ဒီဘရိုင်းကို  ဖာနန်ဒက်စ် မမီသေးဘူးလို့ ယူနိုက်တက်ဂန္ထဝင် ပြောကြား

ယူနိုက်တက်ဂန္ထဝင်ကစားသမား လီရှပ်က ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာဖို့ သက်သေပြစရာတွေအများကြီးကျန်နေသေးတယ်လို့ သုံးသပ်ပါတယ်။
ပေါ်တူဂီကြယ်ပွင့် ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီလက စပို့တင်းကနေ ရောက်လာပြီးချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး ယခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ဂိုးအထိ သွင်းယူထားပါတယ်။

ဒါပေမဲ့ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၃ကြိမ်ရရှိခဲ့တဲ့ လီရှပ်ကတော့ မကြာခဏဘောလုံးဆုံးရှုံးနေခြင်းအတွက် ဖာနန်ဒက်စ်ကို ဝေဖန်ခဲ့သလို ဒီဘရိုင်းကို မီဖို့ ကြိုးစားရဦးမယ်လို့လည်း ပြောပါတယ်။

”ထိပ်တန်းကစားသမားတစ်ဦးကို ဖာနန်ဒက်စ်ကို သတ်မှတ်ဖို့ လိုပါသေးတယ်။

သူဟာ တစ်ခါတလေ မှော်အစွမ်းတွေ ထုတ်ပြနိုင်ပါတယ်။

ပြီးတော့ အံ့ဖွယ်ကောင်းတဲ့ပေးပို့မှုတွေ၊ အရေးပါတဲ့သွင်းဂိုးတွေလည်း သွင်းနိုင်ပါတယ်”

”ဒါပေမဲ့ အဲဒါတွေပြီးရင်တော့ သူဟာ ကွင်းထဲမှာ ၁၀ မိနစ်၊ ၁၅မိနစ်လောက်အထိ ပေါပေါပဲပဲ ဘောလုံးတွေဆုံးရှုံးခံနေရပါတယ်။

ဒီတော့ သူ့ကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သူ့ကို သတ်မှတ်လို့မရသေးဘူးလို့ထင်ပါတယ်”

”ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ၃ဦးစာရင်းမှာ စီးတီးကွင်းလယ်လူ ဒီဘရိုင်း ပါတယ်လို့ထင်ပေမယ့် ဖာနန်ဒက်စ်တော့ မပါသေးဘူးလို့ ထင်ပါတယ်”


”ဖာနန်ဒက်စ်ဟာ ပင်နယ်တီသွင်းဂိုးအများအပြားအပါအဝင် ဂိုးတွေအများကြီးသွင်းယူနိုင်တာမှန်ပေမယ့် သူကစားတဲ့ပွဲတွေကိုကြည့်လိုက်ရင် အသင်းဘက်က သူ့ကို လိုအပ်ချိန်မှာ သူ့ဆီကနေ ဘောလုံးမဆုံးရှုှုံးသင့်ဘဲ ဆုံးရှုံးနေရပါတယ်”လို့ လီရှပ်က ပြောပါတယ်။


ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဆုဖလားရဖို့ အခွင့်အရေးပိုင်ဆိုင်ထားပြီး ယူနိုက်တက်က ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဗီလာရီးရဲလ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်က နည်းပြဟောင်း မော်ရင်ညိုရဲ့လက်ထက်မှာ ယူရိုပါလိဂ်ဖလားရပြီးချိန်ကတည်းက ၄နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေပါတယ်။

zawgyi

ဒီဘ႐ိုင္းကို  ဖာနန္ဒက္စ္ မမီေသးဘူးလို႔ ယူႏိုက္တက္ဂႏၴဝင္ ေျပာၾကား

ယူႏိုက္တက္ဂႏၴဝင္ကစားသမား လီရွပ္က ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္လာဖို႔ သက္ေသျပစရာေတြအမ်ားႀကီးက်န္ေနေသးတယ္လို႔ သုံးသပ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ ဖာနန္ဒက္စ္ဟာ ၂၀၂၀ ဇန္နဝါရီလက စပို႔တင္းကေန ေရာက္လာၿပီးခ်ိန္ကတည္းက အထူးေျခစြမ္းျပေနၿပီး ယခုရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၈ဂိုးအထိ သြင္းယူထားပါတယ္။
ဒါေပမဲ့ ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလား ၃ႀကိမ္ရရွိခဲ့တဲ့ လီရွပ္ကေတာ့ မၾကာခဏေဘာလုံးဆုံးရႈံးေနျခင္းအတြက္ ဖာနန္ဒက္စ္ကို ေဝဖန္ခဲ့သလို ဒီဘ႐ိုင္းကို မီဖို႔ ႀကိဳးစားရဦးမယ္လို႔လည္း ေျပာပါတယ္။
”ထိပ္တန္းကစားသမားတစ္ဦးကို ဖာနန္ဒက္စ္ကို သတ္မွတ္ဖို႔ လိုပါေသးတယ္။

သူဟာ တစ္ခါတေလ ေမွာ္အစြမ္းေတြ ထုတ္ျပႏိုင္ပါတယ္။

ၿပီးေတာ့ အံ့ဖြယ္ေကာင္းတဲ့ေပးပို႔မႈေတြ၊ အေရးပါတဲ့သြင္းဂိုးေတြလည္း သြင္းႏိုင္ပါတယ္”

”ဒါေပမဲ့ အဲဒါေတြၿပီးရင္ေတာ့ သူဟာ ကြင္းထဲမွာ ၁၀ မိနစ္၊ ၁၅မိနစ္ေလာက္အထိ ေပါေပါပဲပဲ ေဘာလုံးေတြဆုံးရႈံးခံေနရပါတယ္။

ဒီေတာ့ သူ႔ကို ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ သူ႔ကို သတ္မွတ္လို႔မရေသးဘူးလို႔ထင္ပါတယ္”
”ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံး ၃ဦးစာရင္းမွာ စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္း ပါတယ္လို႔ထင္ေပမယ့္ ဖာနန္ဒက္စ္ေတာ့ မပါေသးဘူးလို႔ ထင္ပါတယ္”
”ဖာနန္ဒက္စ္ဟာ ပင္နယ္တီသြင္းဂိုးအမ်ားအျပားအပါအဝင္ ဂိုးေတြအမ်ားႀကီးသြင္းယူႏိုင္တာမွန္ေပမယ့္ သူကစားတဲ့ပြဲေတြကိုၾကည့္လိုက္ရင္ အသင္းဘက္က သူ႔ကို လိုအပ္ခ်ိန္မွာ သူ႔ဆီကေန ေဘာလုံးမဆုံးရႈံႈးသင့္ဘဲ ဆုံးရႈံးေနရပါတယ္”လို႔ လီရွပ္က ေျပာပါတယ္။
ဖာနန္ဒက္စ္အေနနဲ႔ ယူႏိုက္တက္ကစားသမားဘ၀ ပထမဆုံးဆုဖလားရဖို႔ အခြင့္အေရးပိုင္ဆိုင္ထားၿပီး ယူႏိုက္တက္က ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအျဖစ္ ဗီလာရီးရဲလ္နဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ၂၀၁၇ ခုႏွစ္က နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕လက္ထက္မွာ ယူ႐ိုပါလိဂ္ဖလားရၿပီးခ်ိန္ကတည္းက ၄ႏွစ္ၾကာ ဖလားလက္မဲ့ျဖစ္ေနပါတယ္။