ယူနိုက်တက်(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို (၂)နှစ်ဆက်ဆွတ်ခူးခဲ့တဲ့ ဖာနန်ဒက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သူ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီ ယူနိုက်တက်အသင်း (၁)နှစ်တာအကောင်းဆုံးကစားသမားဆု ( Sir Matt Busby Player of the Year )ကို ဆွတ်ခူးခဲ့ပြီး (၂)နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀၊ ဇန်နဝါရီလကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမားဘဝမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနေပြီး ဒီရာသီမှာ အသင်းအတွက်(၂၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်ပြုလုပ်ခဲ့သလို ချယ်လ်ဆီးဂန္ထဝင်ကစားသမား လမ်းပတ်ရဲ့ တစ်ရာသီအတွင်း အသင်းအတွက်သွင်းဂိုးအများဆုံးကွင်းလယ်လူစံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒီဆုကို နိုင်ငံပေါင်း(၂၀၀)ကျော်မှာရှိတဲ့ ယူနိုက်တက်ပရိသတ်တွေက အွန်လိုင်းကနေတစ်ဆင့်မဲပေးခဲ့ကြပြီး ဘရူနိုဖာနန်ဒက်စ်ဟာ မဲအရေအတွက်(၆၃%)အထိရရှိခဲ့တဲ့အတွက် လုခ်ရှော(၂၁%)၊ ကာဗာနီ(၆%)တို့ကို ပြတ်ပြတ်သားသားကျော်ဖြတ်နိုင်ခဲ့တာကြောင့် အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီဆုကို (၂)နှစ်ဆွတ်ခူးခဲ့တဲ့အတွက် ယူနိုက်တက်အသင်းနာမည်ကျော်ကစားသမားဟောင်း စီရော်နယ်လ်ဒိုနောက်ပိုင်း (၁)နှစ်တာအကောင်းဆုံး(၂)ကြိမ်ဆက်ရရှိခဲ့တဲ့ ပထမဆုံးပေါ်တူဂီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်ကစားသမားဘ၀ (၆)နှစ်တာကာလအတွင်း Sir Matt Busby Player of the Year ဆုကို (၃)ကြိမ်အထိရရှိခဲ့ပြီး ၂၀၀၄၊ ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွေမှာ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးရရှိခဲ့တာက ဂိုးသမားဒီဂီယာဖြစ်ပြီး သူဟာ အကြိမ်ဆက်တိုက်အများဆုံးရရှိခဲ့သူအဖြစ်လည်း ရပ်တည်နေပါတယ်။

ဒီဂီယာဟာ Sir Matt Busby Player of the Year ဆုကို ၂၀၁၃-၁၄၊ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ရာသီတွေမှာ (၃)ရာသီဆက်တိုက်ရရှိခဲ့ပြီး ၂၀၁၇-၁၈ ရာသီမှာလည်း ထပ်မံဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီရာသီ ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးသွင်းဂိုးဆုကိုလည်း ဘရူနိုဖာနန်ဒက်စ်ပဲရရှိခဲ့ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အဲဗာတန်နဲ့ အိမ်ကွင်းမှာ (၃)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ သူသွင်းယူခဲ့တဲ့ဂိုးဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ နောက်ခံလူ လုခ်ရှောကတော့ Sir Matt Busby Player of the Year ဆုနဲ့လွဲချော်ခဲ့ပေမယ့် အသင်းဖော်တွေက ရွေးချယ်တဲ့ Players’ Player Of The Year ဆုကို ဆွတ်ခူးခဲ့ပြီး လုခ်ရှောဟာ ၂၀၁၈-၁၉ ရာသီကလည်း ဒီဆုကိုရရှိခဲ့တာကြောင့် (၂)ကြိမ်မြောက်ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါပြီ။

၂၀၁၈-၁၉ ရာသီက Sir Matt Busby Player of the Year ဆုနဲ့ Players’ Player Of The Year ဆု နှစ်ဆုစလုံးကို လုခ်ရှော ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း အခုအချိန်အထိ ဒီဆုနှစ်ခုကို တစ်ပြိုင်နက်ရယူခဲ့သူတော့ မရှိသေးပါဘူး။

zawgyi

ယူႏိုက္တက္(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို (၂)ႏွစ္ဆက္ဆြတ္ခူးခဲ့တဲ့ ဘ႐ူႏို

