္ပြင့္ကို အၿပိဳင္ ေစာင့္ၾကည့္ ေနတယ္ လို႔ သိရ ပါတယ္ ။

အခ်ိဳ႕ ခန္႔မွန္း သူ​ေတြက​ေတာ့ ျပင္သစ္ သားေလး ရဲ႕ ေအးဂ်င့္ နဲ႔ ဆက္ဆံေရးေကာင္း ရွိခဲ့ ဖူးတဲ့ အာဆင္နယ္ က အသာရ ႏိုင္ေခ် ရွိတယ္ လို႔ ​ေျပာဆို​ေနၾကပါတယ္။

ဂိုး​ေတြသြင္းယူ၊ ဂိုး​ေတြဖန္တီးႏိုင္တဲ့ လူငယ္​ေျခတက္တစ္​ေယာက္ ယူႏိုက္တက္ဆီ ​ေရာက္လာႏိုင္မွာလား၊ ​ေရာက္လာခဲ့ရင္​ေရာ အံ၀င္ခြင္က် ျဖစ္ႏိုင္ပါ့မလား။ ယူႏိုက္တက္ဟာ လူငယ္ကစားသမား အခ်ိဳ႕ အတြက္​ေတာ့ ​ေအာင္​​ေျမပါပဲ။