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဓိကကြင္းလယ္လူတစ္ဦးျဖစ္သူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီ ယူႏိုက္တက္အသင္း (၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆု ( Sir Matt Busby Player of the Year )ကို ဆြတ္ခူးခဲ့ၿပီး (၂)ႏွစ္ဆက္တိုက္ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၂၀၊ ဇန္နဝါရီလကမွ စပို႔တင္းလစၥဘြန္းအသင္းကေန ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကစားသမားဘဝမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ေတြျပသေနၿပီး ဒီရာသီမွာ အသင္းအတြက္(၂၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၇)ႀကိမ္ျပဳလုပ္ခဲ့သလို ခ်ယ္လ္ဆီးဂႏၴဝင္ကစားသမား လမ္းပတ္ရဲ႕ တစ္ရာသီအတြင္း အသင္းအတြက္သြင္းဂိုးအမ်ားဆုံးကြင္းလယ္လူစံခ်ိန္ကိုလည္း ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

ဒီဆုကို ႏိုင္ငံေပါင္း(၂၀၀)ေက်ာ္မွာရွိတဲ့ ယူႏိုက္တက္ပရိသတ္ေတြက အြန္လိုင္းကေနတစ္ဆင့္မဲေပးခဲ့ၾကၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ဟာ မဲအေရအတြက္(၆၃%)အထိရရွိခဲ့တဲ့အတြက္ လုခ္ေရွာ(၂၁%)၊ ကာဗာနီ(၆%)တို႔ကို ျပတ္ျပတ္သားသားေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ အေကာင္းဆုံးကစားသမားအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရတာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီဆုကို (၂)ႏွစ္ဆြတ္ခူးခဲ့တဲ့အတြက္ ယူႏိုက္တက္အသင္းနာမည္ေက်ာ္ကစားသမားေဟာင္း စီေရာ္နယ္လ္ဒိုေနာက္ပိုင္း (၁)ႏွစ္တာအေကာင္းဆုံး(၂)ႀကိမ္ဆက္ရရွိခဲ့တဲ့ ပထမဆုံးေပၚတူဂီကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္ကစားသမားဘ၀ (၆)ႏွစ္တာကာလအတြင္း Sir Matt Busby Player of the Year ဆုကို (၃)ႀကိမ္အထိရရွိခဲ့ၿပီး ၂၀၀၄၊ ၂၀၀၇၊ ၂၀၀၈ ခုႏွစ္ေတြမွာ ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို အႀကိမ္အမ်ားဆုံးရရွိခဲ့တာက ဂိုးသမားဒီဂီယာျဖစ္ၿပီး သူဟာ အႀကိမ္ဆက္တိုက္အမ်ားဆုံးရရွိခဲ့သူအျဖစ္လည္း ရပ္တည္ေနပါတယ္။

ဒီဂီယာဟာ Sir Matt Busby Player of the Year ဆုကို ၂၀၁၃-၁၄၊ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ရာသီေတြမွာ (၃)ရာသီဆက္တိုက္ရရွိခဲ့ၿပီး ၂၀၁၇-၁၈ ရာသီမွာလည္း ထပ္မံဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီရာသီ ယူႏိုက္တက္အသင္းရဲ႕ အေကာင္းဆုံးသြင္းဂိုးဆုကိုလည္း ဘ႐ူႏိုဖာနန္ဒက္စ္ပဲရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းက အဲဗာတန္နဲ႔ အိမ္ကြင္းမွာ (၃)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ သူသြင္းယူခဲ့တဲ့ဂိုးဟာ ဒီရာသီ ယူႏိုက္တက္အသင္းရဲ႕အေကာင္းဆုံးသြင္းဂိုးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းျပကစားေနတဲ့ ေနာက္ခံလူ လုခ္ေရွာကေတာ့ Sir Matt Busby Player of the Year ဆုနဲ႔လြဲေခ်ာ္ခဲ့ေပမယ့္ အသင္းေဖာ္ေတြက ေ႐ြးခ်ယ္တဲ့ Players’ Player Of The Year ဆုကို ဆြတ္ခူးခဲ့ၿပီး လုခ္ေရွာဟာ ၂၀၁၈-၁၉ ရာသီကလည္း ဒီဆုကိုရရွိခဲ့တာေၾကာင့္ (၂)ႀကိမ္ေျမာက္ပိုင္ဆိုင္ခြင့္ရရွိခဲ့ပါၿပီ။

၂၀၁၈-၁၉ ရာသီက Sir Matt Busby Player of the Year ဆုနဲ႔ Players’ Player Of The Year ဆု ႏွစ္ဆုစလုံးကို လုခ္ေရွာ ဆြတ္ခူးခဲ့ၿပီးေနာက္ပိုင္း အခုအခ်ိန္အထိ ဒီဆုႏွစ္ခုကို တစ္ၿပိဳင္နက္ရယူခဲ့သူေတာ့ မရွိေသးပါဘူး။